Burma's Blood Rubies

Friday, March 11, 2011

မြန်မာ့ နာမည်ကျော် ကျောက်မျက်ရှာဖွေရေး လုပ်ငန်းအကြောင်း အယ်လ်ဂျားဇီးယားက ရုပ်သံမှတ်တမ်း မှတ်တမ်းမှာ အသက် ၄ နှစ်လောက်အရွယ် ကလေးတွေပါ ကျောက်တူးနေကြရတဲ့ အဖြစ်ကို အယ်လ်ဂျာဇီးယားက ဖော်ထုတ်သွားပါတယ်။ “မြန်မာ့ ပတ္တမြား ထုတ်လုပ်ရေး-ကျွန်သဖွယ်ဖြစ်နေတဲ့ အလုပ်သမားများ” အမည်ရတဲ့ ရုပ်သံက စစ်အစိုးရနဲ့ အပေါင်းအပါ စီးပွားရေးသမားတွေ ထိန်းချုပ်ထားတဲ့ ကျောက်တွင်းတွေမှာ ကျောက်တူး၊ ကျောက်ထု၊ ကျောက်ကျင်နေသူတွေနဲ့ မှတ်တမ်းကို သရုပ်ဖော်ထားပါတယ်။

နိုင်ငံခြားသားတွေကို သွားလာခွင့်မပြုတဲ့ ကမ္ဘာ့ ပတ္တမြား ၉၀ ရာခိုင်နှုန်း ထွက်ရှိနေတဲ့ မိုးကုတ်ရှိ ကျောက်တွင်းမှာ အယ်လ်ဂျာဇီးယားက လျှို့ဝှက် ရိုက်ကူးခဲ့တာဖြစ်လို့ ဘယ်လောက် ခက်ခဲမယ်၊ ဘယ်လောက် အချိန်ယူခဲ့ရမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ မှတ်တမ်းတင် ဗီဒီယိုတွေအရ ကျောက်တူးရသူတွေဟာ တနေ့ဝင်ငွေ တဒေါ်လာတောင် မရှိပါဘူး။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာပြည်ထွက် ပတ္တမြားနဲ့ ကျောက်စိမ်းတွေကို ၂၀၀၈ ခုနှစ်ကတည်းက ရောင်းဝယ်ခွင့် ပိတ်ထားခဲ့ပါတယ်။ ဘယ်လိုပဲ ပိတ်ပိတ် စစ်အစိုးရက မနှစ်တုန်းက ကျောက်မျက် ၁.၆၇ ဘီလီယံဖိုးလောက် ရောင်းချနိုင်ခဲ့ပါတယ်။

Ref: Time: News Feed


2 comments :

  1. Anonymous said... :

ုအဲဂျာဇီးယားက ဘုမသိဘမသိ လေးနှစ်အရွယ်ကလေးမိဘကအလုပ်လုပ်တော့ ကလေးခေါ်လာတာကိုအလုပ်လုပ်တာထင်နေတာပဲ... ထင်ရာမြင်ရာတွေ လိုချင်တာတွေလျောက်ရေးနေတာပဲ

  1. Anonymous said... :

    သူတို့အရွယ်လေးတွေက မူကြိုမှာစာဖတ်နေရမယ့်အရွယ်တွေပါ။ မိဘကမထားနိုင်တော့လည်း အဲ့လိုပဲလိုက်လာရတာပေါ့။ ပညာရေးကတော့ အားလုံးသိတဲ့အတိုင်းပေါ့ . . . ။ ဆယ်တန်းမအောင်ပြန်တော့ သူတို့မိဘတွေလိုပဲ အလုပ်ကြမ်းလုပ်ရပြန်တယ်။ ကျောက်တွင်းကြီးကြီးမားမားတွေနဲ့ လုပ်ပိုင်ခွင့်ကိုကြတော့ အစိုးရနဲ့ ဦးပိုင် လိမိတက်ကပဲ လုပ်ကြတယ်။ အဲ့ဒါတော့ မိုးကုတ်မှာ ဖြစ်ပျက်နေတာတွေပါ။ တစ်ခုကျန်သေးတယ်။ ပြည်ပထွက်ရင် မြန်မာပြည်က လက်ဝတ်ရတနာသယ်ဆောင်တာ ကန့်သတ်တယ်။ သူတို့ စစ်အစိုးရအတိုင်းဝိုင်းကြတော့ အထုပ်လိုက်သယ်ပြီး ပြည်ပမှာ အဆမတန်ဈေးတွေနဲ့ရောင်းတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved