ခေတ်သစ် ပြန်ပေးဆွဲမှုများ

Tuesday, May 17, 2011

MMCP ဖိုရမ်မှာ ဖတ်ရတာကို ဒီနေရာမှာ ပြန်ဝေမျှလိုက်ပါတယ်။ စာရွက်စာတမ်းနဲ့ မိုဘိုင်းဖုန်း ပြန်ပေးဆွဲမှု အကြောင်းပါ။

ပထမဖြစ်ရပ်တခုကတော့ ရန်ကုန်က စားသောက်ဆိုင် တခုကို သွားဖို့ နေ့လည်အချိန်မှာ ကားကို လမ်းဘေးမှာ ရပ်ခဲ့ပါတယ်တဲ့။ အစောင့်တွေလည်း ရှိပါတယ်တဲ့။ ဒါပေမယ့် ကားထဲမှာ ထားခဲ့တဲ့အိတ် ပျောက်နေပါတယ်။ ကားတံခါးကို ဖွင့်ပြီး ကားထဲမှာထားခဲ့တဲ့ အိတ်ကို ခိုးသွားတာပါ။ အိတ်ထဲမှာ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပါပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ညနေ ၇ နာရီလောက်လည်းကျရော ပိုင်ရှင်ရဲ့ မိုဘိုင်းဖုန်းကို ဖုန်းတခု ဝင်လာပြီး စာရွက်စာတမ်းတွေ ပြန်လိုချင်ရင် မြောက်ဥက္ကလာ ကြိုးတံတားကို တယောက်တည်း သူပြောတဲ့ ပိုက်ဆံ နှုန်းထားနဲ့ လာယူပါဆိုပြီး ပြောပါတယ်တဲ့။ ပိုက်ဆံပေးပြီး သွားယူတော့ ပြန်ရတယ် ပြောပါတယ်။ စာရွက်စာတမ်း ပြန်ပေးဆွဲမှုပေါ့ ...။

နောက် ဖြစ်ရပ်တခုကတော့ မိုဘိုင်းဖုန်း ခါးပိုက်နှိုက်ခံရပြီး ပျောက်သွားတာပါ။ ပျောက်နဲ့ ဖုန်းနံပတ်ကို ဆက်ကြည့်လိုက်တော့ ပိုက်ဆံနဲ့ လာပြန်ရွေးခိုင်းတယ်လို့ ဆိုပါတယ်။ ဒါကတော့ မိုဘိုင်းဖုန်း ပြန်ပေးဆွဲမှုပါ။

မြန်မာကျူးပစ်ဖိုရမ်ထဲမှာ သတိပေး ရေးသားထားတာ တွေ့လို့ နောက်ဆုံးပေါ် ပြန်ပေးမှုများကို သတိရှိဖို့ ဝေမျှလိုက်တာပါ။

KKh
Credit to MMCP

1 comments :

  1. Anonymous said... :

    ဗမာပြည်မှာ လူပြန်ပေး၊ အခွင့်အရေး ပြန်ပေး၊ ဘာသာရေးပြန်ပေး၊ စီးပွါးရေး ပြန်ပေး စတဲ့ ပြန်ပေးဆွဲမှု လုပ်ငန်း အားလုံးကို ဒီစစ်စိုးရက လူတွေပဲ လုပ်နေကြတာ တရားဝင်တောင် ဖြစ်နေပြီလေ၊ ဒီမိုဘိုင်းဖုံးပြန်ပေး၊ စာရွက်စာတမ်း ပြန်ပေးလောက်ကတော့ ဘာ ပြောစရာ လိုသလဲ၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved