သတင်းထောက်ကောင်းတယောက်ရဲ့ အရည်အချင်း

Sunday, January 23, 2011

၂၀၀၈ နှစ်ကုန်ပိုင်း ဧရာဝတီ တိုက်ထိုင် သတင်းထောက်တွေ၊ အယ်ဒီတာ နဲ့ အော်ဒီတာတွေ ပြီးတော့ ၀က်မာစတာတို့ မန်နေဂျာတို့လည်း ပါတယ်၊ ချင်းမိုင်မြို့ပြင် တနေရာမှာ စကားဝိုင်းဖွဲ့တယ်။ သတင်းသမားကောင်းတယောက်မှာ ရှိတဲ့ အရည်အချင်းတွေအကြောင်း ပြောဖြစ်တယ်။ 

အယ်ဒီတာတွေ၊ စာတည်းတွေ၊ သတင်းထောက်တွေကို သတင်းသမားတဦး လို့ အမည်ဝှက် ပေးလိုက်မယ်။ ဒီစာကို ဖွင့်ချတာ သူတို့ နဲ့  မတိုင်ပင်ထားလို့  အဲဒီလို လုပ်ရတာပါ။ ကဲ - ဖတ်ကြည့်ပါအုံး အဆိုအမိန့်များကို။


စာနာတတ်ရမယ်။ (သတင်းသမားတဦး)
သံသယ ရှိရမယ်။
အကြောင်းအရာတခုကို ပိုင်ပိုင်နိုင်နိုင် နားလည်ရမယ်။
ကိုယ့်သတင်းရင်းမြစ်ကို ကာကွယ်ရမယ်။
စာဖတ်သူကို သစ္စာရှိရမယ်။

စပ်စုတတ်ရမယ်။ (ဆရာကြီး ဇာနည်ဝင်း)
များများလေ့လာရမယ်။
ကိုယ့်အရည်အချင်းကိုယ်မြင့်တင်ရမယ်။ (self improvement)
အတ္တကြီးရမယ်။

ဝေဖန်ပိုင်းခြားတတ်ရမယ်။ (သတင်းသမားတဦး)
ခေါင်းရှင်းဖို့လိုတယ်။
တက်ကြွရမယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရမယ်။
အများအကျိုးဆောင်ရမယ်။

သတင်းမှန်ကန်ရမယ်။ (သတင်းသမားတဦး)
အရည်အချင်းရှိရမယ်။
ကျင့်ဝတ်နဲ့အညီနေထိုင်။

အနံ့ခံကောင်းရမယ်။ (
သတင်းသမားတဦး)
တူးဆွရမယ်။
မဟုတ်တာတွေ့ရင် ဟောင်ရမယ်။
ဓမ္မဓိဋ္ဌာန်ကျရမယ်။

ဘက်မလိုက်ရဘူး။ (
သတင်းသမားတဦး)
အမှီအခို ကင်းရမယ်။
စုံစမ်းထောက်လှမ်းမှုအားကောင်းရမယ်။

ရိုးသားရမယ်။ (
သတင်းသမားတဦး)
သတ္တိရှိရမယ်။
ပွင့်လင်းရမယ်။
လိုက်လျောညီထွေ နေထိုင်၊ လုပ်ကိုင်၊ ယူဆတတ်ရမယ်။
စည်းကမ်းရှိရမယ်။ Organize ဖြစ်ရမယ်။
သတိရှိရမယ်။

ပြတ်ပြတ်သားသား ရေးဖို့လို။ (၀က်မာစတာတယောက်)
တာဝန်ယူတတ်ရမယ်။
အချိန်ကို တန်ဖိုးထားရမယ်။



(မှတ်ချက် - ဆရာဝက် ပြောတဲ့ အချိန်တန်ဖိုးထား ဆိုတာက ဒီလိုပါ - သတင်းတွေ ရုံးပိတ်ချိန်နီးမှ သူ့ ဆီ ရောက်လာရင် သူလည်း အိမ်ပြန် နောက်ကျတယ်လေ၊ ဒါကြောင့် သူက တန်ဖိုးထားခိုင်းနေတာ။ သူက သတင်းရေးသူ မဟုတ်တော့ အချိန် တန်ဖိုးထားမထား တွေ့မှ မေးကြည့်ရအုံးမယ်း)

မြင်တတ်ဖို့လို။ (သတင်းမရေးသူ တဦး)
အတွေးအခေါ် လွတ်လပ်ရမယ်။
ဟာသဥာဏ်ရှိရမယ်။
တဖက်လူနားလည်အောင် ရေးတတ်ရမယ်။
စုပေါင်းဆောင်ရွက်စိတ်ရှိရမယ်။

ရှင်းလင်းရမယ်။ (
သတင်းသမားတဦး)
ဆက်ဆံရေးကောင်းရမယ်။
စကားလုံးဂရုစိုက်ရမယ်။

သတင်းရင်းမြစ်များများရှိရမယ်။ (
သတင်းသမားတဦး)
တီထွင်ဖန်တီးမှု အားကောင်းရမယ်။
သတင်း scene ရှိရမယ်။
သတင်းလောဘ ကြီးရမယ်။

စိစစ်တတ်ဖို့လို။ (သတင်း မရေးသူ တဦး)
နိုးကြားနေရမယ်။
ဘက်လိုက်သင့်ရင် လိုက်ရမယ်။

အမှန်တရားပြောရဲဖို့လို။ (ဒါလည်း သတင်းမရေးသူပါပဲ)
မေးခွန်းမေးတတ်ရမယ်။
အသိအကျွမ်း များဖို့လို။

ပြည်သူရဲ့စကားပြန် (
သတင်းသမားတဦး)
ဝိရိယ ရှိရမယ်။
စွန့်စားလိုစိတ် ရှိရမယ်။
Inform citizen ဖြစ်ဖို့၊ ဒီမိုကရေစီကို မြတ်နိုးဖို့လို။
အကတိမလိုက်စားရဘူး။
အမျိုးချစ်ရမယ်။

သတင်းနဲ့အဖျင်းခွဲသိဖို့လို။ (
သတင်းသမားတဦး)
နားထောင်တတ်ရမယ်။
ပြောသမျှမယုံနဲ့။



ဒါပါပဲဗျာ။ ဧရာဝတီဘလော့မှာ ဒီရက်ပိုင်း အသစ် မတွေ့တာနဲ့  အဟောင်းတွေထဲက တပါးသူ မသိသေးတာတွေကို ဖောက်ချလိုက်တာပါ။
ဘလော့မှာ ပုံမှန် လက်ဆော့သူတွေလည်း ဒီရက်ပိုင်း ယူနီကုဒ်နဲ့ ခေါင်းကုတ်သူ၊ ဟန်းနီးမွန်းထွက်သူ၊ စနေတနင်္ဂနွေရသကို အပြည့်အ၀ခံစားသူတွေ ဖြစ်နေဟန် ရှိပါတယ်။ မနက်ဖြန် တနင်္လာမှာတော့ ပုံမှန် ရေးကြ တင်ကြပါလိမ့်မယ်။   ။

6 comments :

  1. Anonymous said... :

    ကောင်းပါတယ်ခင်ဗျာ..အခုလိုသတင်းသမားကောင်းတစ်ယောက်.သတင်း
    ထောက်ကောင်းတစ်ယောက်မှာရှိရမယ့် ရှိသင့်တဲ့အရည်အချင်းတွေကို ရေးပြတာ..ဒီအရည်အချင်းတွေအတိုင်းအပြည့်အဝရှိတဲ့ သတင်းထောက်ထောက်တွေကိုတော့ ဧရာဝတီ..DVB, Mizzima အစရှိတဲ့ ဘယ်သတင်းဌာနမှာမှ တစ်ဦးတစ်ယောက်မှမတွေ့ပါ.. တော်တဲ့သူတွေတော့ ရှိပါတယ်..တွေ့ခဲ့ဘူးပါတယ်.. အင်မတန်နည်းပါတယ်...အဆိုးမြင်သဘောနဲ့ရေးခြင်း ဝေဖန်ခြင်းမျိုးမဟုတ်ပါ.ဘာကြောင့်အခုလိုရေးရသလဲဆိုတော့ အကြောင်းပြချက်ရှိပါသည်..သတင်းထောက်တိုင်းလိုလိုဆက်ဆံရေးမကောင်းကြပါ..မပွင့်လင်းပါ..မစွန့်စားပါ..အသိအကျွမ်းမများပါ..

  1. မောင်သန့်  said... :

    ကြိုက်တယ်။
    ဆရာကြီး ဇာနည်ဝင်း ရဲ့ အတ္ထ ကြီးရမယ် ဆိုတာ ကြိုက်တယ်။
ှဆရာ အောင်ဗလ (ဗမာ့ခေတ် မှ ကြေးမုံသို့ )၊ အထောက်တော် လှအောင် တို့  အတ္ထကြီး လို့  အောင်မြင်ခဲ့ကြတာ လို့  ပြောရင် ရမလားဘဲ။
    ဤ ကော်န်မန်းအားလည်း ဆန်းစစ်ဝေဖန် ဆော်ပလေတီးနိုင်ပါကြောင်း ခင်ဗျ။

  1. Anonymous said... :

    ဘက်မလိုက်ရဘူး။ ဆိုတော့ ။ ဓမ္မ နဲ့ အဓမ္မ ကြုံလာရင် ဘက်နှစ်ခု အနက် ဘယ် ဘက် ကိုလိုက်မလဲ ။

  1. Anonymous said... :

    အတ္တ လုပ်ငန်းတွေမှာ အတ္တကြီးသူတွေ အောင်မြင်ကြတယ် ။ ပရ လုပ်ငန်းတွေမှာတော့ ပရကြီးသူတွေ အောင်မြင်မှာပဲ။

  1. Anonymous said... :

    ဘက်မလိုက်ရဘူး။ အစား အကတိမလိုက်ရဘူး။ က ပိုသင့်တယ်ထင်တယ်။

  1. Anonymous said... :

    ပြည်ပရောက်နေတဲ့ သတင်းသမားလို့ ပြောနေကြတဲ့လူတွေ ပြောသွားတဲ့ထဲမှာ ပြည်သူ့ဘက်က ရပ်တည်မယ်ဆိုတာ တချက်မှ မပါဘူး။

    သတင်းသမားကျင့်ဝတ်တွေ တခြားဘာညာတွေက ပြည်တွင်းက နအဖ MRTV က သတင်းသမားတွေလည်း နားလည်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved