ဒေါက်တာတူးဂျာရဲ့ ငြိမ်းချမ်းရေးအမြင်

Monday, August 22, 2011



~


ဒေါက်တာတူးဂျာ (ဓာတ်ပုံ - maimailay.co.cc)

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါက်တာမနာမ်တူးဂျာက ၄ မျက်နှာပါ စာတစောင်ကို စနေနေ့က ထုတ်လိုက်ပါတယ်။

ပြဿနာထုတ်ကြီးကို နောင်လာနောက်သားများ၏ ပုခုံးပေါ်သို့ အမွေဆိုးအဖြစ် ဆက်လက်၍ မတင်ပေးလိုက်သင့်တော့ပါ လို့ ဆိုထားပါတယ်။

စာမျက်နှာ ၃ နဲ့ ၄ မှာ သူပြောချင်တဲ့ အဓိက အကြောင်းအရာတွေ ပါဝင်ပါတယ်။

ဒေါက်တာတူးဂျာဟာ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) မှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် KIO ကနေ နှုတ်ထွက်ပြီး ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ကို တည်ထောင်ခဲ့သူတဦးပါ။
ပါတီမှာ သူက ဥက္ကဋ္ဌ ဖြစ်ပါတယ်။ KSPP ကို ပါတီအဖြစ် မှတ်ပုံတင်လျှောက်တော့ ရွေးကောက်ပွဲကော်မရှင်က လက်မခံပါ။
ပါတီ ကိုယ်စားလှယ်တွေက တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်တော့လည်း ကော်မရှင်က လက်မခံပါ။

အခု ဖြန့်လိုက်တဲ့ သူ့အမြင် ၄ မျက်နှာထဲမှာ သူ့လှုပ်ရှားမှုတွေအကန့်အသတ်ခံရကြောင်း ညည်းတွားထားတာတွေ မပါပါ။ အကောင်းမြင်သဘော ရေးသားချီးကျူးထားတာတွေ၊ တိုက်တွန်းထားတာတွေကို ဖတ်ရမှာပါ။







-

4 comments :

  1. Yadana said... :

    မျှမျှတတတင်ပြထားသည့် အတွက် ဒေါက်တာအား လေးစား ပါတယ်ခင်ဗျား။
    ကချင်ပြည်နယ်ကြီးငြိမ်းချမ့်းပြီး ဆထက်တံပိုးတိုးတက်ဖွံဖြိုး စေဖို့  အားလုံး ညီညီညွတ်ညွတ်ဆောင်ရွက်နိုင်စေရန်ဆုတောင်း ပါသည်။
    တဖက်သတ် အမြင်များ လျော့ ကာ ဖြစ်ပေါ်နေသောပကတိအခြေ အနေ များကို နှစ်ဖက်လုံး မှ အခွင့် ကောင်းအဖြစ် အသုံးချပြီး ပြည်နယ် နှင့် တိုင်းပြည်အတွက် ဆောင်ရွက်ကြစေချင်ပါသည်။

  1. Anonymous said... :

    အင်မတန်အမြော်အမြင်ကြီးမားပါပေတယ်
    အခြားတိုင်းရင်းသားခေါင်းဆောင်တွေအတုယူသင့်ပါတယ်

  1. Anonymous said... :

    I'm not a Kachin but I love to read and listen Dr. Tujar's statement for his positive view and constructive approch. He is very much better than Irradaddy's columnist Dr. Zarni who lost directions & full of personal hatred. Dr. Tujar shows no hatred, loving peace and long sighted. He should be Kachin State PM or no less. Even ex-KIA and from killing machine/ organization, he represnts real Kachin. His KSPP was tarnished by KIA's stupid move. In fact, he's a real leader of KIA. Not Zaung Hra or Gun Maw.

  1. Anonymous said... :

    very fair view . The others races leader will not view like that i think.
    Kachin races and myanmar gov: do not have much problems execpt Myit Son Dam issue and the other enviornmental problems.
    I wish Doctor can organize his people to maintain soft view.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved