ပြောစရာတွေတော့ ဖြစ်ကုန်ပြီ
Monday, November 15, 2010
ပြည်တွင်းက သတင်းထောက် တဦး ပေးပို့တဲ့ စာကို ဧရာဝတီ ဘလော့ဂ် ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။
ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး။ အဲဒါ သတင်းထောက်တွေ ပွစိပွစိ ဖြစ်ကုန်ရော။ သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။
သတင်းထောက်ကို ပါးစပ်နဲ့ ကောင်းကောင်းပြောလို့ ရပါတယ်။ ဆဲစရာ မလိုဘူး။ ပြီးတော့ မောင်းထုတ်တာ တော်တော် ကြမ်းတယ်။ အေပီတို့၊ အေအက်ဖ်ပီတို့ကလည်း တော်တော် မကျေမနပ် ဖြစ်သွားကြတယ်။ အားလုံးက စိတ်ပျက်သွားကြတယ်။ ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ပြည်တွင်း သတင်းထောက် တယောက်က ဆိုရင် ကျနော်တို့က အန်တီ့ဆီကို လာပြီး သတင်းယူတာ စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့် သတင်းသမားတာဝန် ကျေချင်တဲ့အတွက် လာယူတယ်လို့ ပြောတယ်။ ဒါကို မရိုက်ရဘူး ဆိုတော့ ပြည်တွင်း သတင်းထောက်တချို့ စိတ်တိုပြီး ပြန်ကုန်ကြတယ်။
သတင်းထောက်ဆိုတာ အန်တီ့ကို တွေ့ရင် ဓာတ်ပုံရိုက်မှာပဲလို့ပြောတော့ ခင်ဗျားတို့က လွန်လွန်းတယ် အန်တီ့ လုံခြုံရေးကို ကျနော်တို့က တာဝန် ယူထားရတာ ခင်ဗျားတို့ သတင်းထောက်တွေက သတင်းရဖို့ပဲ သိတယ်။ အဲဒီလိုတွေ ပြောတယ်။
အန်အယ်လ်ဒီ ရုံးမှာ သတင်းထောက်တွေ သတင်းဓာတ်ပုံတွေ ရိုက်ကြ သတင်းတွေရေးကြလို့ပဲ အားလုံးမြင်ကြရတာ။ မီဒီယာက လူပေါင်း သန်း ၆၀ ကျော် အတွက် ဆိုတာကို နားမလည်ဘူး။ အန်တီ့နားမှာ နေရတယ်ဆိုပြီး မာန်တွေတက်ကုန်တာ။ အံ့သြစရာပဲ
ကျနော်တော့ ဒီနေ့ တရား တော်တော်ရသွားတယ်။ လုံခြုံရေးသဘောကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သတင်းထောက်တွေက သူတို့နဲ့ မျက်နှာ ကျက်မိနေတဲ့ သူတွေပါပဲ။ အဲဒါကို ခွေးမောင်းသလို မောင်းထုတ်တာတော့ ကျနော်တို့လည်း မခံနိုင်ဘူး။ ကျနော်တို့ ဆိုတာ သူတို့က သတင်းပြောချင်လို့ပါ ဆိုရင် အချိန်မရွေး၊ နေရာမရွေး ထလုပ်ပေးခဲ့တဲ့ အမာခံလူတွေပါ။ အဲလို သတင်းသမားတွေပါ။
ဒါကို ဇွတ်ပြော၊ ဇွတ်ဟောက်လုပ်တာ။ သတင်းသမားတွေရဲ့ မျက်နှာတွေကို သူတို့ အားလုံးကျက်မိတယ်။ ထောက်လှမ်းရေးတွေရဲ့ မျက်နှာတွေကိုလည်း သူတို့ ကျက်မိတာပဲ ကျနော်က မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ အဲဒီရုံးမှာရှိပြီး အားလုံးကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ သူပါ။ ဒီနေ့ ရုံးကိုလာတာ မီဒီယာသမားတွေချည်း ပါပဲ
အန်တီ့လူတွေ လုပ်ပုံနဲ့ အန်တီ့ကိုတော့ ထိခိုက်တော့မှာပဲ။
အန်တီ့ လုံခြုံရေးကို သူတို့ စိုးရိမ်သလို ကျနော် တို့လည်း စိုးရိမ်ကြတာပဲ သူတို့ ချစ်ခင်သလို ကျနော်တို့လည်း ချစ်ခင်ကြတာပါပဲ ဒီမိုကရေစီလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေ ပါးစပ်က တကယ့် ဒီမိုကရေစီကို မတွေ့ရသလိုပဲ ခံစားလိုက်ရတယ် သူတို့ တကယ်ကော ဒီမိုကရေစီကို နားလည်ရဲ့လားလို့လည်း သံသယ၀င်မိပါတယ်
ဒီစာတွေကိုတော့ အန်တီဖတ်မိ စေချင်ပါသေးတယ် ကျနော်လည်း စိတ်ထဲရှိတာတွေ အကုန်ပြောလိုက်ရလို့လား မသိဘူး နည်းနည်းတော့ ပေါ့သွားတယ်။
95 comments :
  1. မောင်သန့် ။ said... :
    အတော် စိတ်ဆင်းရဲစရာ ဘဲ။ (မှန်ရင်ပေါ့လေ)။
    ဒါကို အသံလွှင့် သတင်းဌာန တွေ က ဖွင့်ချပါ။
    ရန်သူ့ ဘလော့ဂါတွေ အတွက် အကွက်ကြီးဖြစ်သွားလိမ့်မယ်။
    ဒီချုပ် တာဝန်ရှိသူတွေ က အမြန်ဆုံး ဖြေရှင်းချက်ထုတ်စေချင်တယ်။
    ဘဘ ဦးဝင်းတင် ဟာ (by professional or by trade) သတင်းသမားဘဲ။
    ဘဘ ဦးစီးပီး အမြန်ဆုံး ဖြေရှင်းစေချင်ပါတယ်။
  1. Anonymous said... :
    အစိုးရိမ်လွန်းလွန်းဖြစ်ပါလိမ့်မယ်။အန်တီအနားမှာနေပြီးမရိုင်းသင့်ဘူး။
    အန်တီဂုဏ်သိက္ခာထိခိုက်နိုင်တယ်။
  1. ktmg said... :
    I don't think that the full scenario was depicted here in this report.
    There is no rights for the guard NLD members to use harsh and rude words to the journalists.
    However, to fully understand what had happened, the following questions must first have to be answered by both parties.
    1. Are the journalists following or hunting DASSK all the times?
    2. Aren't there a time allocated for the press by DASSK or NLD out of their busy schedule?
    3. If yes, why the journalists always try to follow her every time? Then, the guards have all the rights to prevent the journalist but have no rights to talk rude to them.
    4. If no, why don't the journalists take time to ask DASSK or NLD to allocate some sufficient time for the press since the media hold an important role to shine them in the true light?
    5. Journalists must also understand that all that happened during these two or three days are a tiresome situation for all so that the guards themselves may be so tired and exhausted of everything going around them making them short-tempered.
  1. Anonymous said... :
    Always like that bro, Just take it easy..
  1. Anonymous said... :
    ကဲ..ကြည့်သာလုပ်ကြတော့..ဘာတွေကိုကြည့်ရမှာလဲမေးရင်တော့..မေတ္တာ..ကရုဏာ..မုဒိတာ..ဥပေက္ခာပေါ့ဗျာ..အဲဒီလောကပါလတရားလေးပါးနှင့်အတူ...ကိုယ်ချင်းစာခြင်း..နားလည်ခွင့်လွှတ်ပေးခြင်း..တို့နဲ့သာကြည့်လုပ်ကြပါတော့လို့ဆရာဝင်လုပ်လိုက်ပါရစေ.။
    သြ၀ါဒပေးရတာလွယ်တယ်ဗျ...တကယ်တမ်း.ကိုယ်ကိုယ်တိုင်က..အဲလိုမောင်းထုတ်ခံရရင်..သည်းခံဖို့လွယ်မှာမဟုတ်ဘူး.သိတယ်..ဒါပေမယ့်..ကျွန်တော်သည်းခံဖို့ကြိုးစားပေးမယ်ဗျာ..တကယ်ပါ..။ကျွန်တော်တို့အားလုံးတစ်လှေတည်းစီးတွေလေနော်..။သူတို့စိတ်တွေတိုကုန်တာကလည်း...ဒေါ်စုရဲ့လုံခြုံရေးအရဆိုတော့...ကောင်းသောစေတနာကိုအခြေခံထားတာလေ..။ပြီးတော့တာဝန်ယူထားရတယ်ဆိုတော့တာဝန်ကျေချင်တဲ့စိတ်..စိုးရိမ်တဲ့စိတ်တွေနှင့်ပင်ပန်းတာတွေနဲ့..အားလုံးရောပြီး..အင်း
    ပြောစရာတွေဖြစ်ကုန်တာပေါ့..ဒါ..ဖြစ်လေ့ဖြစ်ထသဘောရှိပါတယ်...။သတင်းထောက်တွေဘက်ကလည်း..ဒေါ်စုကိုသူတို့လည်းချစ်တာပါဆိုတာလည်းမှန်တာပေါ့...။လုံခြုံရေးတွေမှစိုးရိမ်တာပါဆိုတာတော့..အမြင်ကတ်စရာ....။ခြုံပြောရရင်တော့..
    ကျွန်တော်တို့တိုင်းပြည်ကြီး..ဖွံ့ဖြိုးတိုးတက်ဖို့အလိုအပ်ဆုံးက...
    သယံဇာတ..တွေနှင့်..တိုင်းပြည်ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာထက်..ကျွန်တော်ပြောရဲတယ်ဗျ...မြန်မာပြည်သားတွေကိုယ်တိုင်ရဲ့...ပညာပြည့်ဝ နှလုံးလှမှု..။ကျွန်တော်တို့ခွင့်လွှတ်လိုက်ရအောင်ပါဗျာ..
  1. ကျော်စွာ said... :
    မြန်မာနိုင်ငံရေးသမားတချို.မှာ မီဒီယာတွေက သတင်းရေးပြီး ပိုက်ဆံရတယ်။ ငါတို.က အနစ်နာခံပြီး နိုင်ငံရေး လုပ်တဲ့သူတွေဆိုတဲ့ အမြင်တွေ ရှိတတ်ကြတယ်။ အထူးသဖြင့် NLD ပဲ။ ဒါပေမယ့် ဒီလိုအချိန်မှာ ဒီလိုအဖြစ်မျိုးကတော့ မည်သည့်နိုင်ငံမဆို ကြုံတတ်ပါတယ်။ ရေရှည်ကို စောင့်ကြည့်ကြတာပေါ့။ ဒေါ်စုကလဲ သူ.ပါတီ သန်.ရှင်းရေးကို ဦးစားပေးလုပ်မယ်လို. ထင်တာပါပဲ။
  1. Anonymous said... :
    ခင်များတို့လိုချင်တာလေးဘဲမပြောနဲ့ဗျ ၊ ခင်များတို့သတင်းသမားတွေက လုံခြုံရေးအတွက် အာမခံနိုင်လား ၊ အဟောက်ခံရတာလေး တခုထဲနဲ့ ဒီလိုဖြစ် တယ်ဆိုရင် နိုင်ငံရေးကြောင့် အကျဉ်းကျတဲ့လူတွေက ဘယ်သူ့ကိုစိတ်တိုရမှာ တုန်း လူစဉ်မှီမှီ တွေးကြကွယ် ..။
  1. Anonymous said... :
    အင်းပြောစရာတော့ဖြစ်ကုန်ပြီ။ဒီမိုကရေစီမဆန်လိုက်တာ။
    ဒေါ်စုနားမှာနေတယ်ဆိုပြီးဘ၀င်မြောက်နေတာထင်တယ်။
    လုံခြုံရေးကလုံခြုံရေးပါ။မဆဲဆိုသင့်ဘူး။
    ဆင်ခြင်နိုင်မှတော်ရာကျမယ်။
  1. timothy said... :
    ဒါတကယ်မှန်နေရင်တော့ NLD ကလူကြီးတွေကတော့အမြန်ဆုံးဖြေရှင်းကိုင်တွယ်ရတယ်။ မတရားတာမှန်သရွေ့ဘာမှထိန်ချန်မထားဘဲခုရှုပ်မှနောင်ရှင်းဆိုသလိုခပ်ပြတ်ပြတ်လုပ်ရမယ်။ စုံစမ်းစစ်ဆေးရေးဝင်ရတယ်။
    ဒါမှမဟုတ်တာလုပ်ရင် NLDကလက်မခံဘူး။ ဒါကိုအကင်းကလေးဘဝထဲကရှင်းထားမှတန်ကာကျတယ်။
    ဒါတဖက်ထဲရဲ့စွဲချက်ကိုဘဲမကြည့်ဘဲ၊ စုံစမ်းစစ်ဆေးရေးဝင်ပြီးမှားတာရှိရင်လဲပြင်ရမှာပေါ့။ မတရားစွပ်စွဲတာဆိုရင်လဲပေါ်လာမှာဘဲ။
    ခုခေါတ်သတင်းသမားများဆိုတာကလဲ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့ နိုင်ငံခြားက Paparazzi လိုအကျင့်ပျက်မျိုးရွေးပြီးမကောင်းတာအတုခိုးကြတယ်။ ဒါတွေကလဲမဖြစ်သင့်ဘူး။
    စည်းကမ်းရှိဘို့လဲလိုတယ်။ စည်းကမ်းမရှိ၊စည်းကမ်းမရိုသေတဲ့ဘယ်လူမျိုးမှာ လွတ်လပ်ရေးဆိုတဲ့အခွင့်အရေးဘယ်တော့မှမရနိုင်ဘူး။ ရခဲ့ရင်လဲခေတ္တခဏဘဲခံမယ်။
    ကျုပ်တို့အင်းဂလိပ်လက်အောက်ကလွတ်မြောက်ပြီးဒီမိုကရေစီ၁၄နှစ်ဘဲခံခဲ့တယ်။အဓိက ကတော့ စည်းကမ်းပျက်အကျင့်ပျက်ချစားခဲ့လို့ဘဲ။ဒါကိုသင်ခန်းစာယူကြပါ။
  1. ကျော်ထင် said... :
    အဖြစ်အပျက်က ပေးပို့သူ ပြောပြသလောက်ပဲ သိရတာဖြစ်တဲ့အတွက် ဘယ်သူမှန်လဲမှားလဲ မဆုံးဖြတ်နိုင်ပေမယ့် ဆဲတယ်ဆိုတာတော့ မကောင်းတာအမှန်ပါ။ ဒါပေမယ့်လဲ တစ်ဖက်ကပြန်ကြည့်ရင် ပေးပို့သူပြောပြထားတဲ့ အထဲပါသလောက်ကနေ ခန့်မှန်းရသလောက်တော့ သတင်းထောက်တွေဖက်ကလဲ အန်တီ့အခန်းထဲ အတင်းဝင်တွေ့လိုစိတ်၊ ဓါတ်ပုံရိုက်လိုစိတ်တွေပဲ ပျင်းပြနေတာတော့ ပေါ်လွင်နေတယ်။
    တခုပြန်သတိထားစေချင်တာက အန်တီက မနေ့တနေ့ကမှ အပြင်ကိုခြေချရတဲ့အတွက် သူ့ပါတီနဲ့ အဖွဲ့ဝင်တွေလဲ ရုံးအဖွဲ့တွေ ဘာတွေ၊ အတွင်းရေးမှုး၊ ပြန်ကြားရေး စသည်တို့ ဘာမှ စနစ်တကျ ဖွဲ့စည်းရသေးတာမဟုတ်ပါ။ လိုအပ်သည်များ စနစ်တကျဖွဲ့စည်းပြီးလျှင် သတင်းထောက်များအတွက် အချိန်တခုခု သတ်သတ်မှတ်မှတ်ပေး၊ တက်ရောက်မည့်သူ၊ တွေ့မည့်သူများက appointment ယူ၊ လုံခြုံရေးဆိုင်ရာ လိုအပ်သည့် screening များဖြတ်သန်း လုပ်ဆောင်ပြီးသကာလ၊ အခန်းတွင်း နီးကပ်စွာ ၀င်တွေ့နို်င်ခွင့်တို့ ဘာတို့ ဖြစ်လာနိုင်ပါတယ်။
    ယခုလက်ရှိအခြေအနေမှာ သတင်းထောက်မက ဘယ်သူဖြစ်ဖြစ်၊ အခန်းထဲ အတင်းဝင်ဖို့ ကြိုးစားလျှင်၊ ပင်ပန်းလွန်းလို့ စိတ်ရှုပ်ထွေးနောက်ကျနေတဲ့ လူငယ်များက မချေမငံဆက်ဆံလာမှုများ ဖြစ်လာနိုင်တာ နားလည်နိုင်ပါတယ်။ အန်တီဟာ သတင်းထောက်များ ဓါတ်ပုံရိုက်ချင်သလို အတင်းရိုက်ခွင့်ရှိတဲ့ မင်းသမီး၊ မော်ဒယ်၊ ဆယ်လစ်ဘရီတီ မဟုတ်ပါ။ အသက်အန္တရယ်ကို အချိန်နဲ့အမျှ အလွန်စိုးရိမ်နေရတဲ့ လူထုခေါင်းဆောင်ဖြစ်ပါတယ်။ သတင်းထောက်များဖက်ကလဲ NLD ရဲ့ စနစ်တကျဖြစ်အောင် စီမံထားနိုင်မှု ချို့ယွင်းနေသေးတဲ့ အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အဆင်မပြေမှုများကို သဘောထားကြီးနားလည်ပေးကြပါ။ အန်တီ့လုံခြုံရေးအတွက်ပဲ ဦးစားပေးတဲ့ အနီးကပ်လုံခြုံရေးထဲက ဒီလိုဆဲတာဆိုတာတော့ အန်တီ့သိက္ခာထိခိုက်ရာကျတဲ့အတွက် ဦးဝင်းတင်လို လူကြီးတစ်ဦးဦးကနေ တစ်ဆင့် အသိပေးပါ။ ဒီလိုပူးပေါင်းဆောင်ရွက်ချင်းဖြင့် NLD မှ လိုအပ်သည်များကို ပိုမိုလျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်လာမှာဖြစ်ပါတယ်။ အားလုံး စနစ်တကျ ဖြစ်သွားသောအချိန်တွင် တစ်ပတ်လျင် ဘယ်နှစ်ကြိမ်ဆိုပြီး သတ်သတ်မှတ်မှတ် သတင်းထောက်များအတွက် အချိန်ပေးပြီး တွေ့ဆုံခြင်း၊ အင်တာဗျူးခံယူခြင်းတို့ အကောင်အထည်ပေါ်လာလျင် အခုလို ၀ရုန်းသုန်းကား အဖြစ်များကိုရှောင်လွှဲနိုင်ပါလိမ့်မယ်။ အာဏာဖြင့် လက်ထဲမရောက်သေးဘူး ဒီလိုဖြစ်စရာလား ဆိုတာတော့ သတင်းထောက်အနေနဲ့ ကျွဲမြီးတိုလို့ပြောဟန်တူပေမယ့် အခုကိစ္စက အာဏာရခြင်း မရခြင်းနှင့် လားလားမျှမသက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။
  1. koko said... :
    I don't believe... It is impossible......
  1. ပြောကိုပြောသင့်တယ်။ လုံခြုံရေး ဆိုပေမယ့် အန်တီစုနဲ့ ပတ်သက်ပြီး သတင်းယူတာပဲ့ ယဉ်ယဉ်ကျေးကျေး ပြောသင့်တာပေါ့ စိတ်မရှည်ဘူး လုံခြုံရေး ဘက်မှာ ကျွမ်းကျင်မှု မရှိဘူး ဆိုရင် ဒီတာဝန်ကို မယူနဲ့ပေါ့...။ရှင်းရှင်းပြောရမယ်ဆိုရင် နိုင်ငံရေး လောကမှာ ဒီလိုလူမျိုးတွေ ရှိနေလို့လည်း အောင်မြင်မှုနဲ့ ဝေးကွာနေရတာပဲ့။ ဒီလူတွေ စစ်အစိုးရရဲ့ ပုံစံသွင်းထားတဲ့ ဆဲတဲ့သူ လူယဉ်ကျေး၊ ဟောက်ပြောနိုင်ရင် ဂုဏ်ရှိတယ်ဆိုတဲ့ အယူဆကို လက်ခံကျင့် သုံးနေတာပဲ့။ အမေစုကို သနားပါတယ်၊ ဒီလိုလူတွေကို အမေစုနားက ဖယ်ရှားပေးကြပါ။
  1. Anonymous said... :
    အထက်က ktmg ရဲ့ သုံးသပ်မှု ကျနော် လုံးဝထောက်ခံ သဘောတူပါတယ်။ ဟုတ်ပါတယ်။ အဘက်ဘက်က စဉ်းစား နားလည်ဖို့ လိုပါတယ်။ မီဒီယာကြောင့် ကျွန်တော်တို့ သိရ ကြားရတဲ့အတွက် ကျေးဇူးတင်သလို အမေစုရဲ့ လုံခြုံရေး ကျန်းမာရေးစသည်အတွက်လဲ နားလည်သင့်ပါတယ်။
  1. Unknown said... :
    တိုင်းပြည်ကို စည်းကမ်းရှိဖို့ ယဉ်ကျေးဖို့ တဖွဖွသွန်သင်နေတဲ့ လူအနားမှာ
    နေနေတဲ့ သူတွေကိုယ်တိုင်က ဒီလို အောက်တန်းကျတဲ့ စကားမျိုးတွေ ပြောနေတာ ရင်လေးစရာပဲ .... ။ ဒေါ်စုဟာ ဘုရားမဟုတ်ပါဘူး။
    ဒေါ်စုကိုယ်တိုင်လည်း ဒီလို မာန်မတက်ပါဘူး။ လုံခြုံရေးအဆင့်လောက်က ဒီလောက်ပါဝါပြနေရင် NLD အာဏာရလို့ ဝန်ကြီးတွေများဖြစ်ကုန်ရင် ဒေါ်စုကို တောင် ပြန်မောင်းထုတ်မယ့် ကောင်တွေဆိုတာ သတိပေးလိုက်ပါတယ်ဗျာ ... ။
  1. နေမင်း said... :
    စပြီ နိုင်ငံရေးကဖြင့်စမလုပ်ရသေးဘူး၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလည်းမလုပ်နိုင်ကြဘူး။ လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးယုံနဲ့တော့ မမည်နိုင်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက်အပေါ်နားလည် မှုလေးတွေတော့ရှိသင့်ပါတယ်။ သတင်းသမားတွေကလည်း ဟိုကလုံခြုံရေးတွေကိုနားလည်ပေးသင့်ပါတယ်။ အခုအချိန်ကလည်း အန်တီစု လုံခြုံရေးကိုအထူးဂရုစိုက်ပေးရမယ့်အချိန်လည်းဖြစ်နေတဲ့အတွက် အန်တီစုလုံခြုံရေးအတွက် စိုးရိမ်လွန်ပြီးပြောမိတာလည်းဖြစ်နိုင်ပါတယ်။
    ဘာမဟုတ်တာလေးတွေကို ဘလော့ပေါ်တင်ပြီးဖွရင်တော့ မကောင်းဘူးလို့ထင်ပါတယ်။ ပါတီဝင်လူငယ်တစ်စုနဲ့ အများပြည်သူတွေအတွင်းစိတ်ဝမ်းကွဲလွဲမှုတွေဖြစ်လာနိုင်လို့ပါ။အန်တီစုက အမျိုးသားရင်ကြားစေ့ရေးကို အလေးပေး ဆောင်ရွက်နေတဲ့အချိန် ပါတီတွင်းက လူငယ်တွေနဲ့ မီဒီယာသမားတွေနဲ့ မသင့်မမြတ်ဖြစ်နေပြီ။အခုအချိန်ဟာတစ်ယောက်ရဲ့အပြစ်တွေကို ပြောနေမယ့်အစား နားလည်မှု၊သည်းခံမှုတွေနဲ့ စည်းလုံးညီညွတ်ခြင်းဆိုတဲ့ အရာကို ရယူသင့်တဲ့အချိန်ပါ။
    """သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။"" ဆိုတဲ့စကားကိုတော့ အန်တီစုမျက်နှာ အကျဉ်းကျခံထားရတဲ့ နိုင်ငံရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီး မပြောသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော့ရဲ့ comment မှာ မှားတာရှိရင်လည်းခွင့်လွတ်ပေးကြပါ။ အမြင်မတော်လို့ ဝင်ပြောမိတာပါ။
  1. Anonymous said... :
    တဖက်သတ်ပြောစကားနဲ့တော့ ဘာမှမယုံကြည်သင့်ပါဘူး။ သတင်းသမားတွေကလည်း သိပ်မကဲကြပါနဲ့။စည်းကမ်းရှိကြပါ။ ဝေလမင်းသမီး ဒိုင်ယာနာ ကားမှောက်ပြီးသေရတာ သတင်းသမားတွေ လိုက်နှောက်ယှက်လို့ လို့ ကြားဘူးတယ်။
  1. Kinji So said... :
    Sorry hear that. It could damage Daw Aung San Suu Kyi's image. There should be standing instruction for those guards.
  1. Anonymous said... :
    try to understand the situation and forgive about it. hope you calm down now.
  1. Anonymous said... :
    လုံခြုံရေးအရ ဒေါ်စု ကို ကာကွယ်ဖို့ လိုအပ်လို့ လုပ်လိုက်တာနေမှာပါ ။
    ဒီအခြေအနေမှာ ဒေါ်စု ရဲ့ လုံခြုံရေး ဟာ အရေးအကြီးဆုံးပါပဲ ။
  1. Anonymous said... :
    ဒီအချိန်ကအားလုံးစည်းလုံးနေရမယ်အချိန်ဖြစ်နေရမယ်..
    အမေစုရဲ့လုံခြုံရေးကိုအားလုံးစိတ်ပူနေတာပါ..အစိုးရိမ်လွန်ပီး
    တစ်ယောက်နဲ့တစ်ယောက်လွန်လွန်ကျူးကျူးတွေမဖြစ်ဖို့အရေးကြီးပါတယ်..
    ဒီကိစ္စတကယ်ဖြစ်တာဆို၇င်..NLDရုံးချူပ်ကတာဝန်ရှိတဲ့သူတစ်ယောက်ပြောပြသင့်တယ်
    ထင်ပါတယ်..NLDဘက်ကလည်းအလေးထားပီးတော့ဆောင်ရွှက်ပေးဖို့လိုအပ်ပါတယ်..
    အမေစုရဲ့လုံခြုံရေးကိုစိတ်ပူလွန်းလို့ဖြစ်သွားရတယ်လို့ပဲမှတ်ယူကြရအောင်..
  1. Unknown said... :
    Why they treat the journalism like that? Should not be.
  1. Anonymous said... :
    သတင်းထောက် နာမည်ခံပြီး ပစ်စာသာသာပဲ ရေးထားတယ်။ ဘာလို့ နာမည် သို့ သတင်းဌာန ကို ထုတ်မပြောနိုင်ရတာလဲ။
  1. Anonymous said... :
    တစ်ဆိတ်ကို တစ်အိတ်လုပ်သည်ထင်ပါသည်...
  1. အဲ့ဒီ သတင်းသမားတွေ ကြောင့် အကျိုးရှိပါတယ်... ကမ္ဘာကို သတင်း ပျံ့နှံ့စေပါတယ်..
    ဒါပေမယ့်.. သတင်းသမားတွေ အန်တီစု အသက်အန္တရာယ်ကို အာမခံနိုင်သလား..
    နောက်တစ်ခုက သတင်းသမားတွေ ရဲ့ မေးခွန်းအချို့ကရော.. သူများမျက်ခွက်ကို ဖြတ်ရိုက်သလို ဖြစ်တုန်းကရော သတင်းသမားဆိုတာတွေ ညှာတာပါရဲ့လား..
    စကားမာမာ အပြောခံရတာနဲ့ တင် သတင်းသမား စိတ်ဆိုးတယ်ဆိုရင်... ရိုက်နှက် နှိပ်စက်ခံရတဲ့ နိုင်ငံရေးသမား တွေ အကြောင်းကို ဘယ်လို ခံစားချက်နဲ့  သတင်းသမားတွေ ရေးသလဲ...
    စဉ်းစားဖို့ လိုပါတယ်... ဘယ်ပါတီ.... ဘယ်အဖွဲ့ အစည်းမဆို ဒါမျိုး ကြုံနိုင်ပါတယ်... ဒါပေမယ်.... အခု အဖြစ်အပျက်ကို ရေးသူဟာ နအဖ လက်ပါးစေ ဖြစ်ပါတယ်လို့  ပဲ ပြောချင်တယ်....
    ဒါဆိုရင် ဧရာဝတီကရော ဘယ်လိုဆုံးဖြတ်လဲ.... သတင်းဌာနမို့  ဘက်မလိုက်ရဘူး ဆိုပြီး တင်ပေးတယ် လို့  မဆိုပါနဲ့ လေ.... အရင့် အရင် ကိစ္စတွေမှာ လုပ်ခဲ့ ကိုင်ခဲ့တာတွေ ကို ပြန်ထောက်ထားပြီး ဒီကိစ္စ ကို အဲ့လို မဆိုလိုက်ပါနဲ့ ....
    ရေးသာရေးရတယ်.... ဧရာဝတီက ကော်မန့်ကို ဖော်ပြပါ့မလား... အက်ဒစ် ပြန်လုပ်ပြီးမှ တင်ပေးမလား.... ဒီလိုဖြစ်မှာစိုးလို့  အိုင်ဒီ အမှန်နဲ့  ရေးလိုက်တယ်...
    ဖြစ်နေတဲ့ ဖြစ်စဉ်ကို ပြောရမယ်ဆိုရင်တော့ ဧရာဝတီကိုလဲ သဘော မကျဖြစ်မိတာ ကြာပါပြီလို့  .......
  1. Anonymous said... :
    ပြည်သူတွေရဲ့ အသံတွေကို နားထောင်ချင်ပါတယ်ဆိုပြီးတောင် အမေက ပြောနေတာပဲ။ အမေ့ကို ကိုယ်တိုင်စာရေးပြီး ပြောပြလို့ရပါတယ်။ အခုအချိန်ဟာ အားလုံး စည်းလုံးရမယ့်အချိန်ပါ။ ဘာမဟုတ်တာလေးနဲ့တော့ စိတ်ဝမ်းတွေ မကွဲသင့်ပါဘူး။ လုံခြုံရေးတွေအနေနဲ့ အမေ့အနားမှာနေပြီး အမေမျက်နှာပျက်ရမယ့် အပြောအဆိုတွေ မပြောဆိုသင့်သလို၊ သတင်းသမားတွေ အနေနဲ့ ကလည်း စည်းကမ်းရှိဖို့လိုပါတယ်။ ၀င်လို့မရဘူး၊ ရိုက်လို့မရဘူးဆိုရင် အတင်းဆက်မလုပ်သင့်ပါဘူး။ အခုလည်း အင်တာနက်မှာ အမေ့ အကြောင်းတွေ၊ အသံတွေ၊ ဗွီဒီယိုတွေ အများကြီးပဲ နေရာတိုင်းမှာ။ ဒီ့ထက်ပိုပြီး ဘယ်လိုများ အိမ်ထဲအထိ ၀င်ပြီး ရိုက်ချင်နေလို့ဖြစ်ပါ့မလဲ။ ဘာမဟုတ်တာလေးနဲ့လည်း အမေ့အသက်ကို မစတေး ပါရစေနဲ့။ ပြောတာမှားရင် ခွင့်လွှတ်ပါ။ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေစေချင်ပါတယ်။
  1. Kyaw Kyaw said... :
    ဒီအတိုင်းပြောတယ်ဆိုရင် ပြောမိတဲ့လူတွေဘက်ကနေ အမြန်ဆုံး ဖြေရှင်းပေးလိုက်စေချင်ပါတယ်။ အဲ့လူတွေအတွက်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်စောင်းစရာတွေဖြစ်ကုန်မှာ အလွန်စိုးပါတယ်။ ပြည်သူတွေထဲက အသိမဲ့ပြည်သူအချို့ရဲ့ ဒေါ်စုသွားတဲ့လမ်းမှာပါ ပိတ်ဆို့ပြီး နှုတ်ဆက်တယ်ဆိုတာတွေကို စိတ်ပျက်မိသလို မီဒီယာသမားတွေကို အခုလိုဆက်ဆံတာကိုလည်း လုံးဝမဖြစ်သင့်ဘူးလို့ ဝေဖန်ချင်ပါတယ်။ အဆင်အပြေဆုံးဖြစ်အောင် လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ လူအချို့ကြောင့် နိုင်ငံကိုမထိခိုက်စေချင်ပါ။
  1. Anonymous said... :
    ဒီလိုအချိန်မျိုးမှာ ဒီလိုသတင်းမျိုးတွေ တင်တာ သံသယ ဖြစ်စရာ။ ကိုယ့်လိုဘချည်း ကြည့်မနေပါနဲ့ သတင်းထောက်တွေရေ။ မင်းတို့မှာလည်း စေတနာမမှန် မူမမှန်တာတွေ အများကြီးရှိပါတယ်ကွာ။ ကိုယ်စိတ်ကို လည်း ပြန်စစ်ကြည့်ပါအုံး။ သန့်ရှင်းတယ်လို့ သေချာမှ သူများကို လက်ညိုးထိုးပါ။
  1. Anonymous said... :
    ကျနော်ဖြင့် ဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ... ဘာပဲဖြစ်ဖြစ်ဆဲတာတော့ အလွန်မတန်ရိုင်းပြလွန်းပါတယ်.....
  1. Anonymous said... :
    သတင်းထောက်မင်းခင်ဗျား အန်အယ်ဒီက အာဏာရဖို့ လုပ်နေတာ မဟုတ်တဲ့အတွက် သူတို့လက်ထဲ အာဏာတောင် မရသေးဘူးလို့ မစွပ်စွဲသင့်ပါဘူးခင်ဗျား။ သတင်းထောက်မင်းခင်ဗျား သတင်းထောက်မင်းရဲ့စာထဲမှာ အန်တီ့ကို ထိခိုက်မယ်ဆိုတာ ရေးထားတာ မြင်မိပါတယ်ခင်ဗျား။ တကယ်ထိခိုက်မှာ စိုးရိမ်ရင် ဧရာဝတီကို လှမ်းပြီး တိုင်မယ့်အစား အန်အယ်ဒီရုံးက လူငယ်တွေကို အုပ်ချုပ်တဲ့ လူကြီး တယောက်ယောက်ကို အရင် ဆွေးနွေးသင့်ပါတယ်ခင်ဗျား။ အခုတော့ ငယ်သည့်ကိစ္စ ကြီးအောင် ချဲ့ကားနေလေတော့ အပြောက ရွှေမန်း ကတော့ ချိုမိုင်မိုင် ဆိုတဲ့စကားလို ရှေ့နောက် အလုပ်အပြော မညီညွတ်တဲ့ အတွက် မြန်မာပြည်သတင်းလောက ခိုင်ကျည်မှု အတွက် စိုးထိတ်မိကြောင်းပါ သတင်းထောက်မင်းခင်ဗျား။
  1. Anonymous said... :
    Not really sure who is the sender. Firstly someone from Irrawaddy needs to contact the sender and verify if the actual incident did occur. If this incident really did happen, what actually happened could be like this. The government might have used spies to disguise among the NLD aides. No kidding. This government is cunny and capable of such thing. We have to be alert and be careful of what we report etc. Remember since day one, Junta always want to create negative impression on Daw Su that Daw Su and her aides are always arrogance and rude. That is what the military government wants. So reporters and ordinary people alike, please be patient and find out the truth before jumping into any conclusion. Please do not fall into Junta's traps.
  1. kokogyi 82 said... :
    I agree with Ko kyaw Htin comment.
    This may be very early stage for both party. I think that they (both party)were not in proper procedure and not yet well organized due to very fast development in these days. So that both party should understand and forgive each other for their actions.I believe that we all love Daw Su and we all are very concerned and worry about safety of Daw Su.So We all including both media and guards should be in unison as Daw Su saying and just we stand for our leader Daw Aung San Su Kyi. with best regard .
  1. Anonymous said... :
    than shwe home mar ahde lo photo yike mae so pee
    ahtin win kyi par lar
    .
  1. ဆရာဝင်လုပ်တာတော့မဟုတ်ဘူး
    နိုင်ငံကိုချစ်စိတ်နဲ့ပြောတာနော်
    ဦးသန်းရွှေ ဘာလုပ်နေလဲ ဘာတွေစီစဉ်
    ထားလဲ ဘယ်သတင်းထောက်မှ မသိရဘူး
    ဒီမိုကရေစီနိုင်ငံကိုထူထောင်ဘို့ NLDက
    ဘာလုပ်မလဲဆိုတာ စစ်ဗိုလ်ချုပ်တွေ
    ကြံ့ ဖွှံ့တွေကအားလုံးသတင်းရနေပြီ
    ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကား
    ပုသိမ်ဘက်မှာလှေလှော်ပြိုင်ပွဲကြည်တော့
    ပန်းတိုင်မရောက်သေးဘူးရှေ.ရောက်တဲ့လှေက
    လှေလှော်တဲ့တက်ထောင်နေတော့ရှုံးမှာပေါ့။
  1. Anonymous said... :
    သတင်းထောက်ဆိုတဲ့သူရေ။ မင်းဘဲပြောတယ်နော် လာတဲ့သတင်းသမားတွေအများကြီးတဲ့။ ဒါဆိုရင် ဘာဖြစ်လို့ မင်းတစ်ယောက်ထဲဆီကဘဲ ဒီစကားကထွက်လာရတာလဲ။ အခြားသတင်းသမားတွေဆီက ဘာသံမှမကြားရပါလား။ မင်းတစ်ယောက်ထဲကို ရွေးပြီးဆဲတာလား။ တကယ်လို့ ဆဲတာဟုတ်သည့်တိုင်အောင် မင်းက လွန်လို့ဘဲဖြစ်မှာပါ။ပြောချင်တာက မင်းက အတွန့်တက်ပြီး အတင်းဝင်ဘို့ကျိုးစားလိမ့်မယ်။ ဒါကြောင့် ပြောမရလို့ လုံခြုံရေးသမားက ဆဲတာဘဲဖြစ်ပါလိမ့်မယ်။ အချို့ လူတွေက ဆဲပြီးပြောတာတောင် လက်မခံချင်ကြဘူး။ ဘာဘဲဖြစ်ဖြစ် သတင်းသမားရေ တစိတ်ကို တအိတ်မလုပ်ပါနဲ့။ မင်းက ဆဲတာဘဲခံရတာပါ။ ၂၀၀၇ တုန်းက သံဃာတော်တွေမှာ မေတ္တာပို့တာတောင် သေနပ်နဲ့ပြစ်ခံခဲ့ရသေးတာဘဲ။ ဒီ post ကိုတင်တဲ့ ဧရာဝတီကလူတွေပါ ဒါကို သဘောပေါက်စေချင်တယ်။
  1. Anonymous said... :
    နားလည်မှုနဲ့ အကောင်းမြင်ပေးကြပါ။ ခြေလှမ်းတောင် မစရသေးဘူး၊ ကိုယ့်အချင်းချင်းတွေ သွေးမကွဲကြပါနဲ့။
  1. Zaw Wonna said... :
    သတင်းထောက်များ ခင်ဗျား။ အခုအချိန်ထိ NLD မှာ လုပ်နေတဲ့ လူအများစုဟာ အရာရာကို စွန့်လွှတ် အနစ်နာခံပြီးတော့ လုပ်နေကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ကိုယ်ကျိုးကို မမျှော်လင့်ပဲ လုပ်နေကြတာပါ။ ဒါကို တိုင်းပြည်ကလည်း သိကြပါတယ်။
    ဘယ်နေ့မှာ ကိုယ့်အိမ်တံခါးကို လာခေါက်မှာလဲဆိုတာ ညတိုင်း စိုးရိမ်မှုနဲ့ အိပ်ရာဝင်ရတဲ့ သူတွေပါ။ အဲဒါကြောင့် သူတို့ရဲ့ အစိုးရိမ်လွန်ကဲမှုကို နားလည်ပေးသင့်ပါတယ်။ အထူးသဖြင့် စစ်ကြောရေးကို တစ်ညလောက် ရောက်ဖူးတယ်ဆိုရင် ပိုပြီး နားလည်နိုင်ပါလိမ့်မယ်။
  1. Anonymous said... :
    လုံခြုံရေးတာဝန်ယူထားတဲ့သူဆိုတာ လုံခြုံရေးရှုထောင့်ကပဲ ကြည့်မှာပါပဲ၊ အဲဒါကိုအတင်းဝင်တိုးခဲ့ရင်တော့ ဒေါ်စုလုံခြုံရေး
    သမားတွေမှာပါးစပ်ပဲရှိတော့ဆဲချင်လည်းဆဲမှာပေါ့ဗျာ၊ စစ်တပ်
    ရဲ့လုံခြုံရေးသမားတွေဆိုရင်တော့ သေနတ်နဲ့ထုတ်ပစ်မှာပေါ့၊
    နားလည်ပေးလိုက်ပါဗျာ။
  1. Anonymous said... :
    အရေးအကြီးဆုံးက ဒေါ်စု လုံခြုံရေးပါဘဲ..
  1. Anonymous said... :
    ကျှန်တော့အမြင်ကတော ဘယ်သူမှာမှအပြစ်မရှိပါဘူး။ အဓိပတရားခံက ကျွန်တော်တိုကိုအုပ်ချုပ်ခဲ့တဲ့အစိုးရအဆက်ဆက်ရဲ့အပြစ်တွေပါဘဲ။ ကျွန်တော်တို့ပြည်သူတွေကို civilian ဖြစ်အောင်မသင်ကြားခဲရလိုဘဲ။ နောက်ပြီတော ၂ဖက်စလုံးမှာမာန်မာနရှိနေလို။
    နောက်ပြီးတော ၂ဖက်စလုံးမှာ ကိုယ့် duties နဲ ကိုယ့် scopes ကိုယ်နားမလည်လိုဘဲ။ ငါစွဲများနေလို။ ကိုကျော်သူစကားယူသုံးရရင် ကိုယ်တာဝန်ကိုယ်ကျေ၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ကိုယ်လမ်းကိုယ်လျောက်ပါ။
  1. Anonymous said... :
    အပေါ် မှာ ကျော်ထင် နဲ့ နေမင်း ပြောသွားတာတွေကို လုံးဝ သဘောတူပါတယ် ဗျာ .. ဒီမိုကရေစီကဖြင့် ဘာမှန်းမသိသေးဘူး တယောက်နဲ့တယောက် နားလည်မှု တွေ ထားဖို့ အရေးကြီးပါတယ် .. ခုလေးဘဲ ဒီမိုဘလော့တခု ဖတ်ခဲ့ရပြီးပြီ အန်အယ်လ်ဒီရုံးက ကားတစီး ဘယ်သူတွေတက်နင်းပြီး ဓါတ်ပုံရိုက်ကြမှန်း မသိဘူး ကားအဖုံး ပျက်စီးသွားတယ် ဆိုလား သတင်းသမား သတင်းသမားဆိုပြီး အခုချိန်မှာ အကုန် လျောက် အော်နေလို့လည်း မဖြစ်သေးဘူးဗျ ... ယုံကြည်မှု တည်ဆောက်ဖို့ နဲ့ ချစ်ခင်နားလည်ဖို့သာ အခုချိန် အရေးကြီးဆုံး နို့မို့ဆို သိတယ် မို့လား ကြားကနေ ကြံ့ဖွတ် အဘ တွေက စားသွားမှ ဟုတ်ပေ့ ဖြစ်နေမှာ ...... တော်ယုံ အရေးမကြီးတာ လောက်တော့ တိတ်တိတလေး လူကြီးတွေနဲ့ အရင်ဖြေရှင်းကြပါ ဟိုဘလော့ပေါ်တင် ဒီဘလော့ပေါ်တင် နဲ့ ကြည့်ကျက်ပြီး ဖွ ကြပါ ဗျို့  ))))))))
  1. မြန်မာ့သား said... :
  1. Chit Mg said... :
    Stop! Stop! Stop! Be wise, flexible, patient and united. The journalists should invite Daw Su's guardsmen , sit together and discuss together to prevent similar episodes if the incidence really happened. The one who enlarge this matter will be suspected as a military cell.
  1. Anonymous said... :
    Umm i think your blog has no Editor.
    you should understand if this news should be published or not. And you should investigate if it is right or wrong. Don't make another Dipeyin.
    you know Pakistan lost their Lady, Buto.
    Take care,
  1. Anonymous said... :
    တစ်ဖက်သက်ကြီးပြောနေလို့မရပါဘူး။ သူတို့ဘက်ကိုလည်းတွေးပေးကြည့်ပါ။ တစ်ခါသေးဖူး ပျဉ်ဖိုးနားလည်နေပြီလေ..ဒီပဲယင်း ..ကုက္ကိုင်းလမ်းဆုံ...ပြောရင်တော့အများကြီးဗျ ။ အမေစုနားမှာလည်း အဲ့လောက် ကိစ္စလေးနဲ့ ပညာမဲ့ပြီး ဆဲလောက်အောင်လုပ်မဲ့ သူမျိုးလည်း ထားမယ်မထင်ပါဘူး ။ အမှန်တစ်ကယ် အဆဲခံလိုက်ရတယ်ဆိုရင်တောင်...ဘယ်လောက်အထိဇွတ်လုပ်ပြီး သတင်းယူချင်နေလည်းမှမသိတာဗျာ။ ကိုယ့်ဘက်ကိုယ်ယက်ပြီး ဇွတ်အတင်း...သတင်းဖြစ်ရင်ပြီးရော ဆိုပြီး..ဒီအချိန်မှာ ဒီလောက်အထိ မလုပ်သင့်ဘူးလို့ယူဆပါကြောင်း ။ စိတ်ဝမ်းကွဲစေမယ့် ကိစ္စမျိုးတွေ မဖွသင့်ဘူးထင်ပါတယ် အထူးသဖြင့် ဒီလိုအချိန်မျိုးမှာပေါ့ ။ခွေးတွေဝမ်းသာအောင် လေလည်ပြသလိုဖြစ်ကြမယ်ဗျို့ တော်ကြာ ။
  1. Anonymous said... :
    တကယ်ဆဲရေး တိုင်းထွာတယ် ဆိုရင်တော့ လုံးဝ မဖြစ်သင့်ဘူး။ နဲနဲအပြောအဆို ရိုင်းတယ် ဆိုရင်တော့ ခွင့်လွှတ်ပေးလိုက်ပါ။ အခုလို ဖွင့်ချလိုက်တော့လည်း မှားတဲ့လူတွေ ဆင်ခြင်လို့  ရတာပေါ့
  1. Anonymous said... :
    Anonymous said...
    သတင်းထောက်မင်းခင်ဗျား အန်အယ်ဒီက အာဏာရဖို့ လုပ်နေတာ မဟုတ်တဲ့အတွက် သူတို့လက်ထဲ အာဏာတောင် မရသေးဘူးလို့ မစွပ်စွဲသင့်ပါဘူးခင်ဗျား။ သတင်းထောက်မင်းခင်ဗျား သတင်းထောက်မင်းရဲ့စာထဲမှာ အန်တီ့ကို ထိခိုက်မယ်ဆိုတာ ရေးထားတာ မြင်မိပါတယ်ခင်ဗျား။ တကယ်ထိခိုက်မှာ စိုးရိမ်ရင် ဧရာဝတီကို လှမ်းပြီး တိုင်မယ့်အစား အန်အယ်ဒီရုံးက လူငယ်တွေကို အုပ်ချုပ်တဲ့ လူကြီး တယောက်ယောက်ကို အရင် ဆွေးနွေးသင့်ပါတယ်ခင်ဗျား။ အခုတော့ ငယ်သည့်ကိစ္စ ကြီးအောင် ချဲ့ကားနေလေတော့ အပြောက ရွှေမန်း ကတော့ ချိုမိုင်မိုင် ဆိုတဲ့စကားလို ရှေ့နောက် အလုပ်အပြော မညီညွတ်တဲ့ အတွက် မြန်မာပြည်သတင်းလောက ခိုင်ကျည်မှု အတွက် စိုးထိတ်မိကြောင်းပါ သတင်းထောက်မင်းခင်ဗျား။
    Yes you got the Point.... 101% agree with you..
  1. Anonymous said... :
    ဟုတ်ပါတယ်...ဒေါ်စုနားနေရတယ် ဆိုပြီးအောင်ခြေလွတ်နေတာလည်းဖြစ်နိုင်တယ်..ယ္ခင် ဒေါ်စုနားနေခဲ့ ဘူး..ယ္ခု ပြည်ပ ရောက်နေသူများ..သူတို့ လောက်ဒေါ်စုကို ဘယ်သူမှ မချစ်နိုင်ဘူး ဒေါ်စုအတွက် အနစ်နာမခံနိုင်ဘူး ဆိုတာမျိုးတွေ အမြဲတမ်းကြွားလုံးထုတ်တာ ခံနေရတာဘဲ..တချို့ ကိစ္စတော်တော်များများက ဒေါ်စုမသိလိုက်ရတာတွေ ရှိတယ်..မသိရတော့  သိရသလောက်နဲ့  ဘဲ စဉ်းစားဆုံးဖြတ်ချက်ချနေရင် ပန်းတိုင်ရောက်ဖို့ ကြံ့ ကြာနေမယ်...ဒါကြောင့် ဒေါ်စုက ဒီကိစ္စကို သိသင့် တယ်..ကျနော်တို့ ဝေဖန်နေတာထက် ဒေါ်စုက ထောက်ပြလိုက်ရင် နောက်ဆို ဖြစ်နိုင်ချေနဲ သွားလိမ့် မယ်...။
  1. Anonymous said... :
    သတိထားကြပါ.... ဖွချင်တဲ့သူက ဖွဖို့ကြိုးစားနေပါသည် ... အခုလို ဖွသည့် သတင်းမျိုးတွေ နောက်ထပ်အများကြီး လာပါဦးမည် ..... သတင်းရယူသူတွေ အနေနှင့်လည်း တားမြစ်တာကို အတင်းဇွတ်တိုးပြီး သတင်းယူတာထက် တာဝန်ရှိတဲ့သူတွေထံ တွေ့ဆုံပြီး ခွင့်ပြုချက်တောင်းခံသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အန်တီ၏ လုံခြုံရေးကို အားလုံးက စိတ်ပူနေကြပြီး စိုးရိမ်နေကြပါသည်။ လုံခြုံရေး တာဝန်ယူသူတွေကို သတိထားဖို့ အဖက်ဖက်မှ ဖိအားပေးပြောဆိုမှုများလည်း ရှိနေသည့်အတွက် နားလည်သင့်ပါသည်။ သိထားရသည့် အခြေအနေများအရ တောင်းဆိုမှုများကို အတတ်နိုင်ဆုံး တာဝန်ရှိသူများမှ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးနေပါသည်။ ယခုလို ရေးသားဖေါ်ပြမှုမျိုးကရော ဘယ်လောက်သေချာ တိကျလို့လဲ ..... အပုတ်ချ တိုက်ခိုက်ချင်တာမျိုးရော မဖြစ်နိုင်ဘူးလား ... သေချာစီစစ်ပြီးမှ ဖေါ်ပြသင့်ပါသည် .... ယခုလို ပူပူနွေးနွေး အချိန်မှာ အထူးသတိထား ဖေါ်ပြပေးစေချင်ပါသည်။
    သူရကျော်
  1. Anonymous said... :
    ခံရတဲ့လူရေးတဲ့စာဆိုတော့ ကိုယ့်အပြစ်ကိုထည့်ရေးမှာတော့ ကျိမ်းသေသလောက်ရှိတယ်။ တစ်ဘက်ကဆဲတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာ ဆဲတာလည်းဆိုတာမေးစရာရှိတယ်။ ကြည်ကြည်သာသာပြောနေတာကို ပါပရာဇီလို့ ဇွတ်အတင်းလုပ်လို့လား။ ၀င်ဝင်ခြင်းစောက်နဲ့ထွန်းတယ်ဆိုတာကတော့ ယုံရခပ်ခက်ခက်ဘဲ။ ဘာဘဲပြောပြောပါ ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ် တကယ်ဆဲတယ်ဆိုရင်တော့ သူတို့ယူထားရတဲ့တာဝန်အရမ်းကြီးလို့ stress များတာကို နားလည်ပေလို့ရသည့်တိုင်အောင် နောက်ထပ်ဒါမျိုးမဖြစ်အောင်တော့ နည်းလမ်းရှာတာကောင်းတယ်။ အလှည့်ကျတာဝန်ယူတာမျိုးဖြစ်ဖြစ်ပေါ့။ မီဒီယာလို အရေးပါတဲ့ လက်နက်တစ်ခု ဆုံးရူံးသွားရင် ကျွန်တော်တို့အတွက်အများကြီးနစ်နာတယ်။
  1. Anonymous said... :
    Please do not jump on conclusion.
    Daw Su and NLD members have sacrificed so much for the country and they still do.
    Just being yelled is nothing compare to the true politicians have suffered ( beaten, not given medical assistance and solitary confinement for years).
    Thus, I urge people not to judge from your only point of view but understand the general hardships of NLD and oppositions.
    Lastly, unity is the most important thing right now and I suggest Irrawaddy to thoroughly verify the facts and consequences before publishing such complaint.
  1. Swann, London said... :
    We never know did you act like a paparazzi or a journalist?
    I think you media people (including Irrawdady itself) know very well about journalist ethics much more than me since I am not a journalist.
    If some one, who himself called a journalist, want to report issue like this, that journalist must identify himself (his/her name) and from which media company e.g BBC,AP, AFP.. and even with a photo.. as far as I learned there's no claim about this issue from especially above media giants BBC and so on.
    To bear in mind, if you are a journalist do not expect or claim you will be welcome like a VIP guest.
    NLD's security people might need some training. They may not be professional ones, perhaps more of them may be volunteers. Why not contact one of NLD's official and give some advice rather than publish like this, if you think yourself have a bigger brain? The security of Daw A.S Su Kyi is most important one, of course.
    Last, I would like to advice Irrawaddy media, unless other reason from the security of the reporter, the web site should not publish this sort of issue without including reliable identification or evidence of the reporter. Otherwise the reputation of Irrawaddy would be arguable concerning conduct of media ethics.
    Anyway, I am a regular Irrawaddy reader. Thanks
  1. Anonymous said... :
    ကော်မန့် တွေ ပေးထားကြတာ အများကြီးနော်၊
    သတင်းထောက် လွန်သလား၊ လုံ့ခြုံေ၇း လွန်သလား၊
    သတင်းထောက် ကဲသလား၊ လုံခြုံေ၇း တကယ် ဆဲသလား သဲသဲကွဲကွဲ သိ၇သေးဘူး။ ခပ်ကြမ်းကြမ်း အော်ပြောသလား၊
    ၇ိုင်း၇ိုင်းစိုင်းစိုင်း ဆဲသလား၊ နားကြားလွဲသလား၊ မသိ၇သေးဘူး၊
    ဒီကိတ်စ မကြာခင် NLD တာ၀၀န်၇ှိသူတွေ သိသွား၇င် ဖြေ၇ှင်းပေးမှာပါ။
    သတင်းထောက် နာမည် ဘယ်သူလဲ၊ ဆဲသူ နာမည် ဘယ်သူလဲ သိလဲ သိချင်တယ် မသိလဲ မသိချင်ဘူး။
    ဆဲတယ် ဆိုတဲ့သူ နာမည် ထုတ်ပြောေ၇းလိုက်၇င် သူ အ၇ှက်၇မယ်။
    သတင်းထောက် နညမည် ဖော်ပြလိုက်၇င်လဲ သတင်းထောက်က ဖမ်းခံထိအုံးမယ်။
  1. soe moe said... :
    အန်တီ့လုံခြုံရေးအတွက်ပဲ ဦးစားပေးတဲ့ အနီးကပ်လုံခြုံရေးထဲက ဒီလိုဆဲတာဆိုတာတော့ အန်တီ့သိက္ခာထိခိုက်ရာကျတဲ့အတွက် ဦးဝင်းတင်လို လူကြီးတစ်ဦးဦးကနေ တစ်ဆင့် အသိပေးပါ။ ဒီလိုပူးပေါင်းဆောင်ရွက်ချင်းဖြင့် NLD မှ လိုအပ်သည်များကို ပိုမိုလျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်လာမှာဖြစ်ပါတယ်။ အားလုံး စနစ်တကျ ဖြစ်သွားသောအချိန်တွင် တစ်ပတ်လျင် ဘယ်နှစ်ကြိမ်ဆိုပြီး သတ်သတ်မှတ်မှတ် သတင်းထောက်များအတွက် အချိန်ပေးပြီး တွေ့ဆုံခြင်း၊ အင်တာဗျူးခံယူခြင်းတို့ အကောင်အထည်ပေါ်လာလျင် အခုလို ၀ရုန်းသုန်းကား အဖြစ်များကိုရှောင်လွှဲနိုင်ပါလိမ့်မယ်။ အာဏာဖြင့် လက်ထဲမရောက်သေးဘူး ဒီလိုဖြစ်စရာလား ဆိုတာတော့ သတင်းထောက်အနေနဲ့ ကျွဲမြီးတိုလို့ပြောဟန်တူပေမယ့် အခုကိစ္စက အာဏာရခြင်း မရခြင်းနှင့် လားလားမျှမသက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင်.ကူညီပေးကြပါ။ ဒီမိုကရေစီ ဆိုတာ အမေစု တစ်ယောက်ထဲလုပ်လို.မရပါဘူး။ တစ်ဦးရဲ.အားနဲချက်ကို မြင်သူတစ်ဦးက ကူညီပြုပြင် ပေးမှသာ တကယ်.ဒီမိုကရေစီကို ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အဲလိုသတင်းမျိုးကို တင်မယ်ဆိုရင် နာမည်ရင်းက အစ တိတိကျကျ ဖေါ်ပြနိုင်ရင် သက်ဆိုင်ရာ လူကြီးမင်းများ အနေနဲ. ပြုပြင်နိုင်ပါလိမ်.မယ်လို. အကြံပြုပါရစေခင်ဗျား။
  1. pauksa said... :
    comment တွေကလည်းမြန်လှချည်လား။ ပြည်တွင်းကပေးပို့တဲ့စာကကောဘယ်လောက်စိတ်ခြယုံကြည်ရလို့လည်း။ အယုံမလွယ်ကြဘာနဲ့အုံး။ တချို့သတင်းသမားတွေနဲ့၊ ဘလောက်သမားတွေက အရေးကြီးတဲ့အချိန်မှာ နှစ်ဖက်ချွှန်လုပ်တတ်ကြတယ်။
  1. Anonymous said... :
    ဧရာဝတီ ကို နေ့တိုင်းဖတ်လာ တာ ဒီသတင်း ၁ပုဒ် တည်း နဲ့ တော် တော် စိတ် ညစ် တယ်... ကလောင် တ ချောင်း ရှိ ရင် မွှေ လို့ ရ တယ် ဆို တာ ပြ လိုက် တာ ထင် တယ်.....ဒီ post ကို မ တင် ခင် အချိန် အနေ နဲ့ အချိန်အ အ ခါ ကို သိ ဖို့ကောင်း တယ်....ပွှဲ ခံ တယ် နော်....ခပ် စုပ်စုပ် ဂျာ နယ် အထာတွေ လာ လုပ် နေ တယ်....
  1. Anonymous said... :
    အဲ့ဒီလိုပြောတာကတော့မကောင်းပါဘူး။ အမေစုရဲ့လုံခြုံရေးအရလုပ်ရတဲ့အတွက် နားလည်မပေးနိုင်ကြဘူးလား။ ဒီလိုတစ်ဖက်သက်ရေးတာကတော့လွန်တယ်လို့ထင်တယ်။ ဒုတိယဒီပဲယင်း ထပ်မဖြစ်နိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ နအဖတွေမှာရှိတဲ့ သေနတ်တွေသူတို့မှာမရှိဘူး။ ဒီတော့အမေစုရဲ့ လုံခြုံရေးကိုအဓိကထားပြီးလုပ်ပေးကြတာကို ဒီလိုတစ်ဖက်သတ်ပြောတာတော့ မကောင်းပါဘူး။ မမေးသင့်တဲ့မေးခွန်းတေလွဲ မမေးကြနဲ့ပေါ့။ အမေစုကအဲ့ဒီမေးခွန်းတွေကို ခံနိုင်ပေမယ့် ဘေးမှာရှိတဲ့လူတွေက ခံနိုင်ချင်မှခံနိုင်မှာလေ။ ကြာတော့လဲကြားရတာစိတ်တိုလာတော့မှာပေါ့။ လက်ခုပ်ဆိုတာတစ်ဖက်တည်း တီးလို့မမြည်ပါဘူး။
  1. Anonymous said... :
    သတင်းထောက်တွေ က လဲ အပ, ဓါတ်ပုံ လေး ဘာ လေး ရိုက် မလာ ဘူး........ငြိမ် ပြီး အဆဲ ခံ လာ တယ်...
  1. YE MIN TUN said... :
    အန်တီစု နားမှာလုံခြုံရေးယူရင်း မာန်တက်သွားတာ ပြဿနာတွေဖြစ်တဲ့ သာဓကတွေလဲ ရှိခဲ့ပါတယ။် ကျနော်တင်မကပါဘူး အခု US မှာရှိတဲ့ကိုမင်းဇင်တို့လဲ မှတ်မိမှာပါ။ ၁၉၈၉ မတ်လ ၂၅ ရက်နေ့ တုန်းက ခြံဝမှာစောင့်တဲ့ လူငယ်တွေကြောင့် အကသ အပါဝင်ကျောင်းသားလူငယ်တွေအားလုံး ပေါက်ကွဲမှုဖြစ်ဖူးပါတယ်။ အခုလိုမျိုးပေါ့ နောက်ဆုံးတော့ စစ်တပ်ကရောက်လာပြီး လိုက်ဖမ်းတဲ့အထိ ကမောက်ကမတွေဖြစ်ရတယ်။ ပြန်ချုပ်ပြောရရင် မာန်မတက်ပါနှင့် တာဝန်သိပါ လိမ္မာယဉ်ကျေးပါ၊ မြန်မာနိုင်ငံမှာ အဏာပြရင် ဆဲဆိုကြိမ်းမောင်းမှ ပါဝါရှိတယ်လို့ တလွဲထင်မှတ်နေအောင် အာဏာရှင်တွေက လမ်းမှားပြထားတာကို အတုမခိုးပါနှင့်။ သင့်ကြောင့် NDL နှင့် အန်တီစု ဂုဏ်သိက္ခာမကျပါစေနှင့်...
  1. Anonymous said... :
    ဧရာဝတီက ဘာဖြစ်လို့ ဒေါ်စုနဲ့ အင်တာဗျူးမလုပ်ရသေးတာလည်း။ လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို NLD တိုက်ရိုက်ပြောလို့ ရတာပဲ။ ကျေးဇူးပါ။
  1. Anonymous said... :
    ဘီလူးစည်း လူ့ စည်းဆိုတာ နားလည်ကြရင် ဒီလောက် စာတွေရေးပြီး ရန်ဖြစ်စရာ မလိုပါဘူး အခုရေးသလောက် စာတွေကို မြန်မာပြည်ရဲ့  အခြားပြသသနာတွေ။ မှတ်တမ်းတွေမှာ ၀င်ေ၇းပေးရင် သိပ်ကောင်းမှာဘဲ။ ဒီဘလော့မှာ ဒီကိစ္စကြမှဘဲ ၀င်ရေးထဲ့သူတွေတွေ အတော်များလာတယ်
    ဘီလူးစည်း လူ့ စည်းဆိုတာကို နားလည်အောင်ကြိုးစား။
    လက်တွေ့ ကျင့်သုံး။
    သူများထက် အခွင့်အရေးပို ယူချင်တဲ့ စိတ်ဓါတ်ကို မြန်မာပြည်သားအားလုံး ပြင်လိုက်ရင်
    အားလုံးကောင်းသွားမှာပါ
  1. Anonymous said... :
    မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ့် ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း နဲ့ စွမ်းအားရှင်များရဲ့ဖခင် ၀န်ကြီးဌေးဦး တို့ရဲ့ ညစ်တီးညစ်ပတ်အောက်တန်းကျ သတင်းပေးပို့ချက်တွေကို ဧရာဝတီဘလော့ရေ မဖေါ်ပြလေနှင့်။ အမေစုရဲ့ လုံခြုံရေးက ဖွဲ့စည်းပုံဥပဒေ အတည်မပြုသေးမချင်း အသက်လောက် အရေးကြီးပါတယ်။ အားလုံးနားလည်ပေးကြပါ။ ကြောက်ကန်ကန်ပြီး သင်္ကြန်ကန်တော်ကြီးဗုံးလို၊ စနိုက်ပါလက်ဖြောင့်တပ်သားတို့လို၊ မူရမ်းပြီးဓါးထိုးတဲ့ဖြစ်ရပ်ဆိုတာလို မတော်တဆဖြစ်သွားနိုင်ချေအများဆုံး တယ်။ အမေရဲ့လုံခြုံရေးယူထားတဲ့သူတွေ ဘာမာန်တက်စရာရှိမလဲဆိုတာ ပညာပါပါတွေးတတ်ရင် သူတို့ကိုသနားစာနာသွားပါလိမ့်မယ်။
  1. Anonymous said... :
    ဧရာဝတီလူကြီးမင်းများ..ဘယ်လိုပစ်စာ လာလာ တင်မှာပဲလား...
    ဧရာဝတီဟာတကယ့် အထင်ကရ ပြည်သူတွေ အားထားရတဲ့ သတင်းမီဒီယာတစ်ခုဖြစ်နေတဲ့ အတွက် လူကြီးမင်းများအနေနဲ့
    ရှေ့နောက်တွေးခေါ် အမျှော်အမြင်ရှိရှိလုပ်သင့်ပါတယ်..။
    ရန်သူအားရအောင် မလုပ်ကြပါနဲ့...
    သတင်းသမားရေ..ဒေါ်စုက သူ့ကို အကျယ်ချုပ်၁၅ နှစ်လောက်ချထားတဲ့
    နအဖကိုတောင် အာဃာတ မရှိဘူးတဲ့..
    ကိုယ်မှန်နေရင် ပြည်ပမှာပါ ပွ သွားအောင် ဧရာဝတီရဲ့ အဖွကဏ္ဍကိုလာပေးရသလား....တိုင်ပါလား NLD က တာဝန်ရှိလူကြီးမင်းတွေဆီ...
    (( သိပ်ရှက်စရာကောင်းပါတယ်..။))
    အပေါ်ကွန်းမန့်တွေထဲက လက်ထဲသေနတ်ရှိရင် ပစ်သတ်မှာပေါ့ဆိုတာ သိပ်ကြိုက်ပါတယ်..။
    ပါးစပ်ထဲလေရှိတော့ ဆဲထည့်လိုက်တာပေါ့..ဒါပါပဲ...
  1. Anonymous said... :
    ပြောဖို့မေ့ကျန်ခဲ့လို့ပါ....
    ဒေါက်တာလွဏ်းဆွေဆိုသူကလည်း လင့်ခ်တောင်ပေးလိုက်သေးတယ်...။
  1. Anonymous said... :
    ပြည်တွင်းက သတင်းထောက် တဦး ဆိုတာ ဘယ်သူလဲ နာမည်တိတိကျကျ ဖော်ပြပါလား ဘယ်ဂျာနယ်ကလဲ ? လုပ်ကြံသတင်း လုပ်ပြီး မဖွပါနဲ့ Irrawaddyblog ရယ်..... Should be honest in media region.Thia is not a new , understand !Don't make people to be confuse about that Damn new .U will not able to be a popular and that action may reduce talent of yours.If it is not your fake ,u better thinks and careful edit like that new for posting.Don't be confuse to my comment , I usually post comments with truth ,thank you for post my comment.
  1. Unknown said... :
    ကျနော်ကတော့သိပ်များများမပြောချင်ပါဘူး
    မလိုအပ်တဲ့ပြဿနာသေးသေးလေးတွေကိုပုံကြီးမချဲ့ဖို့
    လူတစ်ယောက်ရဲ့မှားမှန်းမှန်မှန်းမသတဲ့ဖြစ်ရပ်တစ်ခု
    အထူးသဖြင့်ပစ်စာဆန်ဆန်Postတစ်ခုကို
    စီစစ်ဆုံးဖြတ်ပြီးလိုအပ်တယ်ထင်မှတင်ဖို့အကြုံပြုလိုပါတယ်
    အခုအခြေအနေကိုသုံးသပ်ရရင်ပို့သူဟာဘယ်သူဘယ်ဝါမှန်းမသိပါဘူး
    အစိုးရရဲ့လုပ်ကြံဇာတ်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်
    အထူးသဖြင့်NLDကိုအပုပ်ချချင်တဲ့ပုံမျိုးရေးထားတာတွေ့ရပါတယ်
    အခုPostကိုအမြန်ဆုံးဖျက်ပေးပါလို့တောင်းဆိုပါတယ်
    ဘာမှဟုတ်တဲ့ကိုယ်ရေးကိုယ်တာပြဿနာလေးတစ်ခုပါပဲ
    ဒီမှာတင်ဖို့မလိုအပ်ပါဘူး
    အဲလိုသာဆိုမြန်မာတစ်ပြည်လုံးမှာဖြစ်နေတဲ့ပြဿနာပေါင်းစုံရှိပါတယ်
    အမှန်အဆဲခံရတယ်ဆိုရင်တောင်တာဝန်ရှိသူတွေနဲ့ဖြေရှင်းပါ
    ဒီမှာလူတွေဘာမဟုတ်တာလေးနဲ့အုံကြွမနေသင့်ဘူး
    အမြန်ဒီPostကိုဖျက်ပေးပါ
    ဘယ်သူမှအကျိုးမရှိပါဘူး
  1. Anonymous said... :
    "အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး။" ... "ဒါပေမယ့် သတင်းသမားတာဝန် ကျေချင်တဲ့အတွက် လာယူတယ်လို့ ပြောတယ်။ ဒါကို မရိုက်ရဘူး ဆိုတော့ ပြည်တွင်း သတင်းထောက်တချို့ စိတ်တိုပြီး ပြန်ကုန်ကြတယ်။" ..... ဆဲလို့ မကျေနပ်တာလား။ ရုံးခန်းထဲ ပေးမ၀င်လို့ မကျေနပ်တာလား။ မရိုက်ရလို့ မကျေနပ်တာလား။ မရိုက်ရဘူးဆိုတာ ဓာတ်ပုံကို ပြောတယ်လို့ ယူဆပါတယ်။ ဆဲပြီး ရုံးခန်းထဲ ပေးမ၀င်မှတော့ ဓာတ်ပုံ ပေးရိုက်တယ် မရိုက်ဘူး အငြင်းပွားစရာ ရှိပါဦးမလား။ သူလို ငါလို အပြင်မှာ ဓာတ်ပုံရိုက်တာကို လိုက်တားနေရင် တနေကုန်သွားမယ်။ လူစုံအောင် ပြောလိုက်ရမယ် မဟုတ်။
  1. Anonymous said... :
    အရေးအကြီးဆုံးက ဒေါ်စု လုံခြုံရေးပါဘဲ..
    လုံခြုံရေးတာဝန်ယူထားတဲ့သူဆိုတာ လုံခြုံရေးရှုထောင့်ကပဲ ကြည့်မှာပါပဲ၊ အဲဒါကိုအတင်းဝင်တိုးခဲ့ရင်တော့ ဒေါ်စုလုံခြုံရေး သမားတွေမှာပါးစပ်ပဲရှိတော့ဆဲချင်လည်းဆဲမှာပေါ့ဗျာ၊ ဗိုလ်ချုပ်မှူးကြီး ရဲ့ကိုယ်ရံတွေဆိုရင်တော့ သေနတ်နဲ့ထုတ်ပစ်မှာပေါ့၊
    အင်န်အဲလ်ဒီ လူငယ်တွေ မှန်တယ်။ ဒေါ်စု လုံခြုံရေးကလွဲပီး ဘယ်မျက်နှာ မှ ထောက်စရာ မလိုဘူး။
    သတင်းသမား အဆဲခံရတာကိစ္စ မရှိပါဘူး။ ဒေါ်စု အန္တရာယ်မဖြစ်ဘို့က အဓိကပါ။
    နားလည်ပေးလိုက်ပါဗျာ။
    နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးအနားကိုမပြောနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ အိမ်ခွေးကတက်နားကိုတောင် ကပ်ခွင့်ရလို့လား။
  1. Anonymous said... :
    သတင်းထောက်တွေထဲမှာ ဂျွန်ဝီလီယံရက်တော လိုအကောင်မျိုး ပါမလားဘူးလို့ ဒီထဲမှာ ရမ်းကားမှတ်ချက်ပြုသူတွေ တာဝန်ယူနိုင်မလား။ သူ့လိုကိုယ့်ဘက်သား သူလျှိုမလိုတမာသူတွေကို ဘယ်လိုစီစစ်ရွေးထုတ်နိုင် မလဲ။ အမေစု အနားက သက်စွန့်ဆံဖျား volunteer သက်တော်စောင့်တွေကို သွေးကွဲအောင် လူစုကွဲအောင် သပ်လျှိုတဲ့ strategic လုပ်ရပ်ပါ။ သတိရှိပါ ... သတိရှိပါ ... သတိရှိပါ ... အမေ့ကိုကာကွယ်ပါ ... အမေ့ကိုကာကွယ်တာဟာ စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ထွန်းရေးကိုကာကွယ်ရာရောက်ပါတယ်။ ဘယ်သူတွေ သစ္စာပျက်ပျက် အမေစုက မပြောင်းမလဲ ဗေဒါပန်းပါ။
  1. Shyam said... :
    အထက်ကအချို့သူတွေ comment လုပ်ခဲ့သလိုပါပဲ၊ ဒီဖြစ်စဉ်ကို ရေးသားပေးပို့သူဟာ ဘယ်သူဘယ်ဝါမှန်း ဖော်ပြမထားပါဘူး၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သတင်းယူနေတာက သူတယောက်တည်းမဟုတ်ပါဘူး၊ BBC, AFP, CNN, Al Jazeera, VOA, အစရှိတဲ့ နိုင်ငံတကာ သတင်းဌာနတွေက သတင်းထောက်တွေလည်း များစွာပါဝင်မှာပဲ။ သူတို့တွေလည်း NLD က လွန်ကျူးခဲ့တယ်ဆိုရင် ဖော်ပြကျမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် သူတို့တွေဆီကလည်း ဘာမှမကြားရပါဘူး။ ပြီးတော့ ဒီသတင်းကိုပေးပို့သူဟာလည်း သူဘယ်သူဘယ်ဝါဖြစ်မှန်း အနည်းဆုံး ဘယ်သတင်းဌာနကဖြစ်မှန်းလည်း ဖော်ပြမထားပါဘူး။ ဒါ စစ်အစိုးရအဖွဲ့က ငွေကျွေးပြီး မွေးထားတဲ့ သူတွေဆီကနေ သဘောထားမမှန်မကန်နဲ့ ရေးထားခဲ့တဲ့ ပေးပို့စာလည်းဖြစ်နိုင်ပါတယ်။ ဒါမဟုတ်ရင်လည်း သတင်းထောက်ဖက်က ခွင့်ပြုချက်မရချိန်မှာ အတင်းသတင်းယူဖို့ကြိုးစားလို့ လုံခြုံရေးတာဝန်ယူထားသူဘက်က ခက်ပြင်းပြင်းတုံ့ပြန်လိုက်တာလည်းဖြစ်နိုင်ပါတယ်။ သူတို့မှာလည်း အမေစုလွတ်ကတည်းက အတင်းသတင်းယူဖို့ကြိုးစားနေသူတွေကြားကနေ လုံခြုံရေးအတွက်တာဝန်ယူထားရတာကြောင့် ၃ရက်အတွင်း လုံးဝ ပင်ပန်းနေလောက်ပါပြီ။ ဒါကြောင့် လွန်ကြူးပြီ ခြေလှမ်းကျွန်လာသူ သတင်းထောက်ကို ဒေါသနဲ့ တုံ့ပြန်လိုက်မိတာလည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ဒီစာကိုရေးသားပေးပို့သူရဲ့ အရေးအသားကိုကြည့်မယ်ဆိုရင်လည်း ဒါဟာအကောင်းဖက်က သတင်းသမားပြီပြီ ပြေပြေပြစ်ပြစ်နဲ့ လူကြီးလူကောင်းပြီပြီ ရေးသားထားတဲ့စာမျိုးမဟုတ်ပါဘူး။ ချွဲ့နွဲ့ပြီး ရေးသားထားတာမျိုးတွေ တွေ့ရပါတယ်၊ ( အဲဒါကို ခွေးမောင်းသလို မောင်းထုတ်တာတော့ ကျနော်တို့လည်း မခံနိုင်ဘူး)(ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား)(သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။)၊ အစရှိသည်ဖြစ် အရေးအသားမျိုးတွေတွေ့ရပါတယ်။ သတင်းသမားတယောက် ရေးသားပေးပို့တဲ့စာမှာ (emotion) ခံစားချက်မပါရပါဘူး။ ဒါတွေကိုကြည့်ခြင်းအားဖြစ် ဒါဟာ သတင်းသမားရေးထားတဲ့ စာမဖြစ်နိုင်ပါဘူး၊ စစ်အစိုးရ မွေးထားတဲ့ သူတယောက်ယောက်ကနေ ရည်ရွယ်ချက်ရှိရှိရေးသားပေးပို့ခဲ့တဲ့စာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေလည်း ခြင့်ခြင့်ချိန်ချိန်နဲ့ ယုံကျဖို့အတွက်ကို ကျွန်တော့အနေနဲ့ ပြောလိုပါတယ်။ အကယ်၍ စာပါအကြောင်းအရာအတိုင်းဖြစ်ခဲ့တယ်ဆိုရင်လည်း ဒီစာဟာ NLD ရုံးချုပ်ကိုလိပ်မူပြီး ပေးပို့ခဲ့ရမဲ့ စာဖြစ်ပါတယ်။ ဧရာဝတီကို ပေးပို့ခဲ့တယ်ဆိုတာ ဒါဟာသိပ်တော့ သဘာဝမကျလှပါဘူး။ ဧရာဝတီကို ပေးပို့ခဲ့လို့လည်း သတင်းဌာနတခုအနေနဲ့ ဖော်ပြရုံလောက်ပဲတက်နိုင်မှာပါ။ ဖော်ပြခဲ့တော့လည်း ဧရာဝတီကို ဘက်မလိုက်သတင်းဌာနအနေနဲ့ယုံကြည်ပြီး ဖက်ရှူသူတွေ(ကျွန်တော်အပါအဝင်) တော်တော်များများဟာ ယေဘူရ မျက်စိမှိတ်ပြီး ယုံကြည်မိကြမှာပါပဲ။ ဒီတော့ ခုလို သွေးစည်းရမယ့်အချိန်မှာ အထင်အမြင်လွဲမှားမှူတွေဖြစ်စေနိုင်ပါတယ်။ ရေးထားတိုင်း စာပါအကြောင်းအရာအတိုင်း မယုံကျပါရန် ကျွန်တော့အနေနဲ့ တိုက်တွန်းလိုပါတယ်။
  1. Anonymous said... :
    သတင်းတွေအတွက် အားကိုးခဲ့ရတဲ့ ဧရာဝတီ၊ ဒီpost တစ်ခုတည်းနဲ့  ကောင်းခဲ့သမျှတွေ ပျက်တော့မလိုဖြစ်နေပြီ။ ဆဲတဲ့လုံခြုံရေးကို အပြစ်တင်ရမှာလား။ သတင်းထောက်ကို အပြစ်တင်ရမှာလား။ ပို့ စ်တင်ပြီး ပွဲဆူသလိုဖြစ်အောင် တင်တဲ့ ဧရာဝတီကို အပြစ်တင်ရမလား။ တိုင်းပြည် သာယာဖို့  ညီညွတ်ဖို့ တည်ဆောက်ရမယ့်အခါမှာ ခံယူချက်နဲ့ အမြှော်အမြင်လေးတော့ ရှိစေချင်တယ်။
  1. Anonymous said... :
    ကြုံတုန်းစကားမစပ် အမေစုပြောတယ် အားကိုအကျိုးရှိရှိအသုံးချစေချင်တယ် တဲ့။ ဒီတော့ အခု ရှမ်း၊ကရင်၊ကယားနေရာတွေမှာ ပြည်တွင်းစစ်ဖြစ်နေတယ်။ နောက်ပြီး တပ်မတော်က အရေးတကြီး ပေါ်တာဆွဲနေတယ်။ အားကိုအကျိုးရှိရှိဖြစ်ရအောင် စွမ်းအားရှင်တွေကို ပေါ်တာဆွဲပါလား။ သူတို့က ဘာမဆိုလုပ်ရဲတယ်။ ခုတ်ရ ထစ်ရ ရိုက်ရ သတ်ရ ဆွဲရ ပိုးရ အကုန်ရတယ်။ ဒါဆို တပ်မတော်အတွက် အားလည်းဖြစ်ပြီ။
  1. Anonymous said... :
    သတင်းထောက်ကိုပြောချင်ပါတယ်။ဒီမိုကရေစီ စံနစ်မှာ အာဏာဟာပြည်သူလက်ထဲမှာဘဲရှိပါတယ်။ အစိုးရဆိုတာ အခိုင်းခံပါ။ ပြည်သူလူထုက လိုချင်တာကို လုပ်ပေးရမယ်.သူပါ။ အာဏာတောင်မရသေးဘူး ဆိုတဲ. အသုံးကိုမသုံးစေချင်ပါဘူး။အာဏာရရင် ဒီလုံခြုံရေးလူငယ်တွေဟာ ဘာကောင်ကြီးမှ ဖြစ်သွားမှာမဟုတ်ပါဘူး။တကယ်ဆဲနေတာကို ခံခဲ.ရရင် မှတ်တမ်းတင်ထားတာ ရှိမှာပေါ.။ ပြပေးပါ
  1. Burma's Voice said... :
    သတင်းထောက် ဆိုပြီးရေးလာသောသူကိုပြောချင်ပါသည်။
    သတင်းထောက် အစစ်ဟုတ်မဟုတ် လွန်စွာမှ သံသယ၀င်မိပါသည်။
    "ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး။ အဲဒါ သတင်းထောက်တွေ ပွစိပွစိ ဖြစ်ကုန်ရော။ သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။
    သတင်းထောက် ဆိုသောသူ သိစေရန်မှာ (NLD)၀င်လူငယ်များသည် သမိုင်း အစဉ်အဆက် ကတည်းက အနစ်နာခံ ၍ ထောင်နဲ့အချုပ်..အချုပ်နဲ့ထောင် ကို အိမ်ဦးနဲ့ကြမ်းပြင်လို သဘောထားပြီး မတွန့်မဆုတ် အမှန်တရားအတွက် တိုက်ပွဲ ၀င်ခဲ့ကြခြင်းဟာ သတင်းထောက်ကြီးစွတ်စွဲသလို အာဏာလိုချင် ၍ မဟုတ်ပါ။ "အာဏာ" ဆိုသောစကားလုံးဟာ ဒီမိုကရေစီ ရရန်တိုက်ပွဲဝင်နေသူများအတွက် လုံးဝ ဆန့်ကျင်ဘက် အတွေးအခေါ်ဖြစ်ပါတယ်၊ "အာဏာ" ဆိုသော အတွေးအခေါ် ကိန်းအောင်းနေသူများ ဟာ စစ်အာဏာရှင် နဲ့ပတ်သက်တဲ့သူများသာဖြစ်ပါတယ်။ "အာဏာ" ဆိုသော စကားလုံးဟာ စစ် အစိုးရနဲ့ပတ်သက်တဲ့သူတွေရဲ့ အတွေးအခေါ်ထဲမှာတော့ သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့..သူတို့ဟာပြည်သူလူထုရဲ့ ချစ်ခင်မှုယုံကြည်အားကိုးမှု၊ လေးနက်သက်ဝင်မှု ကို မရရှိကြတဲ့အတွက် "အာဏာ" သာလျှင်သူတို့ရဲ့ကိုးကွယ်ရာဖြစ်ပါတယ်။ ဒါကြောင့်လည်း "အာဏာ" မစွှန့်လွှတ်ရဖို့ကို ရွေးကောက်ပွဲကို ဗြောင်လိမ် ဗြောင်စား စနစ်နဲ့ အရှက်မဲ့စွာ လုပ်သွားတာဖြစ်ပါတယ်။
    ဒါကြောင့် သတင်းထောက် ကြီးရဲ့ စာထဲမှာ "အာဏာ" ဆိုတဲ့ အတွေးအခေါ်ပါနေတာတွေ့ရပုံထောက်ရင် သတင်းထောက်ကြီးဟာ စစ်အစိုးရက NLD ကို လူတွေအထင်သေးအောင် လုပ်ရိုးလုပ်စဉ် ညစ်ပတ်တဲ့ နည်းနဲ့ လုပ်ကြံရေးသားဖို့ ခိုင်းထာြး်ခင်းခံရတဲ့ စစ်အစိုးရှဲ့ဓားလျှို တယောက်ပဲလား
    ( သို့မဟုတ်)
    သတင်းထောက်ကြီးဟာ စစ်အစိုးရရဲ့ အငွေ့အသက် အောက်မှာ ကြီးပြင်းခဲ့ရတဲ့.သတင်းထောက်ပီပီ ထစ်ခနဲရှိ"အာဏာ" ဆိုတဲ့ စကားလုံးကို ပြေးပြေး ပြီး မြင်ယောင်တတ်တဲ့ ခပ်ချာချာ သတင်းသမားတယောက်ပဲလား ဆိုတာကိုတွေးရင်း...
  1. Anonymous said... :
    အထဲက သတင်းတွေက အားလုံးကောင်းစားရေးကို ရှေးရှုနေချိန်မှာ အပြင်က ဧရာဝတီကတော့ အဖွသက်သက်ပါလားဟ။ ဒီဘလော့ကြောင့် ခင်ဗျားတို့ သတင်းဌာန ဂုဏ်ကျနိုင်တယ်နော်။ တချို့ဟာတွေက တလွဲတွေ။ နအဖ မကောင်းကြောင်း ရေးတာတာ တလွဲတွေချည်းပဲ
  1. Burma's Voice said... :
    သတင်းထောက်ကြီး ခင်ဗျား..
    သတင်းသမားဆိုတာ Transparency အပြည့်အ၀ရှိရပါတယ်။ ရိုးသားရပါတယ်။ မိမိရေးလိုက်တဲ့ သတင်းအောက်မှာ မိမိရဲ့ နာမည်ကိုရေးထိုး လိုက်ရတာကိုက ကိုယ်ရေးတဲ့သတင်းကို ကိုယ်တာဝန်ယူတဲ့ သတင်းသမားတဦးရဲ့ ရသ ဖြစ်ပါတယ်။ အခုတော့ ဗျာ...သတင်းထောက်ကြီးက ကိုယ့်ကိုကိုယ် သတင်းထောက်လို့ပြောပြီး ဘယ်ကသတင်းထောက်မှန်း မသိ ဘာမှန်းမသိ အထောက်အထားမရှိပဲ.. ကောလဟာလ သတင်းတပုဒ်ကို ရေးပြီး နာမည်မခံရဲ့ တဲံ့သဘောတူပါရဲ့..သတင်းထောက်ကြီးရဲ့ သဘောထားသာ (NLD ) အပေါ်မှာ တကယ်မှန်ကန်ရင် ..ဒီအဖြစ်အပျက်ဟာ တကယ်မှန်ကန်ရင်...သတင်းထောက်ကြီး အနေနဲ့ NLD ရုံးက ဘဘဦးဝင်းတင်တို့ ဘဘဦးတင်ဦးတို့ကို သွားပြီး စေတနာနဲ့ အသိပေးပြောပြသင့်ပါတယ်၊ ဘဘတို့ကလည်း တကယ် စေတနာအမှန်နဲ့ ဖြေရှင်းပေးမှာ ဆိုတာကိုယုံကြည်ပါတယ်။
    ဒီ post မှာ comment ရေးနေတဲ့ အစ်ကို အစ်မ ညီငယ်ညီမငယ်တို့ရေ....ဒီ အတုအယောင်ကပြောတဲ့...post ကိုဥပေက္ခာပြုကြရအောင်...ဒါမှသူ့ရဲ့ ရည်ရွယ်ချက် မအောင်မြင်မှာ......
  1. Anonymous said... :
    သတင်းထောက်ကြီးခင်ဗျား..
    NLD မှာလဲ ရုံးခန်းထဲအထိဝင်ပြီး သတင်းယူရင်
ဲမြို့ တော်ဝန်ကြီးရဲ့ ရုံးခန်းထဲကိုလဲ ၀င်ပြီးသတင်းယူသင့်တယ်နော်။
    တော်တော်ကြာ ပြည်သူတွေ သတင်းအမှန်မရပဲနေအုံးမယ်။
  1. လူစွမ်းကောင်း said... :
    ဧရာဝတီလုပ်ပုံ မဟုတ်သေးဘူးထင်တယ်ဗျာ။ လူထုနဲ့ နိင်ငံအတွက် တကယ့် အရေးကြီးနေတဲ့ အချိန်မျိုးမှာ ဒီသတင်းကို တင်လိုက်ခြင်းဟာ
    သိပ်သဘာဝမကျဘူး။ မကောင်းသတင်းမို့ မတင်စေချင်တာ မဟုတ်ဘူးနော်။
    ပေးပို့တယ်ဆိုတဲ့ သတင်းထောက် ဆိုတာသေချာလား။ ဘာအထောက် အထားရှိလဲ။ သူ့ကိုရော ဘယ်လောက်အထိ ယုံကြည်စိတ်ချ နိင်မလဲ။ ဒီသတင်းကိုသေသေချာချာ စုံစမ်းစီစစ်ပြီးမှ တင်တာလား။ လူစည်ရင် ပြီးရောတော့ မလုပ်ပါနဲ့ဗျာ။ ဒီမိုကရေစီ ရရေးအတွက် လူတိုင်းလူတိုင်း ကိုယ်စီ ကြိုးစား ရမယ့်အချိန်မှာ သတင်းဌာနတွေရဲ့ အခန်းကဏ္ဍက အရမ်း အရေးပါပါတယ်။ အဝေးရောက်နေသူ အားလုံးအတွက် ဒီသတင်းဌာနတွေကိုပဲ အားကိုးနေရတာပါ။ NDF ခွဲထွက်တုန်းကလည်း ဧရာဝတီရဲ့ ရပ်တည်မှုက စိတ်ပျက်စရာ ဖြစ်ခဲ့တာကို မေ့ထားပြီး အားပေး
    နေတာပါ။ ဒီမိုကရေစီအရေးအတွက် စနစ်တကျနဲ့ ညီညီညွတ်ညွတ် ကြိုးစားဖို့ သတင်းဌာနတွေက အများကြီး စွမ်းဆောင်နိင်ပါတယ်။
  1. Anonymous said... :
    ထောက်ခံပါတယ် Burma's Voice၊ ကျနော် Anonymous အခုနောက်ဆုံးတစ်ခု ပစ်တင်ပြီး ရပ်လိုက်ပါပြီ။
  1. Anonymous said... :
    မြန်မာနိုင်ငံ၏ သမိုင်းဝင် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်အရွေးခံခြင်းသည် နိုင်ငံရေးအရ တိုးတက်သော လက္ခဏာဟု အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က The Voice Weekly ၏ တိုက်ရိုက်မေးမြန်းမှုကို မကြာခင် မိနစ်ပိုင်းအတွင်းက ဖြေကြားခဲ့သည်။
    ရွှေဂုံတိုင် NLD ရုံးချုပ်တွင် သောင်းနှင့်ချီသော လူထု ပရိသတ်ကြီးကို ၅၂ မိနစ်ခန့်ကြာ နှုတ်ခွန်းဆက်စကား ပြောကြားအပြီး ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က The Voice Weekly သို့ ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
    " ဒါဟာ နိုင်ငံရေးအရ တိုးတက်တဲ့ လက္ခဏာပါ၊ အခုလို အမျိုးသမီးတွေ နိုင်ငံရေးမှာ ဦးဆောင်တဲ့ ကဏ္ဍမှာပါတာ၊ စိတ်ဝင်စားတာဟာ တိုးတက်တဲ့ ကိစ္စပါ၊ အခြားကဏ္ဍတွေမှာလည်း ပါလာဖို့ တိုးတက်ဖို့ လိုတယ်၊ ဒီထက်ပိုပြီး အမျိုးသမီးတွေရဲ့ အရည်အချင်းတွေ တိုးတက်ဖို့ လုပ်ရပါမယ်၊ အရည်အချင်း ရှိမရှိ သိဖို့ ဆိုတာကလည်း အရည်အချင်းပြဖို့ အခွင့်အရေးရှိမှ ရမှာမို့ အားလုံးကြိုးစားမှ ရမှာပါဟု ပြန်လည်ဖြေကြားခဲ့သည်။
    ယင်းသတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ တစ်နာရီကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမီဒီယာများတွင် လုပ်ကိုင်နေသော သတင်းထောက် ၂၀၀ နီးပါ တက်ရောက် သတင်းယူခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်က လူငယ် ပြည်တွင်းသတင်းထောက်များ၏ မေးခွန်းများကို စိတ်ဝင်တစား အလေးအနက်ထား၍ ပြန်လည် ဖြေကြားခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
    မကြာခင်က ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ထင်ရှားသော နိုင်ငံရေးသမားကြီးများ၏ သမီး သုံးဦးအပါအဝင် လွှတ်တော်သုံးရပ် စလုံးတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ရာဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည်၊ ဒေါ်တင်နွယ်ဦးတို့ ရွေးချယ်ခံရကြောင်း သိရှိရသည်။
  1. Anonymous said... :
    http://thevoicemyanmar.com/index.php?option=com_content&view=article&id=753:2010-11-14-10-32-24&catid=118:political-voice&Itemid=473
  1. အောင်နိုင် said... :
    ဒီခေတ်မှာ ကင်မရာတလုံးကောက်ကိုင်၊ အမ်ပီသရီးပလေယာဖြစ်ဖြစ်၊ မိုဘိုင်းဖုန်းဖြစ်ဖြစ် ရက်ကော့ဒ်လုပ်စရာရှိရင် သတင်းသမားဖြစ်တယ်ဆိုပြီး .. ရည်ရွယ်ချက်၊ အတွေးအခေါ်၊ ခံယူချက် နက်နက်ရှိုင်းရှိုင်း မရှိဘဲ ကိုယ့်ကိုကိုယ် သတင်းသမားလို့ပြောနေ လုပ်နေတာတွေဘယ်နှယောက်တောင်ရှိသလဲဆိုတာရော .. ပြတ်ပြတ်သားသား မြင်ရလို့လား .. ။ သတင်းသမားစစ်စစ်ဖြစ်တယ်ဆိုရင်တောင် .. အရပ်ထဲက ဝေလေလေတွေလို ပြောစရာဖြစ်တိုင်း လျှောက်ပြောဖို့ထက် မှန်မှန်ကန်ကန် အကျိုးရှိမှာကို အမြော်အမြင်ရှိပြီး အကျိုးဆောင်တတ်ဖို့လိုတယ်။ .. ဧရာဝတီဟာ ကျယ်ကျယ်ပြန့်ပြန့် အလုပ်ကို ပြည်သူအများအတွက်လုပ်ပေးနေတဲ့ သတင်းစုဆောင်းဖြန့်ချီရေး အဖြစ် သိမြင်ခဲ့ရတယ်။ ဆင်ခြင်စေချင်တယ်။
  1. Notic said... :
    ဒီသတင်းနဲ့ပတ်သက်လို ayeyarwadee မှာပဲ့တာဝင်ရှိပါသည်း။ဘယ်ကမှန်းမသိ။ဘယ်သူမှန်းမသိ။post တင်လိုက်တဲ့အတွက် ayeyarwadee ရဲ့တာဝင်သာ။နောက်ဒါမျိုးမဖစ်အောင်ဂရုစိုက်ပါ။
  1. Anonymous said... :
    ကောင်းကောင်းပြောလို့မရ ရင် တော့ မောင်းထုတ်ရမှာပဲ... လုံခြုံဖို့က အရေးအကြီးဆုံးပဲ... အဆိုး တစ်ခုခု ဖြစ်သွားခဲ့ရင် အရင်ဆုံး အပစ်တင် ခံရမှာက လုံခြုံရေးတွေ... ပိုးဆိုးပက်စက် ပြောခံလိုက်ရမယ့်ဖြစ်ခြင်း... အခုလည်း လုံခြုံရေးတွေက အမုန်းခံလိုက်ရပြီ... အာဏာမရသေးပဲ ဒီလိုဖြစ်ကုန်ပြီလို့ ပြောတဲ့သူက တော်တော့ကို အသိဥဏ်မရှိလို့... လုံခြုံရေးတွေဘက်က လုံးဝထောက်ခံတယ်...
  1. လွင်မိုး said... :
    စိတ်ပျက်ဖို့ကောင်းတယ်ဗျာ၊ဒီဟာကိုတင်ဖို့ဘယ်သူဆုံးဖြတ်လိုက်တာလဲ၊ဆုံးဖြတ်ချက်မှားသွားပြီလို့ဆိုချင်ပါတယ်၊ဘယ်သူရေးမှန်းမသိတဲ့ဟာ၊ရေးထားတဲ့ပုံကလည်းစိတ်ဂွမ်းကွဲအောင်တိုက်ခိုက်ပြီးရေးထားတာ၊အဲဒါကိုဒီဆိုဒ်မှာတင်လိုက်တယ်ဆိုတော့အများပြောစရာဖြစ်နေပြီ၊အခုလိုအချိန်မှာမတင်သင့်ပါဘူး၊ပြန်ဖျက်သင့်ပါတယ်၊မဖျက်ပဲဆက်ထားမယ်ဆိုရင်တော့commentရာထောင်ချီလာနိုင်ပါတယ်၊ပြသာနာလည်းရှုပ်လာနိုင်ပါတယ်၊ယခုကျွန်တော်ရေးသည့်ဟာကိုဖတ်သည့်ဧရာဂတီသတင်းတည်းဖြတ်သူခင်ဗျား၊သက်ဆိုင်ရာတာဂန်ရှိသူများနှင့်တိုင်ပင်ပြီးတစ်ခုခုလုပ်သင့်ကြောင်းပါ၊စေတာနာဖြင့်ပြောတာပါ၊ယခုပို့စ်ကိုဖျက်သင့်လျှင်ဖျက်သင့်ကြောင်းပါ၊သို့မဟုတ်လျှင်ပြသာနာရှုပ်လာနိုင်ပါသည်။ယခုအချိန်မှာတော့ဖြင့်လုံးဂမတင်သင့်ကြောင်းပြောချင်ပါတယ်ခင်ဗျာ။
  1. သဇင် said... :
    Burma's Voice ပြောတာကို ရာခိုင်နှုန်းအပြည့်အ၀ထောက်ခံတယ်။ သတင်းထောက်နံမည်ကဘယ်သူလဲ၊ ဘယ်သတင်းဌာနကလဲ ဘာမှ မပါဘူး။ သတင်းထောက် အစစ်အမှန်ဆိုရင်တော့ ဒီဆဲ တဲ့ကောင်ကို ဓါတ်ပုံရိုက်ယူလာပြီး ဧရာဝတီကို ပေးမှာ ကျိန်းသေတယ်။ သတင်းထောက်တိုင်း ကင်မရာကိုင်နေကြတာ လူတိုင်းအသိလေ။ ခုဟာကတော့ နအဖ ဘက်တော်သားမို့ လီဆယ်ပြီး NLD ကို အပုပ်ချချင်လို့ တမင်တကာ အကွက်ဆင်ပြီး ပစ်စာပေးနေတာ။ ဒီလို အရေးကြီးတဲ့ အချိန်မှာ မသမာတဲ့သူတွေဘက်က ဘယ်လို အဖျက်လုပ်ငန်းတွေ လုပ်ရင်ကောင်းမလဲ၊ ဘယ်လို အပုပ်ချရင် ရမလဲ ဆိုတာ နေ့တိုင်း စီစဉ်နေကြတာ ပြည်သူ ပြည်သားတွေ အသိပါ။ အခုတော့ ဇာတ်လမ်းက စလာပါပြီ။ တကယ်လို့ သတင်းထောက်အစစ်အမှန်ဆိုရင် NLD ပါတီရဲ့လူကြီးတွေနဲ့ ဒီလိုရိုင်းပြတာတွေကို တိုင်ကြားအသိပေးမှာ အမှန်ဘဲ။ ဘယ်သတင်းထောက်မှ နံမည်ကြီးဘလော့တွေဆီ ပုံကြီးချဲ့ပြီး NLD ကို အပုပ်ချမှာ မဟုတ်ဘူး။ လိမ်ရင်လဲ ပိပိရိရိလေးလိမ်စမ်းပါ။ ခေါင်းက ဖုံးပြီး ဖင်ကပေါ်နေတာမျိုးမဖြစ်ပါစေနဲ့လို့ စေတနာနဲ့ သတိပေးလိုက်ပါရစေ။
  1. Anonymous said... :
    ပြောလိုက်ဆိုလိုက်ကြတာတွေက တကယ့်ကိုအားရစရာပါပဲ။ ဒီလောက်ဆို သူ့နာမည်သူမဖော်ပြရဲတဲ့သတင်းထောက်လည်း သူ့အားနည်းချက်ကို သူတွေ့လောက်ပါပြီ။ လုံခြုံရေးတွေလည်း သတိထားစရာတစ်ခု သင်ယူပြီးဖြစ်လောက်ပါပြီ။ ကျွန်မအနေနဲ့ကတော့ ရှေ့ကရေးထားတဲ့ သူတွေအားလုံးကို အရမ်းချီးကျူးတာပဲ။ အထူးသဖြင့် "လူစဉ်မှီမှီတွေးကြပါ"တို့၊ "အား ကိုအကျိုးရှိတဲ့နေရာမှာ သုံးရအောင် စွမ်းအားရှင်တွေကို ပေါ်တာဆွဲပါလား" ဆိုတဲ့ငေါ့လုံးတို့၊ "ဗိုလ်ချုပ်မှူးကြီးအိမ်ခွေးကတက်တောင်တက်လို့ ရလို့လား" ဆိုတဲ့ ဒဲ့လုံးတို့၊ "နိုင်ငံရေးသမားဆိုရင် အဆဲခံရတာ ပန်းနဲ့ပေါက်သလောက်ပဲရှိတယ်" ဆိုတဲ့ညွှန်းချက်တို့ အရမ်းကောင်းပါတယ်။ ရွှေတွေရဲ့ ဥာဏ်ရည်ဟာမချီးကျူးဘဲကို မနေနိုင်ဘူး။ ဧရာဝတီဘလော့နဲ့ လင့်ခ်ပေးတဲ့ ဒေါက်တာလွဏ်းဆွေကိုတော့ အပြစ်မတင်စေချင်ဘူး။ အာဏာတောင်လက်ထဲမရောက်သေးဘူးလို့ သုံးနှုံးရဲတဲ့ ဒီသတင်းထောက်ဟာ သူ့သတင်းမဖော်ပြရင် မျက်နှာကြီးနိုင်ငံရေးပါတီဘက်လိုက်တဲ့ ဘလော့တွေလို့များ ပြောဦးမလားမသိဘူး။ ပြီးတော့ အယ်ဒီတာက ဖြုတ်ချတာထက် အခုလို လူထုမေတ္တာကို ကိုယ်တိုင်ခံယူလိုက်ရတာက ဒီသတင်းထောက်အတွက် ပိုကောင်းပါတယ်။ အဲ..လုံခြုံရေးတွေက ဆဲတာအမှန်ဆိုရင်တော့ လျော့လျော့ပေါ့ပေါ့ တွေးပေးတာထက် အန်တီစုသိက္ခာမကျအောင် ထပ်မမှားဖို့သတိပေးထားတာ ပိုကောင်းမယ် ထင်ပါတယ်။ ဒါပေမယ့် ဒီလို ပြဿနာမျိုးဟာ နိုင်ငံတကာမှာ ဖြစ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲဥပဒေအတွက် vote no လှုပ်ရှားချိန်တုန်းက ကမ္ဘာ့အဆင့်နံပါတ်တစ်ဆိုတဲ့ ဂျပန်ရဲနဲ့ ဗမာ့ဒီမိုကရေစီလှုပ်ရှားသူတွေကြား ဖြစ်ခဲ့တာ ပြန်သတိရပါ။ World Best ဆိုတဲ့ဂျပန်ရဲတွေ ကမ္ဘာမှာအကြီးအကျယ် အရှက်ကွဲခဲ့ရပါတယ်။ လုံခြုံရေးကအရေးကြီးနေတဲ့အချိန်မှာ လူထုကလည်း(သတင်းသမားအပါအဝင်)ထိန်းလို့ကိုမရတာ အဆိုးဆုံးပဲ။ သေချာတာတော့ အန်တီစုဟာ စည်းရုံးရေးဆင်းစရာကို မလိုတော့တဲ့ လူထုခေါင်းဆောင်တစ်ယောက်ပါ။ လူထုကို ထွက်နှုတ်ဆက်တာထက် စာရင် ဗျူဟာတွေချမှတ်ပြီး လူထုကိုဘာလုပ်ဘာလုပ်လို့ လမ်းညွှန်တာက ခုလိုကြီးမားတဲ့လူထုအားကို နည်းနည်းထိန်းနိုင်မယ်ထင်ပါတယ်။ (ဆရာလုပ်တာမဟုတ်ပါ။ နိုင်ငံရေးလည်း တစ်လုံးမှနားမလည်ပါရှင်။ ထိုမျှကြီးမားသော လူထုကြီးနှင့်ရောနှောနေမည့် အတုအယောင်တွေကြောင့် လုံခြုံရေးထိန်းနိုင်ရန် အကြံဥာဏ်ပေးခြင်းသာ ဖြစ်ပါတယ်။)ဥပမာ (လူငယ်တွေကို ဘယ်ရက်ဘယ်အချိန်လာခိုင်းပြီး ဖတ်သင့်တဲ့စာအုပ်ဝေပေး၊ အဲဒီစာအုပ်အကြောင်း နောက်၅ယောက်စီကို လက်ဆင့်ကမ်းခိုင်းတာမျိုးပေါ့။ ခိုင်းထားတဲ့အလုပ်ကို လုပ်နေရရင် ခြံရှေ့ကို လာချိန်ရမယ်မထင်တော့ပါဘူး။) မိကျောင်းမင်းရေခင်းပြတာ မဟုတ်ပါ။ လုံခြုံရေးအတွက် တစ်စိတ်တစ်ဒေသ ဥာဏ်မီသမျှ ပြောတာပါရှင်။ ခုဖြစ်တဲ့ ပြဿနာကိုတော့ ဒေါ်စုဘေးနားကလူလည်း မာန်တက်တာပါနိုင်သလို၊ သတင်းသမားကလည်း ငါမီဒီယာဆိုတဲ့ အစွဲလေးတော့ ပါနေသေးတာပဲနော့။ နောက်ဆုံးတစ်ခုကတော့ ကျွန်မအနေနဲ့ ခုလိုတင်ပေးတဲ့ ဧရာဝတီဘလော့တို့ကို အားပေးတယ်ဆိုတာပါပဲ။ ရွှေတွေရေးထားတာတွေဖတ်ရတာ နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ ကိုယ်တိုင်သင်ယူနိုင်စွမ်းရှိတယ်ဆိုတာ သိသာပါတယ်။ ပြောခွင့် ကွဲလွဲခွင့် သူများအမြင် သဘောထားတွေကို လွတ်လပ်စွာ ဆည်းပူးခွင့်ရှိတယ်။ နိုင်ငံအပြင်မှာ မျိုးစုံမြင်ဖူးပါတယ်။ မလိုသူတွေက"အထဲမှာနေပြီး ဆုယူနေတယ်" ဆိုတဲ့အပြောမျိုးလည်း ကြားဖူးပါတယ်။ အဲလိုစကားတွေကို အတည်မှတ်နေမယ့် လူငယ်တွေအတွက် ဧရာဝတီလိုဘလော့မျိုးဟာ လိုအပ်ပါတယ်။ comment တွေဖွင့်ပေးထားတာပဲ။ post တစ်ခုပဲတင်ပြီး လူတွေဝါဒကွဲအောင်လုပ်တာမျိုးဆိုရင်တော့ အားမပေးပါဘူး။ အဲလို အမျိုးစုံသော မလိုစကားတွေကို ပွင့်လင်းစွာ ဆွေးနွေးခွင့် ပြန်လည်ချေပခွင့်တွေရှိနေသရွေ့ကတော့ ဧရာဝတီရေ ကျေးဇူးပါ။ Go On..။မလိုစကားတွေကြောင့် ဝါဒကွဲမယ်လို့တော့ လုံးလုံးမှ မထင်ပါဘူး။ အမှန်ကိုအမှန်အတိုင်း မြင်တတ်တဲ့၊ ဝိုင်းကူပြီး ဆုံးမမယ့် ၊ အမြော်အမြင် ကြီးမားတဲ့ ကျွန်မရှေ့က ကွန်မန့်ပေးသူတွေ ရှိနေတယ်လေ။
  1. Anonymous said... :
    very good, three cheers for NLD youths
  1. နော် said... :
    မယုံပါ.......
  1. Anonymous said... :
    အခု တောက်လျှောက် ကျနော် ဖတ်ကြည့်နေပါတယ်။ ကျနော် မြင်တာတော့ေ၇းပ၇စေ။
    ပထမတချက် ကျနော် မြင်တာမှာ ဒါက ပေးစာပါလို့ တပ်ထားပါတယ်။ သတင်းမဟုတ် အယ်ဒီတာ ပြောတာ မဟုတ်
    နောက်တချက် ... သတင်းထောက်နာမည် ပြောပါလားဆိုပြီး ပြောကြတယ်။ ပြည်ပကို သတင်းပို့နေတဲ့ သတင်းထောက်တွေ ဘယ်သူ လူအသိခံ၇ဲလို့လဲ။
    ပြည်တွင်းကနေ သတင်းပို့လို့ ထောင်ကျတော့ရော ဘယ်သူက အေ၇းတယူပြုသလဲ။ နာမည်ဖော်ပြပါလို့ ပြောတာဟာ ခင်ဗျားတို့က ထောင်ထဲပို့တာပဲ ... အဲဒါ စဉ်းစားမိလား
    သိချင် အထဲကို လှမ်းမေးပါလား
    ထောက်လှမ်းေ၇းကို လက်ထောက်ချဖို့ ဒီမှာ မေးနေကြတာလား
    အထဲက အသက်စွန့်လုပ်ရတဲ့လူတွေကို စာနာဦး
    သူများ သဘောကောင်းတိုင်း လွှတ်ဆဲံ မနေနဲ့
    ဒေါ်စု အချုပ်ကျနေတော့ ဘယ်သူ သတိရသလဲ
    ခုမှ မစွာနဲ့
    ဒီလို ဖြစ်လို့ဖြစ်တယ်ပြောာတကို ခင်ဗျားတို့က နာပြနေတာက ဘာလဲ
    ကျနော်ကတော့ ဟမ်ဘာဂါကိုက်ပြီး အားယား မမြင်ရတိုင်းရှောက်ဆဲနေတဲ့ ကောင်တွေ ကောက်၇ိုးမီးတွေပဲံမြင်တယ်
    အန်အယ်ဒီ အထိမခံနိုင်ရအောင် ခင်ဗျားတို့ ဘာလုပ်ပေးဖူးလဲ
    ခုမှ ရွမပြနဲ့
    သောက်ြုမင်ကပ်လို့ပြောတယ်
    ဒါပဲ
    အ၇င်တုူံးက သတင်းထောက်
    အခု နိုင်ငံခြားမှာ နေတဲ့ကောင်
  1. ko said... :
    တော်သေးတာပေါ့မုတ်ဆိတ်မွှေးများထိမိရင်ရန်ကင်းရုံးများတိုင်ဦးမလားမသိဘူး
    (သတင်းထောက်လေသံအတိုင်း)
    ဒီမိုကရေစီကို နားလည်ရဲ့လားလို့ လည်းသံသယ၀င်မိပါတယ်။ (သတင်းထောက်တချို့) မာန်တွေတက်ကုန်တာ။ အံ့သြစရာပဲ။
  1. Anonymous said... :
    သူတို့လက်ထဲတောင် အာဏာမရောက်သေးဘူး ဒီလိုဖြစ်ကုန်ပြီ ဆိုတဲ့စကား က နအဖရဲ့ ဝါဒဖြန့်စကားကြီးပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ nld ကို အာဏာလွှဲပေးရမှာကြောက်တာနဲ့ အစောက စကားနဲ့ ပြည်သူတွေကို မလိမ့်တပတ် ဝါဒဖြန့်တာပါ။ သတင်းသမားဆိုတဲ့သူ (သို့မဟုတ်)မြန်မာပြည်သူတွေအားလုံး သိထားရမှာက အာဏာရှိတုန်း မတရားတာမှန်သမျှ ( လူသတ်၊မြေသိမ်း၊ဒမြတိုက်၊ပေါ်တာဆွဲ၊မုဒိန်းကျင့်၊ရွာမီးတိုက်၊ညှင်းပန်းနှိပ်စက် စတာတွေ)ကို လိုင်စင်ရသလို လုပ်နေကြတာဟာ လုပ်နိုင်တာဟာ နအဖ လို အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာဘဲ ရှိပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ဘယ်လောက်ပဲ အာဏာရှိရှိ မဟုတ်တာကို မတရားတာကို လုပ်လို့မရပါဘူး။ မဟုတ်တာ လုပ်ရင် (အထောက်အထား ခိုင်လုံရင်) သမတ (သို့)ဝန်ကြီးချုပ်ကိုပင်လျှင် တရားစွဲလို့ ရပါတယ်။ nld သည် ဒီမိုကရေစီကို ရဘို့ အားထုတ်နေတဲ့ အဖွဲ့ဖြစ်သောကြောင့် အာဏာရလျှင်လည်း ဒီမိုကရေစီ စနစ်ဖြင့်သာ အုပ်ချုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် အာဏာရှင်တိုရဲ့ အမူအကျင့်များ မပေါ်ပေါက်နိုင်ပါ။ ပေါ်ပါကလည်း သင့်မှာ တရားစွဲပိုင်ခွင့် အပြည့်အဝရှိပါသည်။ ယခုမူ ဘာလုပ်လုပ် ငုံ့ခံနေရတာ မဟုတ်လား?
  1. Unknown said... :
    ဧရာဝတီတင်ခဲ့သမျှပို့စ်တွေထဲ ဒီပို့စ်အစည်ဆုံးပဲ
    ကျွန်တော်ကတော့ ဘေးကပဲအေးအေးဆေးဆေး
    လက်ပိုက်ကြည့်နေတော့မယ် :D
  1. Anonymous said... :
    အားလုံစည်းလုံးနေရမယ်အချိန်မှာ ဒီလိုတွေဖြစ်နေကြတာ
    စိတ်မကောင်းပါဖူး..
    ကာတွန်းမှာဆွဲထားသလိုပဲအချင်းချင်းအခုလိုဖြစ်နေတာတော်တော်လေးကို
    အကြည့်ရဆိုးပါတယ်..
    အမေစုကိုကာကွယ်ပေးနေတဲ့လူငယ်တွေဟာ သူတို့ကိုယ်ကျိုးတောင်မကြည့်ပဲအသက်ပေးပီးကာကွယ်ပေးနေတာပါ..
    ဒီပဲယင်းဖြစ်ရပ်ကိုကြည့်ရင်သိနိုင်ပါတယ်..အမေစုအတွက်အသက်ပေးသွားကြတာပါ
    သူတို့စိတ်ပူမယ်ဆိုလည်းစိတ်ပူလောက်ပါတယ်...အာဏာမရခင်ကတောင်ဒီလိုဖြစ်နေတယ်ဆိုတာ
    ပြောပိုင်ခွင့်မရှိပါဖူး..သတင်းသမားတွေအနေနဲ့လည်း ကိုယ်လိုချင်တာတွေကိုပဲကြည့်မနေသင့်ပါဖူး..အေးအေးဆေးဆေးပြေပြေလည်လည်ပြောပြမယ်ဆိုရင်
    လူငယ်တွေလည်းရိုင်းမယ်မထင်ပါဖူး..သတင်းသမားတွေဖက်ကမှားတယ်လို့ပြောနေတာမဟုတ်ပါဖူး..
    အခုလိုချိန်မှာအချင်းချင်းဒီလိုဖြစ်နေတာကိုမခံနိုင်တာပါ.
    အားလုံးမျှော်လင့်နေတဲ့အချိန်မှာဒီလိုအသံတွေထွက်လာတာဟာ
    ပြည်သူတွေအတွက်ခံရခက်ပါတယ်..
ှုဧရာဝတီအနေနဲ့လည်းအတတ်နိုင်ဆုံးဒီလိုကိစ္စတွေရှောင်ရှားစေချင်ပါတယ်..
    ဒီပိုစ့်အပြင်နောက်ပိုစ့်တစ်ခုပါထပ်တက်လာတဲ့အတွက် တော်တော်လေးကို စိတ်ပျက်ရပါတယ်..
    အခုဆိုဒီသတင်းကဟိုလေးတကျော်ဖြစ်နေပီး..လူငယ်တွေနဲ့သတင်းသမားတွေအကြား အက်ကြားထင်နေပါပီး..ဒီလိုကိစ္စကိုဖြစ်တဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ NLDလူကြီးကိုတိုင်ကြားပီးဖြေရှင်းသင့်တာပါ..
    ကြီးသောအမူကိုငယ်စေ ငယ်သာအမူကိုပျောက်စေ ဆိုတာရှိပါတယ်..
    စည်းလုံးရမယ်အချိန်မှာ ဒီလိုဖြစ်နေရင် အောင်မြင်မူဆိုတာဘယ်တော့မှရနိုင်မှာမဟုတ်ပါဖူး..
  1. ko said... :
    အလှူရှင် = သတင်းထောက်
    ကပ်ပိရ = အန်တီ့ လုံခြုံရေးကို တာဝန် ယူထားသူ
    ထမင်းချက်တာဒီမိုကရေစီ ဆိုရင်ဆွမ်းကပ်တာလည်း အတူတူပေါ့။
    ဆွမ်းကပ်ချင်ရင် (ဦးစွာ) ကပ်ပိရထံ သွားပါ။
    အခြားအလှူရှင် လွတ်သောရက်ကိုရွေးပါ။
    ငါအလှူရှင်ပဲဆိုပြီး ကျောင်းထိုင်ဆရာတော် ကို အခုပဲအိမ်သို့်ကြွပါ ဟုအတင်း ပင့်ချင်၍မရပါ။
    ဤသို့အတင်း ပင့်လိုလျှင် ကပ်ပိရကလည်း (ရက်ချိန်းမစောင့်၍) တားရမည့် ဝတ်တရားရှိပါသည်။ ကပ်ပိရကလည်း ကောင်းမွန်စွာ ပြောဆိုသင့်ပါသည်။
    သို့ပါ၍ ဧရာဝတီကလည်း [(သို့မဟုတ်)မည်သူမဆို] ဤကဲ့သို့ အလှူရှင် ကို ဦးစွာရှင်းပြသင့်ပါသည်။ (ဆန်ဒစောသောအလှူရှင်အားခေါ် လာသူလည်းတာဝန်မကင်းပါ)
    ကောင်းမွန်စွာ ပြောဆိုခြင်းမပြုနိုင်သူလည်း ကပ်ပိရ တာဝန်မှရပ်နား သင့်ပါသည်။
    (မကောင်း မကောင်း မကောင်း စာဖတ်ရသူတွေလည်းမကောင်းပါ ဝါဒကွဲရ၏။)
  1. ဟဟဟ http://www.demowaiyan.co.cc/2010/11/blog-post_25.html#comment-form မှာရေးထားတာလဲ သွားဖတ်ကြည့်ပါဦးဗျာ.. အခုဒီကရေးတဲ့သတင်းနဲ့ အဲဒီကသတင်းဘယ်ကပိုမှန်လဲဗျာ..
    (မြန်မာပြည်သားတစ်ဦး)တစ်ဦးတဲ့ ဟုတ်ကောဟုတ်ရဲ့လားဗျာ.. အတိအကျကိုလိုက်ကြည့်ထားတဲ့ပုံပဲဗျို့.. ဇာတ်လမ်းလေးကတော့အမိုက်သားပဲ.. (အပုပ်ချလိုက်တာ)
    (သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ) တဲ့ ဒါဆို ဂျာနယ်လစ်သမားတွေကို NLD ကဆဲလိုက်တာမသိလိုက်ဘူးပေါ့.. ဘယ်ဂျာနယ်တွေပါလဲဆိုတာ (သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေ)တဲ့ (အေပီတို့၊ အေအက်ဖ်ပီ၊ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ) အဲဒီမှာကို မှားလားမမှားလား စာဖတ်သူများ သတိထားနိုင်ကြပါစေ..
    ငါးမင်းဆွေတို့ကတော့ အော်လံဖား၊လူ့တိရိစ္ဆာန်၊ လူ့ငနွား လူ့ငဖား အခွင့်ရေးသမား၊နအဖစေခိုင်းသူ၊ နအဖ ဘက်တော်သားလို့ လို့အတင်းတုပ် အစွပ်စွဲခံရဦးတော့မှာပဲ အစိုးရကိုချည်းပဲဝေဖန်တာများလွန်းတော့ ဒီလိုမျိုးဒေါ်စုကိုဝေဖန်သူလေး ပေါ်လာတာကိုဂုဏ်ပြုပါတယ်ဗျို့... အစိုးရကိုချည်းပဲဝေဖန်ပုပ်ချဖို့ချည်း စဉ်းစားနေကြတဲ့သူတွေ ဒေါ်စုကိုဝေဖန်တာကိုလဲ ဒီမိုကရေစီလှုပ်ရှားသူများပီပီ အဝေဖန်ခံနိုင်အောင် ငါဟာဒီမိုကရေစီလုပ်နေတာပါလားလို့ စိတ်နှလုံးလေးသွင်းထားကြစေလိုပါတယ်.. မဟုတ်ရင် ခင်ဗျားတို့က စစ်တပ်ထက်ကိုပိုဆိုးနေပြီ..
    ဒါဒီမိုဝေယံဘလော့မှာကျွန်တော်ရေးခဲ့တဲ့ ကွန်မန်းပါ တင်ပေးမှာမဟုတ်လို့ဒီမှာလာရေးလိုက်ရတာပါ..
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved