Global Fund ရဲ့ လုပ်ငန်းတွေမှာ ရန်ပုံငွေ ဘုံးမှုတွေ ပေါ်

Tuesday, January 25, 2011

ဆယ်လီဘရစ်တီတွေ စုပေါင်းပြီး လှူထားတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၁.၇ ဘီလီယံထဲက သုံးပုံ နှစ်ပုံလောက်ဟာ ကုလသမဂ္ဂရဲ့ ဗျူရိုကရေစီ ယန္တယားအတွင်းမှာ အဘုံးခံထားရတယ်လို့ အေပီသတင်းဌာနက ဖော်ထုတ်ရေးသားလိုက်ပါတယ်။ အများစုကတော့ လာဘ်စားမှုပါတဲ့။

AIDS, တီဘီရောဂါနဲ့ ငှက်ဖျားရောဂါတွေကို တိုက်ဖျက်ဖို့ ဖွဲ့ထားတဲ့ Global Fund ကို စစ်ဆေးရေးပြုလုပ်ရာမှာ ပါဝင်သူတဦးက “စာရင်းအင်း မခိုင်မာတာ၊ ကိုယ့်အိတ်ထဲ ကိုယ်ထည့်တာတွေ တွေ့ရတယ်” လို့ ပြောထားပါတယ်။ လှူထားတဲ့ ဆေးတွေဟာလည်း မှောင်ခိုဈေးကွက်ထဲ ရောက်ကုန်ပါသတဲ့။

မော်ရီတေးနီးယားနိုင်ငံမှာ AIDS တိုက်ဖျက်ရေးအတွက်ဆိုပြီး ရန်ပုံငွေ ၆၇ ရာခိုင်နှုန်းလောက်ကို တလွဲသုံးထားပါတယ်။ မာလီနိုင်ငံမှာ ငှက်ဖျားတိုက်ဖျက်ရေးအတွက် ၃၆ ရာခိုင်နှုန်း၊ ဒီဘူတီနိုင်ငံမှာတော့ ၃၀ ရာခိုင်နှုန်း အသီးသီး တလွဲတချော်တွေ သုံးစွဲထားတာ တွေ့ရပါတယ်။

နိုင်ငံတွေမှာ လုပ်နေတဲ့ လောလောဆယ်မှာ လာဘ်စားကြောင်းတွေ့ထားရတဲ့ ပရောဂျက်တွေကို ရပ်ဆိုင်းခိုင်းထားပါပြီ။ တလွဲသုံးထားတဲ့ ငွေတွေကိုလည်း ပြန်ပေးကြဖို့ တောင်းဆိုထားပါတယ်။

Global Fund ဟာ စစ်အစိုးရက လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ချုပ်ချယ်ကန့်သတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပါတယ်။

ခက်ထန်
Ref: The New York Times

2 comments :

  1. Anonymous said... :

    It could be 21.7 billions

  1. Ko Chan said... :

    In Myanmar????????????????

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved