ရေအားလျှပ်စစ်စီမံကိန်း လေ့လာရေး စာတမ်းများ

Monday, September 19, 2011




စက်တင်ဘာလ ၁၇ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ရေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဖတ်ကြားတဲ့ စာတမ်းတွေပါ။

65390431 Ayeyarwady Workshop

2 comments :

  1. Anonymous said... :

    ပြည်ခိုင်ဖြိုးအမျိုးသားလွှတ်တော်အမတ် ဦးစိုးမြင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေအမှတ် (၆) သို့အိတ်ဖွင့်ပေးစာ။
    လွှတ်တော်အမတ်ဖြစ်နေလို့ အမတ်မင်းလို့ ပဲခေါ်လိုက်တော့မယ် လွှတ်တော်ထဲမှာ သူငယ်ချင်းတင်သွင်းတဲ့ “ဧရာဝတီမြစ်ကြီးရှင်သန်ရေးအတွက် လိုက်အပ်မည့်နေရာများတွင် ရေထိန်းတမံကြီးများ တည်ဆောက်ရန်နှင့် မြစ်အောက်ပိုင်းတွင် ရေလမ်းကြောင်း ထိန်းသိမ်းရေး စီမံကိန်းများ ဆောင်ရွက်ပေးရန်” အဆိုကိုတင်သွင်းခဲ့တာကို ထောက်ခံဆွေးနွေးကြတာကော ဖတ်ရတယ်၊ ဒီအဆိုနဲ့ ပတ်သက်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် (R.I.T) နဲ့ Netherland နိုင်ငံ DELFT-Hydraulic Institute ကျောင်းတော်များရဲ့ ဂုဏ်သိက္ခာ အတွက်ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြောင်း တစ်လျောက်နဲ့ ချင်းတွင်းမြစ်ကြောင်းတစ်လျောက်ကို သူငယ်ချင်းအစအဆုံး သွားခဲ့ဖူးပါသလား။ Geology of Burma Text Book နဲ့ Map ကို Engineer တစ်ယောက်အနေနဲ့ လေ့လာခဲ့ဖူးပါသလား။ ရေလမ်းထိန်းသိမ်းရေး ညွှန်ချုပ်တစ်ယောက်ဖြစ်ခဲ့လို့ ဧရာဝတီနဲ့ ချင်းတွင်းကိုတော့ တပည့်တွေ ကျွေးမွေးတာကိုစားရင်း မိသားစုနဲ့ အပျော်ခရီးသွားတာမျိုး လုပ်ခဲ့ဖူးမယ်လို့တော့ ထင်ပါတယ် နိုက်နိုက်ချွတ်ချွတ် သိမယ်လို့မယူဆဘူး။ ကျောင်း Carrier တွေ ကိုတော့ မပြောတော့ပါ။ သူငယ်ချင်းပြောတာတွေကလဲ လျှပ်စစ်(၁)၀န်ကြီး ဦးဇော်မင်းရဲ့ နောက်ဆက်တွဲတွေ လို့ပဲသတ်မှတ် ပါတယ်။ ဧရာဝတီဆည်တည်ဆောက်ရေးစီမံကိန်းကို တရုတ်တွေအတွက် ပြန်လည် အသက်သွင်းဖို့ လုပ်နေတယ်လို့ သတ်မှတ်ပါတယ်။ယံစီမြစ်ကို တိုက်ရိုက်ကူးချတာလား။ လွှတ်တော်ထဲမှာ လျှပ်စစ်ဒုဝန်ကြီး ငြိမ်း ဦးမျိုးမြင့်တို့လို သဘာကြီးတွေပါတယ်၊ Engineer တွေလဲအများကြီး၊ အပြင်မှာလဲ နိုင်ငံခြားက Dr,M.Sc,DipHE ရလာတဲ့သူတွေ၊ (ပြည်တွင်းကရတာတွေမဟုတ်ဘူး) အများကြီးပဲ။ ကာတွန်းထဲမှာ ၀န်ကြီး ဦးဇော်မင်းကို ရေးသလို “ငါအတတ်ဆုံးလို့ ပြောလိုက်တာ ငါ့ထက်တတ်တဲ့ သူတွေအများကြီးပဲ တော်သေးတယ် ငါကမရှက်တတ်လို့” ဆိုတာမျိုး မဖြစ်စေချင်ဘူး။
    သူငယ်ချင်း ရေလှောင်တမံ(ဆည်)ဆောက်တာကောမြင်ဖူးရဲ့လား၊ ICOLD အကြောင်းကော သေသေချာချာသိပါသလား၊ လွှတ်တော်မှာ ပြောခိုင်းလို့ပြောတာမျိုးမလုပ်ပါနဲ့၊ သမိုင်းတရားခံ ဖြစ်သွားပ့ါမယ်၊ မေခ၊မလိခနဲ့ ဧရာဝတီမြစ်ဆုံတို့မှာ ဆည်တည်ဆောက်မယ့်နေရာတွေရဲ့ Foundation Rock တွေမှာ SERPENTINITE ROCK တွေ ရောနှောနေတာတွေ ရှိတယ်ဆိုတာ သိပါရဲ့လား၊ SERPENTINITE ROCK အမျိုးအစားကိုမသိရင် ဘာလဲဆိုတာ လေ့လာလိုက်ပါဦး၊ မင်းရဲ့အဆိုတွေကြောင့် ရေလှောင်တမံဆောက်လို့ ဆည်အောက်ကလူတွေ ဒုက္ခမဖြစ်ပါစေနဲ့ကွာ၊…
    တရုတ်တွေရဲ့လောဘကို အလိုမဖြည့်ပေးပါနဲ့ တရုတ်တွေဆိုတာ တိုင်းရင်းသားတွေမဟုတ်ပါဘူး၊ အရင်လူတွေက ကချင်ပြည်နယ် မြစ်ဆုံက မြေကားတစ်စီးကို (၁၀ ကျင်းလောက်ပါမယ်လို့ခန့်မှန်း) ယွမ် ၈၀၀၀/ိ (US $ 1260) လောက်နဲ့ရောင်းစားကြတယ်၊ အခုလဲရောင်းစားနေတုန်းပါပဲ၊ မြေတစ်ကျင်းကို ၇ တန် (Metric Ton) လောက်ခန့်မှန်းတယ်၊အဲ့ဒီမြစ်ဆုံက မြေတွေက ရွှေ 2 oz အထက်ထွက်တယ် ဒီနေ့ပေါက်ဈေးနဲ့ တွက်ရင် နိုင်ငံတော်က ဘယ်လောက်ရှုံးသွားပြီလဲ၊ ဒါရွှေတစ်မျိုးပဲပြောသေးတာ၊ ချီဘွေဖက်မှာလဲ Molybdenum လို့ခေါ်တဲ့ သတ္တုကို ထုတ်နေတယ်၊ ဒါသဘောလောက်ပဲရေးပြသေးတာ တခြား Rare Earth & Minerals တွေအများကြီးပဲ။ မြေပေါ်မြေအောက်သယံဇာတတွေကိုလဲ ရောင်းစားကြ သေးတယ်။ အလျှင်းသင့်သလို ပြောရရင် တရုတ်တွေက ဘယ်လောက် အနစ်နာမခံသလဲဆိုရင်၊ သံလွင်မြစ်၊ တာပါးရေအား လျှပ်စစ်စီမံကိန်းကိုလေ့လာတဲ့အခါ ဆည်ဆောက်ရင် တရုတ်ပြည်ထဲမှာ ဧက ၃၀၀ လောက်ရေမြုပ်တဲ့အထဲ ပါမယ်။ အဲ့တာ ယူနန်အစိုးရက အကြီးအကျယ် ကန့်ကွက်တယ်လို့ ကြားဖူးတယ်။ အဲ့တာတွေကို အရင်သိအောင်လုပ်ပါဦး။
    စိုက်ပျိုးရေးအကြောင်းပြောရရင် နူံးတင်မြေနုကျွန်းတွေရဲ့ တန်ဖိုးကို မင်းဘယ်လောက်နားလည်လဲ၊ မင်းကစလင်း၊ မကွေးတိုင်းသားဆိုတော့ သဲသောင်၏ကောင်းကြောင်း တစ်စွန်းတစ်စတော့ ကြားဖူးမှာပေါ့ကွာ၊ အပင်တစ်ပင်ဖြစ်လာဖို့အတွက် ရေဧကပေ ၂၀-၃၀လောက်သုံးခဲ့ရတာ မင်းကြားဖူးမှာပါ၊ ဂါလန်နဲ့ဆိုရင် မင်းတွေးသာကြည့်၊ (ရေ ၁ ဧကပေမှာ ရေ ၂၇၂၂၅၀ ဂါလံရှိတယ်)။ ဒီရေဂါလံအတွက် ကုန်ကျစရိတ်ကို မင်းကခံပေးမှာလား၊ လိုအပ်တဲ့မြေသြဇာကို မင်းကစိုက်ပေးမှာလား၊ သူဖာသာ တောင်သူစိုက်စားနေကြတာ မင်းကြောင့်ဒုက္ခရောက်တော့မယ်။ မင်းရဲ့ ၁၉၇၀ ပြည့်နှစ်အတွေးတွေနဲ့ Sector Wise အတွေးအခေါ်နဲ့တော့ Approach မလုပ်ပါနဲ့ကွာ။ မင်းဧရာဝတီမြစ်ဝှမ်း တစ်ခုလုံးကိုကြည့်ပြီး Integrated Approach နဲ့စဉ်းစားစမ်းပါ။

  1. Anonymous said... :

    (အဆက်) မင်းတရုတ်နိုင်ငံက ယံစီမြစ်၊ မြစ်ဝါမြစ်တို့ကို ရောက်ဖူးသလား၊ အမေရိကားက ကိုလိုဒိုယာ၊ မစ္စစပီ ရောက်ဖူးသလား၊ အဲ့ဒီမြစ်တွေမှာ ဘာတွေဖြစ်နေသလဲ၊ မင်းမရောက်ဖူးရင်လဲ Internet ကနေကြည့်လိုက်ကွာ၊ မင်းတို့ထင်သလိုဖြစ်မလာဘူး၊ ဒုက္ခပင်လယ်ဝေနေကြပြီ။ သူတို့ဆီမှာ River Basin Organization ရှိပြီး စနစ်တကျ လုပ်တာတောင် ကျွမ်းထိုးမှောက်ခုံတွေဖြစ်နေတာ၊ မင်းဆီမှာ ဘာအတတ်ပညာ၊ ဘာအဖွဲ့အစည်းမှ မရှိပဲနဲ့ ဘယ်လိုလက်တန်းလုပ်မှာလဲ၊ Rhine River တောင်မင်းအစအဆုံးရောက်ဖူးရဲ့လား၊ မင်းဘာတွေ စိတ်ကူးယဉ်နေတာလဲ၊ စာအုပ်ထဲမှာပါတာတွေကို စိတ်ကူးယဉ်ပြီး သူတို့ဖြစ်စေချင်တာတွေကို အဆို တင်သွင်းတာမျိုး ရပ်ရလိမ့်မယ်၊ ဘယ်မှာလဲငွေ၊ ဘယ်မှာလဲ အတတ်ပညာ၊ River Training ဆိုတာမျိုးက ငွေအရမ်းကုန်တဲ့ကိစ္စပါ၊ Large Dam တွေရဲ့ Down Stream Effect တွေ ဘယ်လို ဖြစ်တယ်ဆိုတာ မင်းလေ့လာဖို့လိုတယ်။ အထက်ကမြစ်တွေကို လေ့လာဖို့ဆိုရင် နိုင်ငံ့ငွေ အများကြီး ကုန်နေပါဦးမယ်၊ နေပြည်တော်နဲ့နီးတဲ့ ဒုဌ၀တီမြစ်(မြစ်ငယ်) မှာ ဆောက်ထားတဲ့ ရဲရွာ ရေအားလျှပ်စစ်ဆည်ရဲ့ အောက် Down Stream ရွာတွေမှာ ဘယ်လိုတွေ ဖြစ်နေသလဲဆိုတာ မင်းအနေနဲ့ ဖြစ်ရပ်မှန်ကို သွားလေ့လာ ဖို့လိုတယ်။ မင်းတို့လွှတ်တော်အဖွဲ့တွေကိုလဲ ခေါ်သွားဖို့လိုလိမ့်မယ်၊ ဒါမှ မင်းတို့ရဲ့ပကတိ မူလ အခြေအနေ မှန်ကိုသိပြီး ပြည်သူတွေက မင်းတို့ဖက်ကပါလာမှာပေါ့။ မင်း ဆည်ကြီးတွေတည်ဆောက်လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာ Hungry Water နဲ့ပတ်သက်ပြီး မဲခေါင် Commission မှာ စာတန်းတွေဖတ်၊ Workshop လုပ်ထားတာတွေကို မင်းပြန်လေ့လာဖို့လိုလိမ့်မယ်။ Large Dam တွေက Methane ဓါတ်ထွက်တာ Cold Water Effect က Downstream 100 km အထိအနည်းဆုံး Effect ဖြစ်တာတွေကို ချပြရလိမ့်မယ်၊ မင်းရဲ့တင်ပြမှုတွေကြောင့် ဖြစ်လာမယ့် နောက်ဆက် တွဲတွေကို စဉ်းစားဖို့လိုလိမ့်မယ်။ မင်း Delft မှာ Coastal ယူလာတာပဲ၊ ဒို့မြန်မာနိုင်ငံ အမိ ဧရာဝတီ မြစ်ကြီးရဲ့ ကျေးဇူးကြောင့် နှုန်းမြေတွေကြောင့် ပင်လယ်ထဲကို မြေသစ်တွေ တစ်နှစ်ကို ၁ မီတာကျော်လောက်တိုးထွက်ပြီး နိုင်ငံအတွက်မြေသစ်တွေ ဖေါ်ထုတ်တိုးချဲ့ နေတာတွေ ( အခြားနိုင်ငံဆိုရင် လူလုပ်ကျွန်းတွေနဲ့ နိုင်ငံကို ပင်လယ်ထဲချဲ့နေရတာ ) ဒို့ကသဘာဝ အမိဧရာဝတီကပေးတဲ့ နယ်မြေသစ်တွေကို မင်းရဲ့အကြံကြောင့် တိုးချဲ့ ရရှိပြီးတဲ့ မြေသစ်တွေ (ဗျဂ္ဂဇာကျင့်- Retrogression ) ကြောင့် ရှိပြီး မြေတွေ ပြန်ပျောက်သွားခဲ့ရင် သမိုင်းရဲ့တရားခံထဲ ပါသွား လိမ့်မယ်။
    မင်းအဆိုပြုနေတာ Generation ဘယ်နှစ်ခုကို စဉ်းစားပြီးပြောလဲ? မင်းရဲ့လွတ်တော်သက်တမ်း တစ်ခုအတွက်လား? ဒါမှမဟုတ်မင်းရဲ့စားဝတ်နေရေးအတွက်လား?မင်းကို ထောက်ခံတဲ့လူအိုတွေကို မင်းကြည့်မနေနဲ့။ မင်းအဆိုမပြုရဘူးလို့တော့မပြောလိုပါဘူး၊ ငါတို့အနေနဲ့ကတော့ မြန်မာနိုင်ငံကြီး ကမ္ဘာ တည်သ၍ တည်တံ့နေရေးအတွက်ကိုပဲ စဉ်းစားတယ်၊ ပြည့်စုံလုံလောက်တဲ့ လေ့လာမှုမရှိပဲ မတင်ပြပါနဲ့၊ လူကြီးတွေ တွေဝေသွားလိမ့်မယ်၊ ဂုတ်သွေးစုပ်တဲ့ ပြည်တွင်းသစ္စာဖောက်တွေနဲ့ နိုင်ငံခြားသားတွေ ၀မ်းသာ သွားလိမ့်မယ်၊ အာရှတိုက်မှာ River Basin Organization နဲ့ Water management လုပ်တဲ့ အဖွဲ့အစည်းအများဆုံးရှိတာ ထိုင်းနိုင်ငံပဲ၊ ဒီနေ့ထိုင်းနိုင်ငံဘာဖြစ်နေလဲ၊ ရေမြုပ်နေတယ်လေ။ဒို့နိုင်ငံမှာ ဘာအဖွဲ့အစည်းမှ ရှိတာမဟုတ်ဘူး၊ ညစ်ပတ်တဲ့အဖွဲ့အစည်းတွေနဲ့ အာဏာယစ်မူးနေတဲ့ အဖွဲ့အစည်းတွေ ပဲရှိတယ်။ ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ ရေဘေးကို သင်ခန်းစာယူပါ၊
    ငါတို့ကို သင်ကြားပြသပေးလိုက်တဲ့ R.I.T ဆရာကြီးတွေ သက်ရှိထင်ရှားရှိနေပါသေးတယ်၊ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ R.I.T ရဲ့ဂုဏ်သိက္ခာ၊ Delft-Hydraulic Institute ရဲ့ဂုဏ်သိက္ခာကို ငဲ့ပါ သူငယ်ချင်း………….

    R.I.T & Delft Institute

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved