
နိုင်ငံတကာ သတင်းဌာနတွေကတော့ ဒီလူကြီးက ဒီမိုကရေစီခေါင်းဆောင်၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ် ဘာတွေ ဆွေးနွေးတယ် ဆိုတာကို ဦးစားပေး ရေးသား၊ ဓာတ်ပုံ ရိုက်ကြတယ်။ အပေါ်မှာ မြင်ရတဲ့ အတိုင်းပါပဲ။ သတင်းဓာတ်ပုံတွေ ရှိတဲ့ အင်တာနက်စာမျက်နှာတွေကို သွားလိုက်ရင် ကုလ သံတမန်ကြီး နဲ့ မြန်မာပြည်က အရေးအပါဆုံး နိုင်ငံရေးသမား တို့ပုံတွေကိုပဲ တွေ့ရပါတယ်။
နေပြည်တော်က မလိမ် မညာ လူမသတ်တဲ့ သတင်းစာတွေကတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။

မသိလို့ ထည့်မရေးတာလည်း ဖြစ်နိုင်တာပေါ့လို့ ပြောရင်တော့ အကောင်းမြင်ရာ ရောက်မယ် ထင်ပါတယ်း)
ဧရာဝတီရေ၊ သတင်းစာမှာပါတယ်ဗျ၊ပထမနေ့ ဒေါ်စုနဲ့ တွေ့ တာ၊ ဘာတဲ့- ဖျက်သိမ်းထားပြီးဖြစ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ....
၂၈ ရက်နေ့ သတင်းစာ- စာမျက်နှာ ၅၊ ကော်လံ-၁ မှာဗျ၊ ပုံတော့မပါဘူး၊ ဒေါ်စုပုံထဲ့ရင်၊ မြန်မာ့အလင်းလဲ ဟိုဂျာနယ် ၉ ခုလို ၁ ပါတ်အပိတ်ခံရမှာစိုးလို့ နေမှာပါ..