ပုဇွန်တောင်မှာ ဒေါက်တာ တင်ထွန်းဦး ရှုံး

Tuesday, November 9, 2010

ကြံ့ဖွံ့ပါတီဝင် တဖြစ်လဲ ဒေါက်တာ တင်ထွန်းဦး (ယာစွန်)

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ကနေ ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်အတွက်ဝင်တဲ့ ဒေါက်တာ တင်ထွန်းဦးဟာ NDF က ပြိုင်ဘက် ဦးအောင်ဇင်ကို ရှုံးသွားပါတယ်။ ဒေါက်တာ တင်ထွန်းဦးက သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင်၊ လောလောဆယ် မြန်မာတိုင်းမ်ဂျာနယ်ရဲ့ ဟန်ပြထုတ်ဝေသူ တယောက်ပါ။

သူကတော့ သူ့ဟာသူ နိုင်မယ်ထင်ထားပုံရပါတယ်။ ဒါပေမယ့် မဲတွေလည်း ရေတွက်ရော ကြိုတင်မဲတောင် မကယ်နိုင်တော့ဘဲ NDF ကို ရှုံးတာလို့ သိရပါတယ်။

အငြင်းပွားဖွယ်ရာ မဲရေတွက်မှုများအပြီးမှာ ဦအောင်ဇင် အနိုင်ရတာကို အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

သူ့ကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက အကြံအဖန် ကြည့်လိုက်ခိုင်းပေမယ့် အချိန်မရတော့ဘဲ ရှုံးသွားတာပါတဲ့။

မျှော်လင့်ချက် တအားထားခဲ့တာကြောင့် ဒေါက်တာ တင်ထွန်းဦးဟာ တော်တော်ထိသွားတယ်လို့ သိရပါတယ်။

သူဟာ သူထုတ်တဲ့ စာစောင်တွေမှာ အယ်ဒီတာချုပ် ရာထူးယူထားတာမို့ စာနယ်ဇင်းသမားနဲ့ နိုင်ငံရေး ရောထွေးပြီး ရပ်တည်ချက် မပြတ်သားမှုကို လူထုစိန်ဝင်း၊ မောင်ဝံသတို့က ဝေဖန်ခဲ့ကြဖူးပါတယ်။

သူဟာ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနဲ့ အလွန်နီးစပ်သူ တဦးဖြစ်ပါတယ်။

နောက်ပြီး စမ်းချောင်မြို့နယ်မှာ ဝင်တဲ့ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ပိုင်စိုးဟာလည်း ရှုံးတယ်လို့ သိရပါတယ်။

9 comments :

  1. Anonymous said... :

    The less USDP the better for our country.

  1. Anonymous said... :

    ရှူံးတဲ့အပြင်.မဲစာရွက်ပေါ်ဆဲထားကြတာတွေလည်းပြောပြပါ..ကြားရတာတော့ဆဲနည်းမျိုးဆုံတွေရဆိုဘဲ...

  1. Anonymous said... :

    this fella does not have own principle . aging does not mean anything to him but nearness to death.

  1. Anonymous said... :

    တော်တော်လဲရီရတဲ့ရွေးကောက်ပွဲ...လုပ်တဲ့ပုံစံကော ၀င်ပြိုင်တဲ့လူတွေကော...ဘယ်လိုလုပ်ပြီး ကျန်းမာရေးဝန်ကြီးဒေါက်တာကျော်မြင့်တို့ ဒေါက်တာပိုင်စိုးတို့ကနိုင်ငံရေးဘက်ခြေဦးလှည့်ရပြန်တာတုံး...ရှုံးတာပဲကောင်းတယ်...နိုင်ငံရေးအကြောင်းဘာသိလို့ဝင်ပြိုင်ရတာလဲ...လက်ကိုင်တုတ်တွေ...ခိုင်းသမျှလုပ်တဲ့လူတွေ...ပြောတော့ပညာတတ်တွေ..ဒေါက်တာတွေတဲ့...စည်းစိမ်ထိမှာ ရာထူးပြုတ်မှာကြောက်ပြီးအရူးထတဲ့အလုပ်တွေလုပ်နေကြတယ်.

  1. Anonymous said... :

    မသိရင်လဲ နည်းနည်းပါးပါး စုံစမ်းလိုက်ဦးဗျ။ ဒေါက်တာပိုင်စိုးက ဘယ်သူနဲ့ အမျိုးဆိုတာ။

  1. Anonymous said... :

    That's the end of the worst shirker, who cheated simple and honest Myanmar people in 2002, by the name of "MAHADHANAN" Enterprise!

  1. Tin said... :

    DR.... What Dr? Those who could not differentiate right and wrong is not intellectual.

  1. Anonymous said... :

    All ministers are mad men, we always watch them on TV as clowns or jester. Ha ha ah............

  1. မောင်အေး said... :

    အဲ့ဒီပုံထဲက တင်ထွန်းဦးနဲ့ပါလာတဲ့ အစွန်က ကောင်က ဘယ်သူလဲ၊ကရိလမ်း(ဗိုလ်မြတ်ထွန်းလမ်း)မှာအရင်နေတဲ့ကောင်လား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved