ကိုအောင်ဇော် Prince Claus ဆု လက်ခံရယူ

Friday, January 14, 2011

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်မှုကြောင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် ကို Prince Claus Award ဆု ချီးမြှင့်ကြောင်း ၂၀၁၀ စက်တင်ဘာလ ၆ ရက်နေ့မှာ ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီဆုကို ယမန်နေ့က ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးရဲ့ အိမ်မှာ လက်ခံယူတဲ့ အခမ်းအနားနဲ့ ညစာစားပွဲ ကျင်းပခဲ့ပြီး မြန်မာ မိတ်ဆွေများနဲ့ သံတမန်များ တက်ရောက်ပါတယ်။

ဒီဆုကို နယ်သာလန်အခြေစိုက် Prince Claus Fund က ၁၉၉၇ ခုနှစ်မှ စတင်ပြီး အာဖရိက၊ လက်တင်အမေရိက၊ အာရှနဲ့ ကရစ်ဘီယံ ဒေသရှိ အနုပညာရှင်များ၊ အသိပညာရှင်များနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများကို နှစ်စဉ်ချီးမြှင့်ပါတယ်။

Prince Claus Award ကိုပေးဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အမည်စာရင်း တင်သွင်းခံရသူတွေကို ရွေးချယ် စိစစ်နေခဲ့တာဖြစ်ပြီး အာရှမှာ ကိုအောင်ဇော်က ဆန်ကာတင် ကျန်ရစ်ပြီး ဆုရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုအောင်ဇော်က “ဒီဆုကို လက်ခံရရှိတဲ့အတွက် အထူးပဲ ၀မ်းမြောက် ဂုဏ်ယူပါတယ်။ ဒီဆုကို ကျနော် တယောက်တည်း ရတယ်လို့ မခံယူပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံရင်း အမှန်တရားအတွက် တင်ပြနေတဲ့ ပြည်တွင်းက သတင်းသမားတွေ၊ အယ်ဒီတာတွေ၊ ဘလော့ဂါတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ သတင်းသမားတွေကိုယ်စား ကျနော် လက်ခံရယူမှာပါ” လို့ ဆုရရှိကြောင်း ကြေညာစဉ်က ပြောပါတယ်။

ဒီဆုကို ကိုအောင်ဇော်က စာနယ်ဇင်းသမားတဦး အနေနဲ့ လက်ခံရရှိခြင်း ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ ကဗျာဆရာကြီး ဦးတင်မိုးက စာပေ အနုပညာဖန်တီးမှု အတွက် လက်ခံရရှိခဲ့ဖူးပါတယ်။

ကိုအောင်ဇော်က လက်ခံရရှိတဲ့ ဆုငွေထဲကနေ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတွေနဲ့ ဘလော့ဂါတွေရဲ့ ရဲရင့်ပြောင်မြောက်လှတဲ့ ဆောင်ရွက်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ဧရာဝတီ စာနယ်ဇင်းဆု” ကို ချီးမြှင့်မယ်လို့ ပြောပါတယ်။

ကိုအောင်ဇော်ဟာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် လွတ်လပ်သော ဧရာဝတီ သတင်းဌာနကို ၁၉၉၃ ခုနှစ်မှာ စတင် ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ဧရာဝတီ အင်တာနက် သတင်းစာမျက်နှာကို တိုးချဲ့ခဲ့ပါတယ်။

9 comments :

  1. timothy said... :

    Congratulation Ko Aung Zaw for your good work, for the people and for the mother land.
    တဆက်ထဲဘဲဧရာဝတီအဖွဲ့သားအားလုံး၊အသက်ပေးပြီးသတင်းအမှန်များကိုပို့
    ပေးကြတဲ့ပြည်ဲ့တွင်းကရဲဘောရဲဘက်သတင်းသမားအားလုံးကိုရိုသေလေးစားစွာနဲ့အလေးပြုလိုက်ပါတယ်။

  1. Anonymous said... :

    That's the great news...
    I am proud of you and Irrawaddy as a regular reader from your website.

  1. Anonymous said... :

    Congratulations Ko Aung Zaw

  1. မောင်သန့် ။ said... :

    လေးစားစွာ ဂုဏ်ပြုအပ်ပါတယ် ကိုအောင်ဇော်+ ဧရာဝတီ ၀ိုင်းတော်သားတို့ ။

  1. Anonymous said... :

    Congratulation Ko Aung Zaw

    HAK

  1. ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ အဘဂျမ်း(ဆရာကြီးဦးတင်မိုး)ဒီဆုရအပြီးမှာကိုအောင်ဇော်နှင့်ဧရာဝတီအဖွဲ့သားတွေအခုဒီဆုထပ်ရလိုက်လို့ မြန်မာပြည်သားတွေအားလုံးအထူးဂုဏ်ယူစရာပါဘဲ။

  1. Anonymous said... :

    congratulation Ko Aung Zaw and Irrawasddy group. you guys deserve it. Keep on going to your target!

  1. လေးစား၊ ဂုဏ်ယူလျက်ပါ ကိုအောင်ဇော်။
    မြန်မာပြည်နဲ့ ဧရာဝတီ ခွဲခြားလို့ မရပါဘူး။
    မြန်မာပြည်ရှိနေသရွေ့ ဧရာဝတီလည်း ရှိနေမှာပါ။
    ဒီမိုကရေစီတိုက်ပွဲမှာလည်း ရှေ့တန်းကနေ ဦးဆောင်ခဲ့တယ်။ ဒီမိုကရေစီ ရပြီးတဲ့တစ်နေ့မှာလည်း တိုင်းပြည်အတွက် ရှေ့တန်းကနေ မီးမောင်းထိုးပြနေအုံးမှာပဲဆိုတာ အစဉ်အမြဲ ယုံကြည်လျက်ပါ။

  1. Anonymous said... :

    ဒီလူ တကယ်တော်လား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved