ဦးပိုင်က ကျင်းပတဲ့ ကားပြပွဲမှာ ကားတွေထက် မလုံ့တလုံ မော်ဒယ်လ်ဂဲလ်တွေကို လူပိုစိတ်ဝင်စား

Monday, January 24, 2011







ဤကဲ့သို့ လုံခြုံစွာ ဝတ်စားထားသဖြင့် ဦးပိုင် ကားပြပွဲကို အမျိုးသား ပရိသတ်များ အားမရကြပေ (ဓာတ်ပုံ - ဧရာဝတီ)

စီးပွားရေးဦးပိုင် ကုမ္ပဏီ လက်အောက်ခံ စက်မှုဇုန်ထုတ် ရမ္မာ ကားပြပွဲမှာ ကားတွေထက် ကားဘေးက လူတွေက ပိုစိတ်ဝင်စားစရာ ကောင်းတယ်လို့ သိရပါတယ်။

အဲဒီကားပြပွဲကတော့ ရန်ကုန် တပ်မတော်ခန်းမမှာ ဇန်နဝါရီ ၂၁ ရက်ကနေ ၂၄ ရက်နေ့အထိ ကျင်းပတာဖြစ်ပါတယ်။

အဲဒီပြပွဲမှာ ကားတစီးကို မော်ဒယ်လ် တဦးနှုန်းနဲ့ ပြထားပြီး ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ဖော်ပြထားတဲ့အတွက် ကားတွေထက် လူတွေကိုပို စိတ်ဝင်စားတာပါလို့ ကားပွဲစားတဦးက ပြောပါတယ်။

စစ်အစိုးရက ပြဋ္ဌာန်းထားတဲ့ ဦးတည်ချက်တွေအနက် လူမှုရေးဦးတည်ချက် အဖြစ် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်၊ အမျိုးသားရေး လက္ခဏာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ အခုလို ကားပြပွဲက မော်ဒယ်လ်တွေကို ဦးပိုင်က စစ်ဗိုလ်ချုပ်တွေကိုတိုင်က Sexy ဖြစ်အောင် ဝတ်စားဆင်ရင်ရမယ်ဆိုပြီး ညွှန်ကြားတယ်လို့ သိရပါတယ်။

စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဗိုလ်ချုပ်တင်ငွေနဲ့ ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းတို့ ၂ ဦး
ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကို လာရောက် ကြည့်ရှုစစ်ဆေးတဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ မနက်ပိုင်းတွင်မှာ အဲဒီလို မလုံ့တလုံဝတ်
မော်ဒယ်လ်ဂဲလ် လေးတွေကို မတွေ့ရသေးပါဘူးတဲ့။

သူတို့ ပြန်သွားတော့မှ အဲဒီကောင်မလေးတွေကို ပွဲထုတ်တာ ဖြစ်တဲ့အတွက် ဒီလို မော်ဒယ်လ်ဂဲလ်လေးတွေကို အဲဒီ ဗိုလ်ချုပ်ကြီး တွေက မမြင်ရဲလို့လား၊ မြင်ရင် စိတ်မထိမ်းနိုင် ဖြစ်မှာစိုးလို့လား၊ ဒါမှမဟုတ် သူတို့ မိန်းမတွေကပဲ ခွင့်မပြုလို့လား၊ သူတို့က ဒီထက် ဖော်တာတွေကို မြင်ဖူးနေကြမို့လို့ ပြည်သူလူထု ကြည့်ပါစေဆိုတဲ့ စေတနာနဲ့ သူတို့ပြန်သွားမှ ပွဲထုတ်ခိုင်းတာလား ဆိုတာကို ရန်ကုန်သား တာတေက မေးခွန်းထုတ်နေပါတယ်။

“ဘာပဲ ဖြစ်ဖြစ်ပေါ့နော်၊ သူတို့တွေ ပြန်သွားမှ ထုတ်သည်ဖြစ်စေ၊ မပြန်ခင် ထုတ်သည်ဖြစ်စေ တာတေတို့ကတော့ သဘောကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ပေါ့နော်၊ ကိုတာတေတို့လို ကားမပြောနဲ့ ဆိုက်ကားတောင် အုံနာကြေးမှန်မှန်မပေးနိုင်တဲ့ သူတွေအဖို့ကတော့ အခုလို မြင်ရတာ အရမ်းအရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်လည်း ဒီထက်ပိုဖော်ပေးပါလို့ စစ်ဗိုလ်ချုပ်ကြီးတွေကို အကြံပြုပါတယ်” လို့ ကိုတာတေက ဘယ်သူမှ မမေးဘဲ သူ့ဘာသာ ပြောပါတယ်။

ကားပြပွဲလာကြည့်တဲ့ အမျိုးသမီးပရိသတ်ကတော့ ဒီလို ဖော်တာမျိုးကို သဘောမကျဘူးလို့ ဆိုပါတယ်။ အမျိုးသားတွေကတော့ အတိုင်းထက် အလွန် သဘောကျပေမယ့် သိပ်တော့ အားမရဘူးလို့ သိရပါတယ်။

ရမ္မာကားပြပွဲမှာ ကားအမျိုးအစား ၃ မျိုးကို ပြသထားပြီး ရမ္မာ Grade I ကားအမျိုးအစားကတော့ ကျပ် သိန်း ၅၅၀၊ Grade II ကားဆိုရင် ကျပ်သိန်း ၅၀၀၊ Grade III ကားဆိုလျှင် သိန်း ၄၅၀ နဲ့ ရောင်းချပေမယ့် မဝယ်နိုင်တဲ့သူ များတယ် ဆိုတဲ့အကြောင်း၊ ကားတစီးကို သိန်း ၅၀ ကျော် လျှော့ရောင်းတာတောင် ဝယ်တဲ့သူ များမလာတဲ့အတွက် မော်ဒယ်လ်လေးတွေပါ အဆစ်ပေးရင် ဝယ်သူ များနိုင်ကြောင်း ကိုတာတေက သုံးသပ်ပါတယ်။

မဒမ်တာတေကတော့ “ဒါမျိုးတော့ဘယ်ရမလဲ။ ဒင်း ကျမကွယ်ရာမှာမို့လို့ ဒီစကားပြောရဲတာ။ ဆိုက်ကားတော့ မဆွဲဘဲနဲ့ ဒီပွဲကို သွားတာတောင် လွန်လှပြီ။ အိမ်ပြန်လာမှသိမယ်” လို့ ပြောပါတယ်။

မော်ဒယ်လ်လေးတွေကို အဆစ်ပေးမယ့် အစီအစဉ်တော့ မကြားသေးဘူး ဆိုတဲ့အကြောင်း၊ ဒါပေမယ့် အရစ်ကျစနစ်နဲ့ ဝယ်မယ့် သူတွေကို လက်ခံမယ် ဆိုတဲ့အကြောင်း၊ ပထမအသုတ်အနေနဲ့ ကားတန်ဖိုး ၅၀ ရာခိုင်နှုန်းကို ပေးသွင်းပြီး ကားစီးနိုင်ပြီ ဖြစ်တဲ့ အကြောင်း၊ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ လစဉ်ပေး စနစ်နဲ့ ငွေချေနိုင်တဲ့ အကြောင်း ရမ္မာကားပြပွဲ တာဝန်ခံတဦးက ဝမ်းသာအားရ ရှင်းပြပေမယ့် ပြပွဲလာသူများက ကားထက် လူတွေကိုပဲ စိတ်ဝင်စားတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေအတွက် ငွေရှာပေးနေတဲ့ စီးပွားရေးဦးပိုင်လီမိတက်ဟာ ရမ္မာကား ထုတ်လုပ်ရေး အပြင် မြ၀တီဘဏ်၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ လန်းပြီး သင်္ဘောလိုင်း၊ မြ၀တီ ထရေးဒင်း၊ 547 ရောင်းဝယ်ရေးကုမ္ပဏီ၊ Ruby ဈေးဝယ်စင်တာ၊ မြနန္ဒာသောက်ရေသန့်၊ စီးကရက်လုပ်ငန်း၊ ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်း၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ သစ်တင်ပို့တဲ့လုပ်ငန်း၊ ကားတင်သွင်း ရောင်းချတဲ့လုပ်ငန်း၊ ပါရမီတက္ကစီနဲ့ ခရီးသွားယာဉ်လိုင်းများ အပါအ၀င် စီးပွားရေး လုပ်ငန်းပေါင်းများစွာကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေပြီးတော့ အနှိပ်ခန်း၊ ကာရာအိုကေ၊ ညကလပ် တွေကိုပါ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့ညီအောင် ဖွင့်လှစ်သွားမယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းများရဲ့ အဆိုအရ (ဒီလိုရေးလိုက်တော့ မှားလည်း ဘာမှမဖြစ်တော့ဘူးပေါ့) သိရပါတယ်။

ဒါ့အပြင် ဦးပိုင်လီမိတက်ဟာ မြန်မာနိုင်ငံမှာ အခွန်ကင်းလွတ်ခွင့်ရရှိထားပြီးတော့ ဥက္ကဋ္ဌက စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦးဖြစ်ပါတယ်။

ရန်ကုန်သတင်းထောက်ပေးပို့တာကို ရန်ကုန်သားတာတေ ဝင်ရောက်နှမ်းဖြူးသည်

10 comments :

  1. Anonymous said... :

    ဒါဟာ နိုင်ငံတကာက ကားပြပွဲတွေထက် အများကြီးယဉ်ကျေးပါသေးတယ်။အရမ်းကြီးတိုလွန်း ဆိုးလွန်းလှတာမဟုတ်ပါဘူး။ကိုယ်တိုင်လည်း တိုင်းပြည်ပြင်ပမှာနေနေတာ ဒီလောက်တော့ မတုံးသင့်သလို သိသိကြီးနဲ့လည်း မျက်ကွယ်ပြုပြီး ပြောချင်ရာလည်းမပြောင်သင့်ပါဘူး။ကားပြပွဲမှာ ရင်ဖုံးအကျီနဲ့ ထမီလုံချည်နဲ့ ၀တ်ပြီးပြရမှာလား?

  1. Anonymous said... :

    ဗမာတွေ ခေတ်မှီလာတာလား။ ဗမာ့ ယဉ်ကျေးမှုကို မသိတော့တာလား။ ဘာပဲပြောပြောလေ မြင်ရရှုရတာ တခဏတာတော့ မျက်စိပသာဒရှိသလိုထင်ရပေမယ့် အနာဂါတ်ဗမာလူမျိုးတွေထဲမှာတော့ သမီးရှင်တော့ မဖြစ်ရပါစေနဲ့လို့ပဲ နေ့တိုင်းဆုတောင်းတော့မယ်။

  1. Anonymous said... :

    ဟေ့ မြန်မာဝတ်စုံဝတ်တော့ကော ဘယ်ကားကအနားမကပ်ရဘူးပြောလို့လဲ။ လူတွေကိုယ်တိုင်က ဖေါ်မှပေါ်မှ သားရည်တမြားမြားနဲ့ကြည့်ချင်ကြတာကိုး။
    အဖြူရောင်ဝတ်ထားတဲ့မိန်းမဆို အတွင်းထဲတောင်မြင်ရတော့မယ်။ ယောင်္ကျားမိန်းမသဘာဝတွေကိုနားလည်တယ်။ လင်မယားချင်းမှမြင်အပ်တဲ့အရာတွေကို လူပုံပရိတ်သတ်အလယ်မှာပြချင်ကြတာ ဘယ်လိုနားလည်ရမလဲ မော်ဒယ်တို့ရေ။

  1. Anonymous said... :

    ဘာဖြစ်တုန်း သူ့ဘာသာပြတာ။
    တစ်လောကလုံးက ယောကဿငျားတွေကို သူ့လင်လို့သဘောထားလို့ပော့ကွယ့်။

    ဒီလိုကိစဿစတွေကို လူတန်းစားမရွေး ဝင်ဝေဖန်နေကြတာ တစ်ကမဿဘာလုံး မှာ မြန်မာတစ်နိုင်ငံပဲရှိတယ်ထင်ပ။
    လူထုဒှောအမာရှိတုန်းကတောင် အမျိုးကောင်းသမီးတွေကိုပဲ လိုက်မတုဖို့ဆုံးမခဲ့တာ။ သဘင်သည် တွေကို သီးသန့်အလွှာတစ်ခုအနေနဲ့ထားခဲ့တာပဲ။ အခုတော့ အုတ်ရောရော ကျောက်ရောရော ပာလား။ ကိုယ့်နေရာကိုယ်မနေနိုင်ကြဘူး။

  1. Anonymous said... :

    This type of fashion is less reveal than international fashion design. What's the big deal? It's very simple design and I just simply cant excited their expression.

  1. Anonymous said... :

    sar chin tal

  1. Anonymous said... :

    ထိုင်းမှာ ဒီထက် ပိုဆိုးတာပဲဟာ။ အရေးကြီးတာက ကိုယ့်ယဉ်ကျေးကို မေ့မပစ်ဖို့ပဲလေ။ သူတို့ အဲလောက်အဆိုးကြီးလည်း မဟုတ်ပါဘူး။ မြန်မာလုံချည်နဲ့ ရင်ဖုံးကို အချိန်ပြည့်ဝတ်လို့ရတာမှမဟုတ်တာ။ နည်းနည်းတော့ နားလည်ပေးဦးမှပေါ့။

  1. Onlinepaperboi said... :

    ကိုယ်ကြိုက်တဲ့ယဉ်ကျေးမှုကိုယ် လွတ်လပ်စွာကျင့်သုံးပိုင်ခွင့်ရှိတယ်လေကွယ်။ ကီမိုနိုနဲ့ဂျင်းဘောင်းဘီ၊ ဟီဂျပ်ဘ်နဲ့ဘီကီနီ ယှဉ်တွဲပြီး လူမှုအဖွဲ့အစည်းတစ်ခုမှာ နေနိုင်တယ်ဆိုတာ သိဖို့လိုတယ်နော်။ ဖော်တိုင်းသာမယဉ်ကျေးရကြေးဆို ကုလားမတွေဗိုက်ဖော်တယ်၊ နာဂတိုင်းရင်းသူတွေဆို အပေါ်ပိုင်းကိုအဝတ်တောင်မဝတ်ကြဘူး။ ဗမာအမျိုးသမီးတွေတောင်မှ ကိုလိုနီခေတ်က ဖောက်မြင်ရတဲ့အပေါ်ရောင် အင်္ကျီအပါးတစ်မျိုးကို အထဲက အနက်ရောင်အင်္ကျီခံပြီးဝတ်တဲ့ မြန်မာ့အဝတ်အစားယဉ်ကျေးမှုလည်းရှိခဲ့ပါတယ်။ ခြေသလုံးဖော်တဲ့ ကချင်တိုင်းရင်းသူဝတ်စုံထက် ခြေသလုံးဖုံးတဲ့ ဗမာထမီက ပိုပြီးတော့ယဉ်ကျေးမှုရှိတယ်လို့ထင်ပါသလား? ရင်ဘတ်ကိုအဝတ်စပတ်ထားပြီး ထမီခါးတောင်းကျိုက်ထားသလို ထိုင်းအမျိုးသမီးရိုးရာဝတ်စုံထက် ဗမာအမျိုးသမီးဝတ်စုံက ပိုပြီးယဉ်ကျေးမှုရှိတယ်လို့ထင်ပါလား ဝံသာနုကြီးများခင်ဗျား? တစ်ဆက်တည်းမှာပဲ မျက်စိလေးနဲ့ လက်ဖျားခြေဖျားကလွဲပြီး တစ်ကိုယ်လုံးကိုဖုံးထားတဲ့ ဟီဂျပ်ဘ်ထက် အမျိုးသမီး ကောက်ကြောင်းရာတွေပေါ်လွင်တဲ့ ခန္ဓာကိုယ်ပေါ်မှာfitဖြစ်တဲ့ မြန်မာအမျိုးသမီးဝတ်စုံက ပိုပြီးတော့ယဉ်ကျေးမှုရှိပါသလားဆိုတာ သိပါရစေ။ နောက်ပြီး မယ်စကြဝဠာဝင်ပြိုင်ခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မြန်မာအမျိုးသမီးကြီးဟာလည်း နံ့တန့်တန့် ပျံ့တန့်တန့်မိန်းမမျိုးလားဆိုတာ ဒီကဝံသာနုကြီးများ ဘယ်လိုထင်ပါသလဲ?

  1. Anonymous said... :

    ဟုတ်ပာတယ် ကိုယ်ကြိုက်တဲ့ ယဉ်ကျေးမှုကို လွတ်လပ်စွာကျင့်သုံးနိင်ပာတယ်။
    အတိုဝတ်လဲ မကဲ့ရဲ့ပာဘူး။ ရိုးရာအဝတ်အစားမို့လို့ ဖှောထားရတာလဲ အပြစ်မပြောပာဘူး။ ဟီဂျပ်ဘ်ဝတ်လို့လဲ မချီးမွမ်းပာဘူး။

    ဘောင်းဘီတို စကပ်အတို အကဿငျီလည်ဟိုက်ဝတ်ပြီး လူရှေ့မှာ ကုန်းပြ ကားပြ ကော့ပြ တာမျိုးကတော့ နံ့တန့်တန့် ပျံ့တန့်တန့် မိန်းကလေးတောင် မလုပ်ပာ။

  1. Anonymous said... :

    ကွန်မန့်တွေဖတ်ပြီးတော့ ဘယ်လိုဆက်ပြောရမှန်းကိုမသိတော့ဘူး ဟုတ်တော့လည်းဟုတ်နေတာပဲ သူ့ဟာနဲ့သူတော့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved