ပေးစာ - လေးစားပါတယ် ရတနာပုံ

Thursday, January 13, 2011

(ဓာတ်ပုံ - Eleven Media Group, Planet)

ကျနော်တို့ မန်းလေးသားတွေ McWill ဖုန်းလျှောက်ဖို့ တပျော်တပါး ပြင်ဦးလွင်ကို ချီတက်လာကြပါတယ်။ ဂျာနယ်သတင်းတွေမှာ အပြိုင်အဆိုင် ကြော်ငြာနေတာက ပြပွဲအတွင်းမှာ အလုံးရေး ၆၀၀၀ ချက်ချင်းချပေးမယ်ဆိုပဲ။

ရန်ကုန်ရော မန်းလေးရော တပြိုင်တည်းပေါ့။ ဒါကြောင့် လူတိုင်းရမှာပဲဆိုပြီး သွားကြတာပါ။ ဟိုရောက်တော့ ဖုန်းတွေလျှောက်ကြပါတယ်။

အဲ … မှတ်ပုံတင်မိတ္တူ လိုတယ်ဆိုလို့ မိတ္တူကူး ဘာကူးနဲ့ပေါ့။ ပြီးတော့မှ ပြပွဲမှာ တရက်ကို အလုံး ၅၀ ပဲ လက်ခံတာတဲ့။

စိတ်ထဲမှာတော့ တမျိုးဖြစ်သွားပါတယ်။ ဒီဖုန်းက အင်တာနက်အတွက် အဓိကဆိုတော့ သုံးသူနည်းလည်း အဆင်ပြေမှာပဲပေါ့ ဆိုပြီးလျှောက်တာပါ။

ကြေညာချက်တွေ သတင်းတွေထဲမှာ ပါတာက အခုထုတ်ပြီး အခုချက်ချင်း သုံးလို့ရမယ့်ပုံပဲ။ ကြေညာတာကလည်း ခဏခဏ။ သတင်းတွေမှာရော၊ ဂျာနယ်တွေမှာရော မိုက်မှမိုက်။

အဲ … လျှောက်လွှာတင်ပြီးတော့မှ သေပြီဆရာ။ လိုင်းတွေကို နှစ်ပါတ်ကြာမှ ဖွင့်ပေးမယ်ဆိုပြီ ကြေညာထားပြန်ပါတယ်။

အဲဒါက Customer တွေကို အရူးလုပ်တားလား။ မြန်မာပြည် အစိုးရဌာနတွေစတိုင် ကျင့်သုံးနေတာလား။ ရန်ကုန်ကလူတွေက လျှောက်ချင်လို့ ရတနာပုံရုံးခွဲကို စုံစမ်းကြတော့ McWill ကို အခုလျှောက်လို့ မရပါဘူးတဲ့။ ကျမတို့ မသိသေးပါဘူးတဲ့။ အခု လူစာရင်းပဲ ပေးထားလို့ရပါတယ်တဲ့။

ကဲ ... ဘယ်လိုလုပ်ကြမလဲ။

တော်တော်ကောင်းတဲ့ စီမံခန့်ခွဲမှုပါပဲ။

Eleven News သတင်းမှာ ပါလာပါတယ်။ ရတနာပုံတယ်လီပို့က ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေ၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဖုန်းဝန်ဆောင်မှုလုပ်ငန်းတွေကို ဦးဆောင်မယ်ဆိုတော့ ...

ဒီပုံစံနဲ့ နိုင်ငံနဲ့ချီတဲ့ ဆက်သွယ်ရေး ယန္တရားကို ဘယ်လိုကိုင်တွယ်မလဲ။

တိုင်းပြည်အတွက် ရင်လေးတယ်။ ကိုယ့်ဌာန၊ ကိုယ့်ရုံးခွဲတခုနဲ့တစ်ခုကိုပဲ information communication ကောင်းအောင် အရင်လုပ်ပါဦး။ တိုင်းပြည်နဲ့ချီပြီး ကိုင်တွယ်မနေပါနဲ့။


တဦးတည်းဆန္ဒ၊ တဦးတည်ဆုံးဖြတ်ချက်နဲ့ အာဏာတွေပြပြီး ဆက်သွယ်ရေးဝန်ဆောင်မှု ကော်ပိုရိတ် မလုပ်ဘဲ၊ ဉာဏ်မမီဘဲ စီမံခန့်ခွဲချင်တဲ့သူတွေ ဘောင်းဘီပြန်ဝတ်ပြီး တပ်ထဲသာပြန်ကြပါတော့။ စစ်မှုမထမ်းမနေရ ဥပဒေအစား ဘောင်းဘီချွတ်ထားသူတွေကို ဘောင်းဘီပြန်ဝတ်ပေးလိုက်ရင် စရိတ်ပိုသက်သာမယ်။


သူတို့နဲ့ပတ်သက်ပြီး လုပ်စားခွင့်ရနေတဲ့ နည်းပညာကုမ္ပဏီဆိုပြီး ပြည်သူ့ဝင်ငွေကို တစ်ကျပ်ကနေ နှစ်ကျပ်ခွာနေတဲ့ ကုမ္ပဏီပိုင်ရှင် ကြောင်သူတော် ကြွက်သူခိုးတွေလည်း တခုတည်းကို အဆင့်မမြှင့်ဘဲ ဖုန်းလိုင်းခေါင်းစဉ် မျိုးစုံတပ်ပြီး ပိုက်ဆံညာယူဖို့ ကြိုးစားနေကြတာတွေကိုလည်း တော်တော် အော့နှလုံးနာပါတယ်။

ငါးလည်းဖမ်းတာပဲ။ လမ်းလည်း ဖောက်တာပဲ။ စိုက်ပျိုးရေးဆိုလည်း လုပ်တာပဲ။ တိုက်လည်း ဆောက်တာပဲ။ ဖုန်းဆိုလည်း လုပ်လိုက်တာပဲ။ အဲလို ကြံ့ဖွံ့အရေခြုံ ခေတ်ပျက်သူဌေးတွေမှ မချမ်းသာရင် ဘယ်သူချမ်းသာမှာလဲ။

ပြည်သူ့ဘဏ္ဍာတွေကို ရင်လေးပါတယ်။ ရတနာပုံကိုတော့ လေစားပါတယ်။ အချီကြီး အပွကြံလို့။

ဒါပါပဲ။

မန်းလေးသား

3 comments :

  1. Anonymous said... :

    လျှောက်သူအပြစ်လို့ယူဆလိုက်ပါကွာ။

  1. Anonymous said... :

    Very very good article. I truely,appreciate him. No experience in Governence. The whole country is rule by all the stupid, selfish,greedy, lack of knowledge,and many many useless guys and their associates are on top ranking,and their un experienced guys are ruling and doing business in Burma. That is why the S.E.Asia top leading country (in 1950s and early60's)become the most poor country in the region.

  1. Unknown said... :

    hahaha,
    This story is really nothing for MPT minister Thein Zaw, because in 2008 MPT cheated millions of money from people with CDMA 450 phones.
    Hope everybody remember that time MPT asked 1500000 for 1 phone even they have not even complete the installation of network.
    It was Thein Zaw's idea to collect the money first from public.
    We burmese people suffered alot from that CDMA 450 phone but MPT minister became a rich man .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved