ရန်ကုန်မှ ဆန္ဒပြပွဲများ

Monday, September 26, 2011






ဓာတ်ပုံ - မြစ်မခ

ရွှေဝါရောင် နှစ်ပတ်လည် ၄ နှစ်ပြည့်နေ့ ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ နေရာ ၅ ခုမှာ စုဝေး၊ ချီတက်ကြတဲ့
အသေးစား ဆန္ဒပြမှုတွေ ဖြစ်နေတယ်လို့ ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက်က ပြောပါတယ်။

(ဓာတ်ပုံ - Jo C Ker)





ရန်ကုန်မြို့တော်ခန်းမရှေ့ လုံခြုံရေးချထားတဲ့မြင်ကွင်း (ဓာတ်ပုံ - Jo C Ker)

ဧရာဝတီမြစ်အရေး စိုးရိမ်သူများ၊ NLD နော်အုံးလှ၊ တွံတေး ကျူရှင်ဆရာ ဦးအောင်ဖေ စတဲ့ ပုဂ္ဂိုလ်များ သီးခြားစီ ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။

အကျဉ်းသားလွတ်မြောက်ရေးအတွက် တောင်းဆိုသူများ ရှိသလို မြစ်ဆုံစီမံကိန်း ရပ်တန့်ရေး တောင်းဆိုသူလည်း ရှိပါတယ်။

လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြတယ်လို့ Eleven Media Group ၀က်ဆိုက်က ရေးလိုက်ပါတယ်။

ဝါရင့်သတင်းစာဆရာ လူထုစိန်ဝင်း

Eleven Media Group - CEO ဒေါက်တာသန်းထွဋ်အောင်

ဦးဝင်းကြိုင် (အထွေထွေအတွင်း ရေးမှူး၊ ငါးလုပ်ငန်း အဖွဲ့ချုပ်) တို့ကို ကိုးကားပြီး ဖော်ပြတာပါ။


၂း၀၀ မြောက်ဥက္ကလာမှာ ချီတက်နေသူတွေ လူစုခွဲလိုက်တယ်။ ဆူးလေဘုရားဘက်ကို ကားနဲ့ သွားကြပြီ။

လုံထိန်းများက လိုက်လံကြည့်ရှုသည်။ ဖမ်းဆီးမှု မရှိ။

(၃း၃၀ တွင် ရသော သတင်းအရ )ဆန္ဒပြပွဲပြီးဆုံး။

ဓာတ်ပုံ - မြစ်မခ

ဓာတ်ပုံ - မြစ်မခဓာတ်ပုံ - မြစ်မခ
ဓာတ်ပုံ - မြစ်မခ

6 comments :

  1. ဘုန်းကြီးကျောင်းသား said... :

    ဒီသတင်းကို ၀ီးကလီး အလဲဗင်းမှာ ဖတ်လိုက်ရလို့ ဒီဘလော့မှာ ဘာရေးထားမလဲဆိုပြီး ၀င်ကြည့်မိတာ။ ကျနော်တို့ အခုလောလောဆယ် မြစ်ဆုံကိစ္စနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့ကိစ္စကို ပညာရှင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ လူလိမ္မာနည်းနဲ့ တောင်းဆိုနေကြတဲ့အချိန် ဖြစ်ပါတယ်။ အဖြေဘယ်လို ထွက်လာမယ်ဆိုတာ မသိရသေးပါဘူး။ နောက်ဆုံး ကျနော်တို့ လိုချင်တဲ့ အဖြေမျိုး၊ ရလာဒ်မျိုး ထွက်မလာရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လမ်းပေါ်ကို မဖြစ်မနေထွက်ကြရမှာပါ။ ဘာမှ သိပ်ပြီးတော့ သဲသဲကွဲကွဲ အဖြေမရသေးတဲ့အချိန်မျိုးမှာ လမ်းပေါ်ထွက်လိုက်သူတွေအနေနဲ့ အောင်အောင်မြင် မြင် တိုက်ပွဲဝင်သွားနိုင်ဖို့ အားလုံးအဆင်သင့် ဖြစ် မဖြစ် စဉ်းစားစရာပါ။

  1. မောင်ကောင်း said... :

    ကျနော့် မိတ်ဆွေကြီး ဘုန်းကြီးကျောင်းသားပြောတာ ကျနော်အပြည့်အဝထောက်ခံတယ် ခုချိန်မှာ ပျားအုံကိုဒုတ်နဲ့ထိုးဖို့ မသင့်သေးဘူး အခြေအနေအတိုင်းအတာတခုအထိစောင့်ကြည့်ဖို့လိုမယ် မောင်ကောင်းဥာဏ်မီလောက်လေးတွေးကြည့်ရမယ်ဆိုရင်တော့ ဝါဒကွဲအစိုးရသစ်အချို့က ဆူပူဆန္ဒပြမှုတွေကို ဖြစ်လာစေချင်တဲ့ သဘောများရှိမယ်ထင်ပါတယ် ဒါသူတို့ ဂွင် လေ -

  1. Anonymous said... :

    ဆရာတွေကိုတော့ လေးစားပါတယ်။ ဦးသန်းထွဋ်အောင်က ဘာကိုဖော်ထုတ်မှာလဲ။ ဘယ်သူကရော ဆူပူနေလို့လဲ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုခွဲသွားတာပဲလေ။ ဘာအော်သံမှတောင်မကြားဘူး။ ခင်ဗျားတို့က ဘာတွေဖြစ်နေတာလဲ။
    မုန့်ဆီကြော်က ဘယ်မှာမှန်းမသိ နှုတ်ခမ်းနာက... လိုဖြစ်နေပြီ။ ခင်ဗျားတို့ သိပ်ကြောက်လွန်းလို့လဲ အစိုးရက နှိပ်ကွပ်နေတာ

  1. Anonymous said... :

    ကျနော်သိသလောက်ပြောကြည့်မယ်နော် ဒီမိုကရေစီနိုင်ငံတခုမှလွပ်လပ်စွာထုတ်ဖော်ပြနိုင်ခွင့်ေ၇းသားပိုင်ခွင့်ငြိမ်းချမ်းစွာဆနပြပိုင်ခွင့်တွေဆိုတာနိုင်ငံတိုင်းမှရှိနေတာပဲ ဒါကိုကြောက်နေရင်ဒို့နိုင်ငံသားတွေဆင်းရဲနေအုန်းမှပဲ ကိုယ်မလုပ်ရဲ မလုပ်နိုင်ရင်လုပ်ပေးနေသူတွေအားပေးပါလို့ဦါ်းသန်းထွဋ်အပါအ၀င် ပြည်သူအားလုံးကိုသူရဲကောင်းတွေကိုယ်စားပြောချင်ပါတယ်

  1. မောင်ကောင်း said... :

    ကြောက်တာတော့ မကြောက်ပါဘူး အဆွေတော်ရယ် ဒုတ်ဒုတ်ချင်း ဒါး ဒါးချင်းပဲဥစ္စာ :) မတော်လို စုန်းပြူးနတ်ပြူးကောင်တွေက အဲ့ဒီ မေတ္တာပို့ဆုတောင်းအုပ်စုထဲဝင်လာပြီး ရောယောင်တောင်နဲ့ ဆူမစိုးလို့ ဖွမစိုးလို့ လမ်းကြောင်းလွဲသွားမစိုးလို့ပါ ကိုယ်တော်ရယ် စိတ်လျှော့ပါအုန်း အေးဆေးပေါ့ ၂၃ နှစ်တောင်ရှိပြီဆိုတော့လဲ တော်လှန်ရေးပါးလေးဘာလေး ဝ ပါတော့ :)

  1. Anonymous said... :

    ဒါနှစ်ပါတ်လည်နေ့လေ
    ဒီလောက်တော့လုပ်၇မှာပေါ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved