ဟက်ကာ အဖွဲ့၏ ပေးစာ
Tuesday, December 14, 2010
စစ်အာဏာရှင် စနစ်ဆိုးအောက်မှ လွတ်မြောက်လိုကြသော မြန်မာပြည်သူပြည်သားများ ခင်ဗျား-
ကျွန်တော်တို့ Blinkhackergroup မှ ကမကထပြုလုပ်ပြီး စစ်အာဏာရှင်နှင့် ၄င်းတို့ကို ကျားကန်ပေးနေသော ဒေါက်တိုင်မီဒီယာများကို အင်တာနက်စစ်ပွဲတရပ်ဆင်နွဲသွားပါမည်။
ကျွန်တော်တို့ BHG အုပ်စုသည် ရတနာပုံဝက်ဘ်ပေါ်တယ် ( Yatanarpon Web Portal) အပါအ၀င် စစ်အုပ်စု ၏ ၀က်ဘ်ဆိုက်များကို တိုက်ခိုက်လျက်ရှိပါသည်။
ဤကဲ့သို့တိုက်ခိုက်နေရာတွင် ပိုမိုထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် စစ်အာဏာရှင်ကို မုန်းတီးသူတိုင်း ပါဝင်နိုင်ရန်အတွက် အထက်ပါအစီအစဉ်ကိုချမှတ်ခဲ့ကြ ပါသည်။
မိမိတို့အိမ်မှနေပြီး ချွေးတစက်မထွက်ဘဲ အထိရောက်ဆုံးနည်းလမ်းဖြင့် နအဖစစ်အာဏာရှင်တို့ကို ကောင်း ကောင်းဒုက္ခပေးနိုင်သည့် အစီအစဉ်တွင်ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ကျွန်တော်တို့၏ ညီညွတ်မှုအားဖြင့် နအဖစစ်အာဏာရှင်တို့ကို အင်တာနက်ပေါ်တွင် တိုက်ခိုက်ကြပါစို့။ စစ်အာဏာရှင်တို့၏ ဒေါက်တိုင်များကို တခုပြီးတခု ဖြိုချသွားကြပါစို့။
ဤနည်းလမ်းဖြင့်တိုက်ခိုက်ခြင်းသည် သင့်ကို မည်သည့်အန္တရာယ်မှ မကျရောက်စေပါ။ သင်တို့၏ IP ကို လိုက်ရှာ၍မရနိုင်သော DDOS Bot စနစ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပါသည်။
====================================
ကျန်ရှိသည့် အချက်အလက်များကို သိလိုပါလျှင် http://blinkhackergroup.blogspot.com/ သို့ လာရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်
BHG
33 comments :
  1. Anonymous said... :
    အစားမတော် တလုတ်တဲ့။ ကိုကတော့ စစ်အစိုးရကိုတိုက်မယ်ဆိုပြီး ကိုယ့်ကွန်ပြူတာ သွားပေးမှ တောင်းတဲ့လူက စစ်အစိုးရဖြစ်နေပြီး အခြားနိုင်ငံတွေ သွားတိုက်မှ ကိုပါအချောင်နေ ချောက်ထဲကျနေဦးမယ်။
    သတိလဲထားကြဦး။
  1. ကျနော် ကွန်ပြူတာ နဲ့ ပါတ်သက်ရင် ရေးချင်တာလေးတွေ လက် ချောင်း ၃ ချောင်းထက်မပိုဘဲ နှိပ်တတ် ရေးတတ်ရုံဘဲ သိပါတယ်။
    ဒါပေမဲ့ ၀ီကီလိခ် ကို လက်မခံပါ။ DDoS နဲ့  ဆန့် ကျင်ဘက်(သဘောထားကွဲပြားသူတွေ) ကိုတိုက်ခိုက်တာ လက်မခံပါ။
    ငါနဲ့ မတူ ငါ့ရန်သူ ။ မဲမဲ မြင်ပစ် ဆိုတာ လက်မခံပါ။
    လွတ်လပ်စွာ သဘောထားကွဲပိုင်ခွင့်( agree to disagree) ကို လက်ခံပါတယ်။
    စစ်ဖက်ဆစ်တွေ ဘက်ကလဲ ပြောချင်တာပြောနေပါစေ။
    အမှန်တရားဘက်က ရပ်နေသူတွေအဖို့ (သတင်းရရုံ၊ သူတို့ မိုက်ရိုင်းတာ သိရုံ) အထိ ကျေးဇူးပြုပါတယ်။
    BHG ကလဲ ယုံကြည်ရာ ဆက်လုပ်ပါ။
    စစ်ဖက်ဆစ် ၀ါဒ ကျဆုံးရေးအတွက် တစိုက်မတ်မတ် ဦးတည်နိုင်ပါစေ။
  1. အင်တာနက်စစ်ပွဲတော့လုပ်ချင်လုပ်ပါဗျာ...
    ဒါပေမယ့် မြန်မာနိုင်ငံက Connection ကိုတော့ပိုပြီးနှေးကွေးသွားအောင်တော့ မလုပ်စေချင်ဘူးဗျာ။
  1. Anonymous said... :
    လင့်ခ်ကို သွားကြည့်ပြီးပါပြီ၊ အစိမ်းသက်သက်သမားတွေအတွက် နဲနဲတော့ အသေးစိတ်ပြောပြဖို့ လိုမယ် ထင်ပါတယ်။ အခု download လုပ်ပြီး၊ အခုပဲ အဲဒီအဆင့်တွေ ဆက်တိုက်လုပ်ရမှာလား၊ ၁၈ ရက်နေ့မှာ ဘာလုပ်ရမှာလဲ သိပ်နားမလည်လို့ပါ။
  1. Anonymous said... :
    နဲနဲပါးပါးစဉ်းစားပြီးလုပ်ကြပါ . .“နအဖစစ်အာဏာရှင်တို့ကို ကောင်း ကောင်းဒုက္ခပေးနိုင်” လားဘာလားတော့မသိဘူး . .လောလောဆယ်တော့ မြန်မာပြည်သူတွေ အင်တာနက်ကိုကောင်းကောင်းမသုံးရတော့ဘူး . .တိုက်ခိုက်ခံရတယ်ဆိုပြီး ရွေးကောက်ပွဲမတိုင်ခင်ကတည်းက လိုင်းတွေမကောင်းတာ . .အခုထိပဲ . .အခုရက်ပိုင်းမှာ . .ဘယ်လောက်ဆိုးသလဲဆိုရင် နယ်ဘက်မှာ . .နေ့လည်ဘက်ဆို .လိုင်းတွေသုံးမရအောင်နှေးနေလို့ အင်တာနက်ဆိုင်တွေပိတ်ထားရတယ် . အာဏာရှင်တွေကတော့ ဘာဖြစ်မလဲ အေးဆေးပေါ့ စင်ပေါ်မှာပဲ ..နဂိုကတည်းက သတင်းနဲ့ ဆက်သွယ်ရေးတွေကို အမှောင်ချ ထိန်းချုပ်ချင်နေတာ . .အခုတော့ တိုက်ခိုက်ခံနေရပါတယ်ဆိုပြီးတော့ လိုင်းတွေကိုနှေးထားတော့ ပြည်သူတွေပဲခံပေါ့ . . .ပြည်ပရောက်နေတဲ့ မျိုးချစ်တွေကိုပြောချင်ပါတယ် . . အပြင်ရောက်နေတိုင်းလုပ်ချင်တာလုပ်လို့ရပေမယ့် . .အထဲကလူတွေအတွက်လည်း စဉ်းစားပါအုန်း . .
  1. ahphyulay said... :
    အင်း...
    အပေါ်က ကွန်မန့် အတိုင်းပါပဲ။
    အထဲကပြည်သူတွေကိုသနားကြပါ၊ သူတို့ က နီးရာကိုထောင်းကြမှာပါ။
    အပြင်ရောက်လို့  ကိုယ်က လွတ်လပ်ပေမဲ့  သူတို့ က ကျန်နေရတုံးပါပဲ။
    ပိုင်မှ လုပ်ကြစေချင်ပါတယ်။ မှန်တာကတော့  တစ်နေ့  ပေါ်မှာပါဗျာ..။
  1. Anonymous said... :
    no.. u guys are stupid, this is aim for oversea Myanmar who can use internet better than inside.
    they can help shut down government website by downloading software to participate in DdOS attack. i support.
  1. Anonymous said... :
    ချစ်ခဲ့တာလား ရူးခဲ့တာလားကွယ်))))))))
    မြန်မာပြည်မှာ အိမ်ကနေ အင်တာနက်သုံးတယ် ဆိုတာက ရှိတော့ရှိတယ် ရှားတယ်
    နောက်ဆုံးနေခဲ့တဲ့အချိန်ထိပဲ ဒီနေ့ တော့မပြောတတ်...
    ကဘာမှာ အင်တာနက် ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုဆုံး ဆိုတဲ့ တရုတ်လိုနိုင်ငံကြီးဘေးကနေ ဆိုးရွားတဲ့ကွန်နက်ရှင်ကို အသုံးပြုနေရတာ မြန်မာ လူထုအတွက်တော့ စိတ်မချမ်းမြေ့စရာပါ. ဆိုက်ဘာကဖေး ဆိုင်ကနေ တိုက်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူး..မအောင်မြင်နိုင်ပါဘူးလို့ ထင်တယ်
  1. Anonymous said... :
    ဒီလောက် တိုက်ချင်ရင် နေရင် ရှေ့ တန်းမှာ သွားတိုက်ကွာ..
    စစ်အာဏာရှင် စံနစ်ကို ထိမထိတော့ မသိဘူး
    မင်းတို့  တိုက်တာ ISP ကိုထိတယ်
    ISP ထိတော့ ပြည်တွင်းက အင်တာနက် သုံးနေရတဲ့ ဘလော့ဂါတွေ၊ လူငယ်တွေ အခက်တွေ့ တယ်
    ဒီလို အချိန်မျိုး လူတွေ အတွက် အင်တာနက် ဆက်သွယ်မှု ဟာ အရေးကြီးတဲ့ နေရာမှာ ရှိတယ်
    လူကြားထဲ ဗုံးဖေါက်တာနဲ့ အတူတူပဲ
    အစိုးရကို တိုက်ခိုက်ပါတယ်ဆိုပြီး ပံ့ပိုးမပေးမိစေနဲ့ 
    ဒါ အရူးထ တာထက် မပိုဘူး..
  1. Anonymous said... :
    Download javaLOIC for Mac OS X;
    http://www.mediafire.com/?v71xomi7aogto92
    Tutorial on YouTube;
    http://www.youtube.com/watch?v=BueNR7Ff66c&feature=watch_response
  1. Anonymous said... :
    ရန်ကုန်က အင်တာနက် သုံးသူ တယောက်နဲ့  ဂျီတော့မှာ ပြောထားတာတွေပါ။
    Aung911: hacker တွေကို တခုတော့ ပြောချင်တယ်
    တို့က လွတ်လပ်စွာ အင်တာနက်ကိုသုံးစွဲခွင့်ရတာမဟုတ်
    အခု mpt ကို hack တော့ အစိုးရမှာ
    စိတ်ချလုံခြုံတဲ့ လိုင်းတလိုင်းရှိပြီး
    ခုထိနေတာက ပြည်သူပြည်သားတွေ အင်တာနက်ဆိုင်တွေပါ..။
    သတင်းစာကိုတောင်မထိပါဘူး
    အပြင်ကနေ ဖတ်လို့ရနေတယ်ဟုတ်လား
    ထိုနည်းတူစွာ စစ်တပ်ကိုလဲ မထိပါဘူး
    နေပြည်တော်မှာလဲ အိုကေပါတယ်
    နောက်နေကြသေး
    အင်တာနက်ကောင်းကောင်းသုံးချင်ရင်
    နေပြည်တော်လာခဲ့တဲ့
    အပြင်က လူတွေက သိပုံမပေါ်ဘူး ဒီက ဒုက္ခ ကိုလေ
    Min: ဟက်ကာ အယောင်ဆောင်တွေ ဖြစ်နေအုံးမယ်။ နအဖ ပုံမှားရိုက် လျှောက်ပြောတာလည်း ဖြစ်နိုင်တယ်။
    Aung911: လုံခြုံတဲ့ သီးသန့်လိုင်းဆိုတာ ရှိနေတော့ တိုက်လေ ကြိုက်လေ.. ခုတော့ ပြင် တောင် မပြင်တော့ဘူး မို့လား.. မတတ်နိုင်လို့ပါ ဆိုပြီးလေ
    ဒါ အစိုးရ လက်ချက် ဆိုရင် ဧရာဝတီမှာတင်ထားတဲ့ လင့်က် ထဲ သွားဝင်မိကြရင် ဒုက္ခ မများကုန်ဘူးလား။ ပြည်တွင်းက အိမ်မှာ အင်တာနက် သုံးသူတွေကို အစိုးရက ကွိုင် ရှာလိမ့်မယ်။
  1. Anonymous said... :
    ကျနော်တို့ကတော့ ထောက်ခံတယ်။ ဒီလိုတိုက်ခိုက်တာဟာ မြန်မာနိုင်ငံရဲ့ အင်တာနက်ကွန်နက်ရှင်ကိုတိုက်ခိုက်တာမဟုတ်ပါဘူး။ မီဒီယာတွေကို Internet ပေါ်ကနေဖြုတ်ချတာပါ။ ပြည်တွင်းကော်နက်ရှင်နဲ့ ဘာမှမဆိုင်ပါဘူး။ ဘယ်အရာမဆို ကောင်းတာရှိသလို ဆိုးတာလဲရှိမှာပဲ။ ဆိုးတာကိုချည်းပဲကြည့်နေရင် နအဖ ပြုသမျှ ခေါင်းငုံ့ခံနေကြပေတော့။ ဆိုက်က္ကားစီးပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင် လုပ်ကြပေတော့။
  1. Anonymous said... :
    fully support the program. just want the detailed instruction.
  1. Anonymous said... :
    နိုင်ငံတကာမှာ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ DDOSလုပ်ရင် ပြစ်မှုမြောက်ပါတယ်။ မည်သည့်အန္တရာယ်မှ မကျရောက်နိုင်ပါကြောင်း ဘယ်လို အာမခံမှုပေးနိုင်ပါသလဲ တကယ်ဖြစ်လာရင် ကိုယ်လုပ်ကိုယ်ခံရမှာပါ။ သူတို့ပေးထားတဲ့ IRC Server လိပ်စာဟာ ရုရှားကဖြစ်နေတဲ့အချက်ကလည်း စဉ်းစားစရာပါ။ စစ်အစိုးရကို ဆန့်ကျင်ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဘာမှမသိနားမလည်ပဲ လုပ်လိုက်မိတာမျိုး မဖြစ်စေချင်လို့ သတိပေးရတာပါ။ ဧရာဝတီလို အထင်ကရ ဘလော့ဂ်ကြီးတစ်ခုအနေနဲ့ သေသေချာချာ စုံစမ်း စိစစ်ပြီးမှ တင်သင့်တဲ့အကြောင်းအရာတစ်ခုလို့ပဲ ပြောချင်ပါတယ်။
  1. Anonymous said... :
    ထည့်ခိုင်းတဲ့ဆာဗာကြီးကလဲ ရုရှား ဆာဗာကြီးပါလား..။
    ဘာမှနားမလည်ရင် ဘာမှကိုယ့်စက်ထဲကို install မလုပ်တာအကောင်းဆုံးပါ..။
  1. Anonymous said... :
    Bot က DDOS Suside Bot ဖြစ်ပါတယ်။ ရှုရှားဆာဗာမှာတင်ထားပါတယ်။ ရုရှားဆာဗာဆိုတိုင်း နအဖနဲ့ ဆက်နွယ်တယ်လို့ ခင်ဗျားထင်ပါသလား။ အမေရိကန်မှာလည်း မြန်မာဆာဗာတွေထိုင်ထားတာရှိပါတယ်။ ရုရှားရောက်မြန်မာစစ်ဗိုလ်တွေထက် ရုရှားသက်ရင့်ပါတယ်။ ခင်ဗျားလည်း သေချာပြန်လေ့လာပါ။ မကူညီချင်နေပါ။ မနှောင့်ယှက်ပါနဲ့။ Bot ကို တခါသုံးပြီးရင် ပြန်ဖြုတ်လိုက်တာနဲ့ ပြီးသွားပါပြီ။ ခင်ဗျားနောက်တခါ IRC နဲ့ ဒါကိုမသုံးမချင်းပေါ့။ မသိတဲ့သူတွေကို လိုက်ပြီးအပင်းမထည့်ပါနဲ့။
  1. Anonymous said... :
    ပညာရှင်တွေကို လေးစားပါတယ်....အတတ်ပညာကိုမှန်ကန်စွာအသုံးချကြပါ… ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကိုယ်ပိုင် သတင်းလွတ်လပ်ခွင့်ပေးသင့်တယ်…စိတ်ဝင်စားသူ ဆိုဒ်ထဲဝင်ကြည့်မယ်..လေ့လာမယ်…အမှားအမှန်ဝေဖန်စမ်းစစ်နိုင်မယ်… စိတ်မ၀င်စားသူအဖို့ ကတော့ ဘယ်သူမှ အချိန်ကုန်ခံပြီး ၀င်ကြည့်မှာမဟုတ်ပါဘူး…..အဖျက်လုပ်ချင်သူမှန်သမျှ အားမပေးဘူးဗျာ…အင်း … ဒီလိုစိတ်နေစိတ်ထားတွေ ကြီးစိုးတာကြောင့်ဖြစ်မယ်…တို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေ……
  1. သူများရေးထားတဲ့ Open Source ပေးထားတဲ့ software တွေသုံး၊ အများသုံး Free Server တွေသုံးပြီး Attack လုပ်တာလောက်နဲ့ Hacker အဖွဲ့ဆိုပြီး ကြီးကြီးကျယ်ကျယ် နာမည်ခံနေကြသေးတယ်။ ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်။
    မြန်မာပြည်မှာ ISP သုံးခုရှိတယ်။ အဲဒီထဲက ၁-ခုက စစ်တပ်ကဟာပဲ။ံHacker နာမည်ခံထားသူများ စွမ်းနိုင်ရင် အဲဒီထဲအထိ ဝင် Hack လုပ်၊ စစ်တပ်ရဲ့ ဒေတာတွေ အားလုံးရအောင်ယူ၊ ပြီးရင် Wikileaks လို ဖွင့်ချလေ။
  1. Anonymous said... :
    မော်တော်ကားစီးနိုင်တာနဲ့ ကြွားနေချင်သေးတယ်။ ကိုယ်တိုင်အစွမ်းအစရှိရင် သံရည်ကျို၊ မိုလောင်း၊ ဘော်ဒီထုပြီး မော်တော်ကားလုပ်စီး။ အဲလိုပြောလိုက်တာနဲ့တူနေပြီ။ opensource ပါဆိုမှ ယူသုံးတော့တာပေါ့။ လိုင်စင်ရှိပြီးသားကို ခိုးသုံးနေတာထက်စာရင် အများကြီးဂုဏ်ရှိပါတယ်။ ကိုယ့်ဟာကိုယ်ပြန်မေးကြည့်ဦး။ ဘယ်အဆင့်အတန်းမှာ ပါလဲဆိုတာ။ စစ်တပ်က ISP တခုရှိတယ်။ Server ထဲမှာ အောကားပဲ တင်ထားတယ်။ လုပ်စရာကိုမလိုဘူး။
  1. Anonymous said... :
    အဖျက်မှတ်ချက်တွေ ဒီလောက် ၀င်ပေးနေကြတာ သိပ်ကြောက်နေကြပုံ ရတယ်။ သာမန် မြန်မာနိုင်ငံသားအနေနဲ့ လမ်းပေါ်မှာ စစ်တပ်နဲ့ ထိပ်တိုက် တွေ့တာ မဟုတ်တဲ့ ဒီလောက် စွန့်စားမှုလေးကို အကြောက်တရား၊ မဆိုင်သလို နေချင်စိတ်ဖယ်ပြီး အားလုံး ပူးပေါင်းပါဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကိစ္စ စစ်တပ်ဖက်က ဒီလို လှုံ့ဆော်ပြီး အယောင်ဆောင်မှာလဲ။ လူတွေကို ထင်ယောင်ထင်မှားနဲ့ မပါဝင်အောင် စိတ်ဓာတ်စစ်ဆင်ရေးတွေ လာလုပ်နေကြတယ်။ တို့ကတော့ တိုက်လို့ရမယ့် နည်းမှန်သမျှ အားပေးတယ်။
  1. Anonymous said... :
    နအဖရဲ့အောက်ဆွဲဖော်လန်ဖားတွေ ဖျက်လိုဖျက်ဆီးလုပ်နေကြတယ်ဆိုတာ အရမ်းသိသာပါတယ်။ အခုလို လူငယ်တွေရဲ့ စစ်အာဏာရှင်ကို ရတဲ့နည်းနဲ့ တွန်းလှန်ဖို့ စိတ်ကူးရတာ ချီးမွှမ်းပါတယ်။
    ဘေးထိုင်၊ ဘုပြော၊ ဂဏန်းလို ကန့်လန့်တိုက်တဲ့လူတွေနဲ့ စစ်ကျွန်ဘ၀မှာ ပျော်မွေ့နေတဲ့သူတွေအတွက်တော့ ဆေးခါးကြီးပေါ့။
  1. Nazgaul said... :
    ဒီမှာ ကို Anonymous,
    ခင်ဗျား ပုံစံက ဘယ်လိုဖြစ်နေပြီလဲဆိုတော့ ငါနဲ့မတူ ငါ့ရန်သူလုပ်နေတဲ့ ပုံမျိုးဗျ .. ခင်ဗျားလဲ toyota မကြိုက်ဘူး ကျန်တဲ့သူတွေလဲ toyota မကြိုက်ဘူး ဒါပေမယ့် ခင်ဗျားက cadillac စီးချင်စီးမယ် တခြားသူတွေက သူတို့ကြိုက်တဲ့ ford တို့ audi တို့စီးချင်စီးမှာပေါ့မှာ .. ဘာလို့ သူများကိုလိုက်ပြောချင်နေရတာလဲ .. လူတိုင်းမှာ လွတ်လပ်ခွင့်ရှိတယ်လေ .. ခင်ဗျားလဲ အဲ့ဒါလိုချင်လို့ နအဖ ကိုတိုက်မယ့် ကိစ္စ အားပေးနေတာမဟုတ်ဘူးလား .. ခင်ဗျားက ကြေးမုံကို တိုက်မယ့်ကိစ္စ သကြားမင်းဆင်းမယ့် ကိစ္စလောက် အရေးပါမယ့် ထင်ပေမယ့် တခြားသူတွေက စိတ်မဝင်စားတာလဲ ရှိမှာပေါ့ဗျာ .. ဒါနဲ့ ကြေးမုံကိုတိုက်တာ အရေးပါလှပြီ ထင်ရအောင် ကြေးမုံကို တနေ့တနေ့ဝင်ကြည့်တဲ့သူတွေ ဘယ်လောက်ရှိနေလို့လဲ .. ဆိုဒ်ကျသွားရင်တောင် သိလိုက်မှာမဟုတ်ဘူး .. တကယ် လုပ်နိုင်တဲ့ hacker ဆရာကြီးတွေဆိုရင်လဲ ကြေးမုံလောက်ကို မျက်စိထဲထားမယ်မထင်ပါဘူး အခု ရတနာပုံကြီးက online ပြန်ရောက်နေပြီပဲ ပြန်ဖြူတ်ချပါလား အဲ့ဒါကမှ ကြေးမုံထက်သာဦးမယ် ..
  1. Anonymous said... :
    ကြေမုံသတင်းစာကို ဘယ်သူက အရေးလုပ်ဖတ်နေလို့ တိုက်ချင်ရတားဒုန်း ။ တော်ကြာ သတင်စာတိုက်က ဆ၇ာတွေ အလုပ်ပြုတ်သွားမှာ မြန်မာတစ်ချို့ ထမင်းငတ် အလုပ်လက်မဲ့ဖြစ်သွားတာပဲ ပိုမယ်ဆရာ ။
    တောင်းဆိုချင်တာကတော့ မြန်မာပြည်က အစကတည်းက မှ သတင်းတွေဖတ်ရတာ ခက်တာ တစ်မျိုးနက်သုံးရတာ နှေးတာတစ်မျိုးနဲ့ မို့ ပြည်သူတွေလဲ အကန်းနီးနီးပါပဲ ။လိုရင်းကတော့
    "သင့်ကြောင့်အင်တာနက်တွေပိုနှေးမသွားပါစေနဲ့ "
    သူတို့လဲ ပြောချင်ရာပြောပါစေ ခင်ဗျားတို့လဲ ပြောချင်ရာပြောကြပေါ့
    ဘယ်သူကောင်းလဲ မကောင်းလဲ ဆိုတာ ပြည်သူတွေပဲ ဆုံးဖြတ်ကြပါစေ :)
  1. Anonymous said... :
    ခင်ဗျားတို့ အစွမ်းရှိရင် လုပ်ကြပေါ့။ ဗုန်းခိုးထောင်၊ ခွဲတဲ့ နည်းလမ်းနဲ့မကွာပါဘူး။ ခင်ဗျားတို့က လက်ထဲ ဗုံးတစ်လုံးရှိရင် ထောင်ခွဲမယ့်လူတွေပဲ။
  1. Anonymous said... :
    ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ငါတို့ကတော့ ကြေးမုံကို နေ့စဉ်ဖတ်တယ်။ မဖတ်ဖူးဆိုတဲ့သူတွေက ပိုတောင်ဖတ်သေးတယ်။စာလုံးပေါင်းကအစတောင် လိုက်စစ်ပေးသေးတယ်။ဘယ်လောက် ကောင်းသလဲ။
    တော်ကြာ ကြေးမုံဆိုက်မရမှ မီဒီယာဆိုက်တွေ ကြေးမုံထဲက ပုံတွေစာသားတွေ ကူးလို့မရပဲဖြစ်သွားမယ်။
    အစိုးရရဲ့လုပ်မယ့်ပုံစံတွေဟာ ကြေးမုံ သတင်းတွေမှာရေးတာဆိုတော့ ဒီဆိုက်ကို မဖတ်လို့မဖြစ်ဘူးဗျ ဖတ်ကိုဖတ်ရမယ်။မဖတ်ရင် ကိုယ်တစ်ဘန်းရှုံးတာပဲ။
    နေပါအုံး ကိုဟက်ကာကြီးတို့ကို မေးပါရစေဗျာ။ ခင်ဗျားတို့က အဲဒီအစိုးရ၀က်ဆိုက်တွေကို တစ်သက်လုံးဖွင့်မရအောင် တိုက်ခိုက်မှာလား????အဲဒါဆို ကျုပ်လုံးဝထောက်ခံတယ် ။အဲလိုမဟုတ်ပဲ မိနစ်ပိုင်းလောက် နာရီပိုင်းလောက် ရက်ပိုင်းလောက်လေးနဲ့တော့ တိုက်မနေပါနဲ့ဗျာ ခင်ဗျားတို့ လက်ညောင်းရုံကလွဲလို့ ဘာမှအသုံးမ၀င်ပါဘူး။
    လုပ်ရင်အပြတ်လုပ် မလုပ်နိုင်ရင် မလုပ်နဲ့။ဒါပဲ
    ဟတ်ကာများကို အထင်မကြီးသူ
    မောင်ကာလု
  1. HRmyanmar said... :
    DDOS နဲ့တိုက်တယ်ဆိုကတည်းက တစ်နည်းအားဖြင့် ရာဇဝတ်မှု တစ်ခုကျူးလွန်တာပါ ... လုပ်တောင်မလုပ်ရသေးဖူး ရာဇဝတ်မှုကျူးလွန်မဲ့သူက ကျနော်တို့ လုပ်ပါတော့မယ် လိုက်ကြော်ငြာတာ ပုံမှန်မဟုတ်ပါဖူး ရိုးသားမှုမရှိဖူး လို့ မြင်ပါတယ်။
  1. SB said... :
    BHG ရေ...စစ်အစိုးရက နိုင်ငံရေးလောကမှာ ပြည်တွင်းအကြမ်းဖက်မှု မှန်သမျှအားလုံးအတွက် အပြစ်ပုံချနိုင်ဖို့  KNU ကို အသက်ဆက်ခွင့်လေးပေးပြီး မွေးထားသလို ပြည်တွင်း IT လောကအတွက် ပြည်တွင်း User တွေကို ပြသနာမှန်သမျှပုံချ နိုင်ဖို့  ခုလို BHG ရဲ့ လူသိရှင်ကြား လှုပ်ရှားမှုမျိုးကို သူတို့ က ကျေးဇူးတောင်တင်နေမှာ သေချာတယ်....
  1. Anonymous said... :
    ပြည်တွင်းမှာ ခေါင်းဆောင် လုပ်တဲ့ ခေါင်းဆောင်က လုပ်သင့်တာကို ဦးဆောင်နေတယ်
    သူ့  လမ်းညွှန်ချက် အတိုင်း အောင်မြင်အောင် ဘေးက လုပ်တဲ့သူတွေက ၀ိုင်းဝန်း ပံ့ပိုးသင့်တယ်..
    ကြားက ဖေါက်ပြီး အရေမရ အဖတ်မရတွေ မလုပ်သင့်ဘူး
    တော်လှန်ရေးဆိုတာ ဘုံဦးတည်ချက် တူရုံတယ် ဆိုရုံနဲ့ ကိုယ်လုပ်ချင်တာ လုပ်တဲ့ အရာ မဟုတ်ဘူး
    ကိုယ်လုပ်ချင်တာ လုပ်တာ ညီညွတ်ချင်တဲ့ စိတ်မရှိတာပဲ
    မညီညွတ်တာ တော်လှန်ရေးကို ဖျက်ဆီးတာ နဲ့ အတူတူပဲ
    လုပ်ကြစမ်းပါ ..
    ဒုတိယပင်လုံညီလာခံရဲ့ အနှစ်သာရကို လူတွေ သိနိုင်သမျှ သိအောင်.. နားလည်နိုင်သမျှ နားလည်အောင်
  1. (ပြည်တွင်းမှာခေါင်းဆောင်တွေ လုပ်သင့်တာကို လုပ်နေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ အရည်မရအဖတ်မရ တိုက်မနေကြနဲ့။) အဲဒီသဘောသက်ရောက်နေပြီ။ တော်လှန်ရေးနဲ့ နိုင်ငံရေးတောင် ခွဲခြားပြီးမသိတဲ့သူကများ အဟက်..ဟက်။ ဒီလိုမှေးပြီး စည်းစိမ်ယစ်နေကြလို့ နှစ်ပေါင်း ၂၀ ကြာခဲ့ပြီ။ လူငယ်တွေ သူတို့ယုံကြည်ရာကို မလုပ်ရတော့ဘူးလား။ လူကြီးတွေစဉ်းစားနေတယ်.. လူငယ်တွေအသာနေစမ်းဆိုတာ တော်တော်တုံးတဲ့ ခေတ်ဟောင်းအတွေးအခေါ်ကြီးပါဗျာ။ ခုချိန်ထိ နအဖကို လက်ပေးသင်ချင်နေတုံးပဲလား။
  1. Anonymous said... :
    Anonymous said...
    IRC နဲ့ ဒါကိုမသုံးမချင်းပေါ့။ မသိတဲ့သူတွေကို လိုက်ပြီးအပင်းမထည့်ပါနဲ့။
    December 15, 2010 12:31 PM
    အစ်ကိုရေ.. ကျွန်တော်ပြောချင်တာ အဲဒါပါပဲဗျာ..
    မသိတဲ့သူတွေကို အသုံးချပြီး ဘာလို့ hack မယ်တကဲကဲလုပ်ချင်ရတာတုန်း..
    ကျွန်တော်ပြောချင်တဲ့ point က ကိုယ်နားမလည်ရင် ဘာမှမလုပ်ဖို့ အားလုံးကိုသတိပေးတာပါ..။
    တိုက်တွန်းတာတောင် မဟုတ်ရပါ..။
    ကျွန်တော့် personal view ကိုပြောပါရစေ..။ ကိုယ်နဲ့အမြင်မတူသူများ ကျော်ဖတ်ကြပါ..။
    စကားကြီးစကားကျယ်နဲ့ hack မယ် ဖြုတ်ချမယ် ဘာမယ်ညာမယ်နဲ့.. target က ကြေးမုံ တဲ့..။
    ရုရှက ငကြောင်တွေပဲ အလိမ်လုံးတွေလှိမ့်နေတယ်ပဲမြင်ပါတယ်..။
    တိုက်မယ်ဆိုတဲ့နေ့မှာ စည်းဝါးကိုက်ထားပြီးသာ ကြေးမုံဆိုက်မှာ hack လိုက်ပါပြီ connected server ဘာညာကွိကွ ကလေးကလား မဆီမဆိုင် wallpaper လေးလုပ်ပြီး ခဏတင်ချင်တောင်တင်ထားဦးမယ်..
    မယုံရေးချမယုံ.. အထင်မကြီးရေးချမကြီး...
    သတိထပ်ပေးပါမယ်.. အထက်ပါက ကျွန်တော့်တကိုယ်တာအမြင်ပါ.. သဘောမကျလျင် လျစ်လျူရှုထားကြပါ။
  1. လေ့လာသူတစ်ဦး said... :
    BHG ပြောမှဘဲ...ကြေးမုံထဲဝင်လေ့လာကြည့်မိတော့တယ်...
    ငါးမင်းဆွေက ဒေါ်စုဆီပို့ တဲ့စာထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ရှင်းပြတဲ့ ဖက်ဆစ်ဝါဒ အကြောင်းလေးခုလိုပါပါတယ်..
    (ငွေပင်ငွေရင်းရှင် (Fanancial Capitatists) ကြီးတွေက လက်ကိုင်ဒုတ် လုပ်ထားတဲ့ တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း ဖိနှိပ်ပြီး အင်မတန် ကျဉ်မြောင်း မှားယွင်းတဲ့ လူမျိုးရေး တရား လက်ကိုင်ထားတဲ့ ဝါဒဟာ ဖက်ဆစ်ဝါဒဘဲ)...တဲ့
    ဒါလေးတော့ သဘောကျတယ်...ထိတယ်..ကိုယ်တိုင်ဖတ်ပြီး ဘယ်သူတွေက ဖက်ဆစ်ဝါဒီလည်း ဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်ပေါ့....
    နောက်သူအဓိကမေးထားတာလေး...စီးပွါးရေးပိတ်ဆို့ တာ အကြမ်းဖက်လုပ်ရပ် ဟုတ်မဟုတ် ဒေါ် စု အဖြေပေးပါတဲ့...
    ကျနော့်အမြင်ကတော့ အရေးယူမှုလုပ်တာပါ အကြမ်းဖက်လုပ်ရပ်နဲ့ မတူပါဘူး...စစ်အစိုးရက နိုင်ငံရေးသမားတွေကို ထောင်သွင်း ပိတ်ဆို့  အရေးယူသလိုပါဘဲ...အားလုံး မှားယွင်းတဲ့ အရေးယူမှုမျိုးတွေချည်းပါဘဲ... အကြောင်းတရား ကြောင့် အကျိုးတရား ဖြစ်တာပါ အကြောင်းရှာ တတ်ရင် ဘာမဆို ဖြေရှင်းလို့ မရတဲ့ အရာ လောကမှာမရှိပါဘူး....
  1. HRmyanmar said... :
    Blink Hcker Group ရဲ့ဖိတ်စာဖတ်ပြီး ကတည်းက စိတ်ထဲမတင်မကျဖြစ်နေတာပါ။ DDOS နဲ့ တိုက်တယ်ဆိုကတည်းက တစ်နည်းအားဖြင့် ရာဇဝတ်မှု တစ်ခုကျူးလွန်တာပါ။ လုပ်တောင်မလုပ်ရသေးဖူး ရာဇဝတ်မှုကျူးလွန်မဲ့သူက ကျနော်တို့ လုပ်ပါတော့မယ် လိုက်ကြော်ငြာတာ ပုံမှန်မဟုတ်ပါဖူး။ ရိုးသားမှုမရှိဖူး လို့ မြင်ပါတယ်ဆိုတဲ့အကြောင်း Comment ပေးခဲ့ဖူးပါတယ်။ အခုတော့ ကျနော့ အထင်အမြင်ကို ပိုပြီးခိုင်မာလာအောင်လုပ်ပေးတဲ့ ပေးပို့လာသူ ကိုနေနိုင်သူအားကျေးဇူးတင်ရှိပါသည်။ အားလုံးသတိထားသင့်ပါတယ်။ http://www.humanright-myanmar.com/2010/12/blink-hcker-group.html
  1. Nothing said... :
    မင်းတို့ ဘာသာ မင်းတို့ ကြိုက်ရာ လုပ်
    ဒါပေမယ့် ဟက်ကာဆိုပြီး မြောက်မနေနဲ့
    မင်းတို့ တတ်တာ ကလေး သာသာပဲ ရှိတယ်
    phishing နဲ့ တင် ဟက်နေတာ
    ပြီးတော့ ထူးဆိုဒ်ကို ဟက်တာက လည်း ဆိုဒ်အက်ဒ်မင်ပဲ ဘာလို့လည်း ဆိုတော့ အက်ဒ်မင်က မင်းတို့ ဘီအိပ်ခ်ျဂျီက ပဲမို့လို့
    နောက်ပြီး မန်းလေး ဆေးကျောင်းဆိုဒ်က လည်း မင်းတို့ လက်ချက်ပဲ
    ဖြစ်သင့်တာက နိုင်ငံခြားဆိုဒ်တွေ လိုက် ဟက်ပါ့လား
    နာမည်ကြီးချင်လို့ ဟက်တယ်ဆိုရင် ထားလိုက်တော့
    ရပ်လိုက် ကြ တော်ကြာ ဂျေးထဲရောက်ကုန်မယ်
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved