ချောတိုင် ဆက်တက်ဦးမည့် The Voice

Wednesday, November 17, 2010

စာဖတ်သူများသို့
The Voice Weekly သည် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် ပြောင်းလဲ သွားပြီး ဥပဒေပြုအာဏာ အတွင်းသို့ အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်မည့် နိုင်ငံရေး အင်အားစုများ ရောက်ရှိသွားမည်ဟု ယုံကြည်သည့် အလျောက် ထိုသို့ ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ အခြေအနေသစ်ကို မြင်တွေ့ ရတော့မည်ဖြစ်ကြောင်း အစဉ်တစိုက် မျှော်လင့်ချက်ပေး ရေးသားခဲ့ပါသည်။
ယခုအခါ တဖြည်းဖြည်းပုံပေါ်လာနေသော အခြေအနေ အရပ်ရပ်ကို ကြည့်လျှင် ကျွန်ုပ်တို့၏ ကြိုတင် ခန့်မှန်းရေးသားချက်များ မမှန်ကန်ကြောင်း ထင်ရှားလာနေသည်ကို တွေ့ရသော ကြောင့် The Voice Weekly အနေဖြင့် စာဖတ်သူများကို မဖြစ်နိုင်သော မျှော်လင့်ချက်များ ပေးခဲ့သူအဖြစ် တောင်းပန်ရန် တာဝန်ရှိသည်ဟု ခံစားရပါသည်။
The Voice Weekly အနေဖြင့် ခန့်မှန်း ရေးသားခဲ့မှုများ မှားယွင်း သွားသည့်တိုင် မိမိတို့ အနေဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ ရာနှုန်းပြည့် မှန်ကန်မှုရှိကြောင်းကိုမူ ထပ်မံ၍ ပြောကြားလိုပါသည်။
The Voice Weekly တွင် ရေးသားဖော်ပြခဲ့သော သုံးသပ်ချက်အားလုံးသည် ရာနှုန်းပြည့် ရိုးသား ဖြောင့်မတ်မှု ရှိပြီး နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ မှန်ကန်မှုရှိကြောင်း မှတ်ကျောက်တင်ခံနိုင်ပါသည်။ ထို့အပြင် မည်သည့် Stakeholder တစ်ဖက်ဖက်ကိုမျှ နိမ့်ပါးစေလိုသော ဆန္ဒမရှိဘဲ နှစ်ဖက် Win –Win အလို့ငှာသာ ရည်ရွယ်ခဲ့ကြောင်း ကိုလည်း မှတ်ကျောက်တင်ခံနိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ The Voice Weekly ၏ ခန့်မှန်းသုံးသပ်ချက်များ မှားယွင်းခဲ့ကြောင်းကိုမူ စာဖတ်သူများသို့ ရိုးသားစွာ ၀န်ခံလိုပါသည်။ မိမိတို့ ၏ စေတနာအမှားသာလျှင်ဖြစ်၍ စာဖတ်သူများအား မျှော်လင့်ချက်အမှား ပေးရာ ရောက်ခဲ့လျှင်လည်း ကျွန်ုပ်တို့၏ အနူးအညွတ် တောင်းပန်မှုကို လက်ခံ၍ စာဖတ်သူများက ခွင့်လွှတ် ပေးကြမည်ဟု ယုံကြည်ပါသည်။
The Voice Weekly အနေဖြင့်မူ မိမိတို့ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်း နိုင်ငံနှင့် လူမျိုး အတွက် မလျှော့သော ဇွဲလုံ့လဖြင့် ဆက်လက် တာဝန် ထမ်းဆောင်ပါမည့် အကြောင်း စာဖတ်သူများသို့ တစ်ပါတည်း အသိပေး လိုက်ပါသည်။
အယ်ဒီတာ (၉-၁၁-၂၀၁၀)

5 comments :

  1. "We sincerely apologize for our sincere mistake and will sincerely continue to do it because we did it sincerely and still sincerely believe that it is the right thing to do even though we were sincerely wrong about it." - The Noise Weekly

  1. "We apologize for our honest mistakes and we would like to repeat them again and again." - Third mistake forces

  1. Anonymous said... :

    လူသားအားလုံးမှားနိုင်ပါတယ်။ ဒါပေမဲ့ ရည်ရွယ်တဲ့အမှားမျိုး မလုပ်ဖို့တော့လိုတယ်။

  1. Anonymous said... :

    သို့.... စာဖတ်သူ မိဘပြည်သူများခင်ဗျား။

    မကြာမီက မိမိတို့ “သဘောက်”ဂျာနယ်မှ ပြုလုပ်ခဲ့သော ခန့်မှန်းဟောကိန်းထုတ်မှုများသည် ယခုအခါ မမှန်ကန်ကြောင်း ထင်ရှားလာသောကြောင့် မိမိတို့ အနေဖြင့် စာဖတ်သူ ပြည်သူများအား မျက်နှာအောက်ချ၍ ရိုကျိုးစွာ တောင်းပန်ရန် တာဝန်ရှိသည်ဟု ခံစားရပါသည်။ မိမိတို့၏ ခန့်မှန်း ရေးသားခဲ့မှုများ မှားယွင်း သွားသည့်တိုင် မိမိတို့ အနေဖြင့် နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ ရာနှုန်းပြည့် မှန်ကန်မှုရှိကြောင်းကိုမူ ကျိန်ဆို၍ ပြောကြားလိုပါသည်။ ဘုရားစူး၊ မိုးကြိုးပွတ်၊ ကာလနာတိုက်၊ ချီးကားတိုက်။

    မိမိတို့၏ ဟောကိန်းထုတ်မှုများသည် ၁၀၂.၀၉ ရာနှုန်းပြည့် ရိုးသား ဖြောင့်မတ်မှု ရှိပြီး နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသော စေတနာ မှန်ကန်မှုရှိကြောင်း မှတ်ကျောက်တင်ခံနိုင်ပါသည်။ ထို့အပြင် မည်သည့် Stakeholder တစ်ဖက်ဖက်ကိုမျှ နိမ့်ပါးစေလိုသော ဆန္ဒမရှိဘဲ ဘက်ပေါင်းစုံ Win-Win-Win-Win..............Win-Win အလို့ငှာသာ ရည်ရွယ်ခဲ့ကြောင်းကိုလည်း မှတ်ကျောက်တင်ခံနိုင်ပါသည်။

    မည်သို့ပင်ဖြစ်စေ မိမိတို့၏ ခန့်မှန်းသုံးသပ်ချက်များ မှားယွင်းခဲ့ကြောင်းကိုမူ စာဖတ်သူများသို့ ရိုးသားစွာ ၀န်ခံလိုပါသည်။ မိမိတို့ ၏ စေတနာအမှားသာလျှင်ဖြစ်၍ စာဖတ်သူများအား မျှော်လင့်ချက်အမှား ပေးရာ ရောက်ခဲ့လျှင်လည်း မိမိတို့၏ အနူးအညွတ် တောင်းပန်မှုကို လက်ခံ၍ စာဖတ်သူများက ခွင့်လွှတ် ပေးကြမည်ဟု ယုံကြည်ပါသည်။ ထိုသို့ သနားခွင့်လွှတ်ပြီးသကာလ မိမိတို့ “သဘောက်”ဂျာနယ်ကို ဝယ်ဖတ်မြဲ ဝယ်ဖတ်မည်ဟု မိမိတို့ မျှော်လင့်လျက်ရှိပါသည်။ ဆက်လက် အားပေးကြပါဦးနော်။

    မိမိတို့ အနေဖြင့်မူ မိမိတို့ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်း နိုင်ငံနှင့် လူမျိုး အတွက် မလျှော့သော ဇွဲလုံ့လဖြင့် ရိုးသားသောအမှားများကို ထပ်ကာ ထပ်ကာ အဖန်တလဲလဲ ကျူးလွန်နေဦးမည်သာ ဖြစ်ကြောင်းကိုလည်း အောက်ပါ သီချင်းလေးအတိုင်း စာဖတ်သူများသို့ တပါတည်း အသိပေး လိုက်ပါသည်။

    “အရင်လို ဘဝအစမှာ.... ပြန်ပြီးနေခွင့်ရတောင်....
    အပြန်တရာ မိုက်ဦးမှာ၊ အဖန်တရာ မှားဦးမှာ.....
    နောက်ဆုံးတော့လေ...စဉ်းစားမိတာ....
    သဘောက်မှာ မျက်စိမရှိပါ”

    ပုံ...
    ရိုးသားမှုပေါင်းမြောက်မြားစွာဖြင့်၊
    အလွန်တရာ ရိုးသားဖြောင့်မတ်သော သဘောက်ဂျာနယ် အယ်ဒီတာ။

  1. သူတို့နဲ့က အခုမှကွဲနေတာ မဟုတ်ပါဘူးဗျာ။ သူတို့က အခုမှ နအဖနဲ့ ကွဲလာတာ။

    မှားတာလည်း ချောတိုင်တက်တာ တခုတည်း မဟုတ်ဘူး။ မှားခဲ့တာ တောက်လျှောက်။ ချောတိုင်ထောင်ဖို့ အားပေးခဲ့တယ်။
    တိုင်ကူရှာခဲ့တယ်။ ချောဆီကူသုတ်ခဲ့တယ်။ ချောတိုင်တက်ဖို့လည်း လိုက်ဆွယ်ခဲ့တယ်။

    အခုတောင်းပန်နေတာက သူများတွေလို ချောတိုင်တက်တာတခုတည်း မှားမိသလိုမျိုးနဲ့ ဖောရှောလုပ်နေတာ။ ဒါတောင် တက်ရင်းအကျနာလို့ တောင်းပန်တာ။ ချောတိုင်ကို ဝေဖန်တာ ဘာမှမရှိဘူး။ ချောဆီကူသုတ်ခဲ့လို့ နောင်တရတယ်လို့ ပြောတာမရှိဘူး။ နောက်ပြီး ဆက်တက်မယ် ဆိုပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved