ပြည့်တန်ဆာလုပ်ငန်း တရားဝင် ခွင့်ပြုသင့်သလား

Sunday, October 9, 2011

....



ပြည့်တန်ဆာလုပ်ငန်း ဆိုတာ တိုက်ဖျက်ဖယ်ရှားလို့ မရတာကြောင့် သဘောထားကြီးကြီးနဲ့ ချည်းကပ်ပြီး စဉ်းစားပေးကြဖို့လိုပြီ လို့ သမာဆတ်တက္ကသိုလ် နိုင်ငံရေးသုတေသီ Ms. Chalidaporn Songsamphan က ပြောဆိုကြောင်း မနေ့က ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။

တခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းကလူတွေလိုပဲ ပြည့်တန်ဆာတွေကိုလည်း တန်းတူ အခွင့်အရေး ပေးသင့်ပါတယ် တဲ့။ အထူးသဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုလိုမျိုး အခွင့်အရေးပါ။

ပြည့်တန်ဆာလုပ်ငန်းထဲရောက်လာကြတာဟာ ပိုက်ဆံလိုလို့ ရောက်လာကြတာပါလို့ Rak Thailand ပါတီ ခေါင်းဆောင် ချူဝစ်က ပြောဆိုကြောင်းလည်း သတင်းမှာ ရေးထားပါတယ်။

မစ္စတာချူဝစ်ဟာ ဟိုတုန်းက လိင်ဝန်ဆောင်မှုပေးတဲ့ အနှိပ်ခန်းလုပ်ငန်းရှင်ကြီးဖြစ်တယ်လို့ သတင်းက ဆိုတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် ဖျော်ဖြေရေးနှင့်သက်ဆိုင်သောနေရာဌာနများဥပဒေ (the 2003 Entertainment Places Act) မှာ ဟာကွက်တွေ ရှိနေတယ်၊ ဒီဟာကွက်တွေကို အစိုးရအရာရှိတွေက အသုံးချနေတယ် - တရားမ၀င်လုပ်ငန်းတွေ လည်ပတ်ခွင့်ပြုပြီး ပြည့်တန်ဆာတွေကို ဂုတ်သွေးစုတ်နေတယ် လို့ မစ္စတာချူဝစ်က ပြောပါတယ်။

ဒါက ထိုင်းသတင်းစာထဲက ကောက်နှုတ်ထားတာပါ။ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းက တရားမ၀င်ပါဘူး။

မြန်မာနိုင်ငံမှာလည်း တရားမ၀င်ပါဘူး။ မြန်မာပြည်က ပြည့်တန်ဆာတွေက လမ်းပေါ်မှာပဲ ဖောက်သည် ရှာကြသလို ဟိုဆိုင်ဒီဆိုင်တွေကနေလည်း ဖောက်သည် စောင့်ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အဆိုတင်တာ ဆွေးနွေးတာတွေ မလုပ်သေးပါဘူး။

မီဒီယာလောကထဲက တချို့ကို မကြာသေးခင်က ဆက်သွယ်ပြီး မေးခွန်း ခပ်တိုတို ထုတ်ခဲ့ဖူးပါတယ် - မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် လုပ်ခွင့် ပြုသင့်သလား၊ မပြုသင့်ဘူးလား ဆိုတဲ့ မေးခွန်းပါ။
စိတ်ဝင်စားဖို့ကောင်းတာက သူတို့ရဲ့ အဖြေတွေ တူနေတဲ့အချက်ပါပဲ။


======================


မရှိမကောင်း၊ရှိမကောင်းလုပ်ငန်းဆိုပေမယ့် တရားဝင်ခွင့်ပြုပြီး စနစ်တကျ လုပ်ကိုင်စေရင် ဒီနေ့ ဆေးကုမနိုင်သေးတဲ့ HIV-AIDS ကိုတော့ တော်တော် ကာကွယ်နိုင်ပါလိမ့်မယ်...

ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/


ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အကျိုး အပြစ်တွေ တွက်ချက်ပြီး အများ မထိခိုက် မနစ်နာအောင် မိန်းမ ပြည့်တန်ဆာကော၊ ယောက်ျား ပြည့်တန်ဆာကော တရားဝင် လုပ်ခွင့် ပြုသင့်ပါတယ်။
တရားမ၀င်တဲ့ အတွက် ထိခိုက်နစ်နာမှုတွေ ရှိတယ်လို့ ထင်ပါတယ်။ ရောင်းသူကော၊ ၀ယ်သူကောပါ။

Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing

မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ခွင့်ပြုသင့်တယ်။
လိုင်စင်နဲ့ ဘာနဲ့ ဆိုရင် ဆေးစစ်တာ၊ သွေးစစ်တာတွေ သေချာလုပ်ပြီး စည်းကမ်းတကျ ဖြစ်သွားနိုင်တယ်။ ခွင့်မပြုလို့ တရားမ၀င်ဖြစ်နေတာက ရောဂါဖြန့်ဖြူးရေးကို အားပေးရာရောက်တယ်လို့ ထင်တယ်။

ဘလော်ဂါ ခင်မင်းဇော်

http://khinminzaw.blogspot.com/


အင်း... ။
ကမ္ဘာပြားပြီ ။
မှိုနှင့်မျှစ်ကို နှုတ်လို၏။
ကျဉ်တုပ်ခံဝံ့၊ မခံဝံ့ ။

ဘလော်ဂါ မင်းဒင်
http://www.mindin.info/


ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရင် ကောင်းပါတယ်။
တရားမ၀င်ဖြစ်နေရင် သိပ်မကောင်းဘူး။
လုပ်ငန်းတွေ အကုန်ပိတ်သိမ်းလိုက်ရင်
မုဒိန်းမှုတွေဖြစ်ကုန်မယ်။
မကြောက်ဘူးလား။

ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/


ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုရမယ်။
ဒီမိုကရေစီနဲ့ ပြည့်တန်ဆာတရားဝင်မှုက ခေါင်းနဲ့ပန်းလိုပဲ။ ခွဲခြားလို့ မရပါ။


ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/


ဘုရားလက်ထက်ကတည်းက ရှိလာခဲ့တဲ့လုပ်ငန်းပဲဗျာ။
တဘ၀လုံးထိုးရင်းပြီး လုပ်ကိုင်စားနေရတဲ့ ကာယကံရှင်တွေ မနစ်နာအောင် ဥပဒေအရ အကာအကွယ်ပေးသင့်ပါတယ်။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/

တရားဝင်ခွင့်ပြုသင့်ပါတယ်။
တရားဝင်မရှိတော့ အဆက်အသွယ်မရှိရင် ရှာရခက်မှာပေါ့။

ကာတွန်း ဘီရုမာ
http://beruma.blogspot.com/


တရားဝင် ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။
မဟုတ်ရင်လည်း ခိုးကြောင် ခိုးဝှက်နဲ့  လုပ်ကိုင်စားသောက်နေရတဲ့ အခြေနေက ရုန်းထွက်လို့ မရတဲ့အတွက် သူတို့ ဘ၀ အန္တရာယ်ပိုများပါတယ်။
သူတို့တွေအတွက် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်၊ ဥပဒေ စည်းမျဉ်း ရှိသင့်ပါတယ်။

ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ









.........

25 comments :

  1. Anonymous said... :

    ၂၀၉၉ ခုနှစ်မှာ ဖြစ်နိုင်မယ် ထင်တာဘဲကွာ

    မင်းစိုး

  1. Anonymous said... :

    ခွင့်ပြုသင့်ပါတယ်။ လိုအပ်တဲ့စည်းမျဉ်းစည်းကမ်းတွေတော့လိုတာပေါ့။ ကျန်းမာရေးရှု့ထောင့်က ကြည့်ရင် ကောင်းပါတယ်။ ရောဂါတွေကူးစက်ဖို့ အခွင့်အရေးနည်းသွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သွားမဲ့သူက သွားနေမှာဘဲလေ။ အုပ်ချုပ်မှုအရလည်း ကောင်းပါတယ်။ ဘာသာရေးရှု့ထောင့်ကကြည့်ရင်တော့ မကောင်းဘူးထင်ရပေမဲ့ ငါးပါးသီလကို ချိုးဖောက်မဲ့သူက ဘယ်အခြေအနေပဲဖြစ်နေနေ ချိုးဖောက်မှာပါပဲ။ လိုအပ်တဲ့စည်းကမ်းချက်တွေကိုထုတ်ပြန်ပြီးလိုက်နာအောင် ကျပ်မတ်ဖို့ဘဲလိုတယ်။
    Red Devil

  1. Anonymous said... :

    i don't think that burma will legalize this business!

  1. Anonymous said... :

    အစစအရာရာပြောင်းလည်းလာနေတဲ့ခေတ်ကြီးမှာ ဒီလုပ်ငန်းကိုလည်း တရားဝင်ခွင့်ပြု့ သင့်ပါတယ်။ ခွင့်ပြု့ လိုက်ရင် ဆိုးကျိုးထက်ကောင်းကျိုးတွေပိုများလာစေလိမ် မည်လို့ ယူဆမိပါတယ်။

  1. Anonymous said... :

    ပိတ်လိုက်ဗျာ။ ဖွင့်မပေးနဲ့။
    ကိုင်းရသလားဗျာ။ ပပျောက်သွားရောလား။
    မရပါဘူးဗျာ။
    အဲဒီတော့ ဥပဒေနဲ့ ခွင့်ပြုသင့်ပါတယ်။
    ဘမောင်။

  1. Anonymous said... :

    should be legalized .Look at the present prostitution in Burma.no legalized but you can get every corner of roads in Yangon. And night clubs and everywhere. Also the world oldest professional .we cannot stop .If we are forcing it to stop ,people will do secretly and this is the major source of spreading STD.So we'd better legalize this sex -worker business in our country.I wish all Myanmar people would studied about this important cause not only in Myanmar also any civilized countries which have the better result of legalizing this professional, around the world

  1. jimmyzeya said... :

    ခွင့်ပြုသင့်တယ် .............နေရာအတည်တကျလေးပေါ့

  1. aungsanwin said... :

    Should follow way, how they do and where they put.

  1. ချီးထုတ်
    သေချာတာကတော့ ပိတ်သည်ဖြစ်စေ၊ ဖွင့်သည်ဖြစ်စေ တိုင်းသူပြည်သားတွေရဲ့ စီးပွားရေးက ၀င်ငွေနဲ့ ထွက်ငွေ မျှတနေတယ်ဆိုရင် တော်ယုံမိန်းမ ပြည့်တန်ဆာ မလုပ်ဘူးဆိုတာပါပဲ။

  1. Anonymous said... :

    It should be legalized to control spreading of STDs. But, on the other hand, there should be some divorce law for ethical reasons. Divorce law should contain :

    - Right to divorce the person who broke the relationship by having affair with commercial sex worker.

    - Right to claim any child support or financial support from the person who cheated. etc

    And also some social laws for the victims.

    I think it needs lots of work.

  1. Anonymous said... :

    အကန့်အသတ်များစွာနှင့် ခွင့်ပြုသင့်ပါတယ်။ အကန့်အသတ်နည်းပါးလွန်းလျှင် မြန်မာပြည်ကဲ့သို့ဝင်ငွေနည်းပါးသောနိုင်ငံအနေဖြင့်ဆိုလျှင် ပြည့်တန်ဆာလုပ်ငန်းများ မှိုပေါက်သကဲ့သို့ပေါများစွာပေါ်ပေါက်လာနိုင်ပါတယ်။ ခွင့်မပြုပြန်လျှင်လည်း အမျိုးကောင်းသမီးမိန်းကလေးများအား ပစ်မှတ်ထားဖျက်ဆီးမှုများပေါများလာနိုင်ပါတယ်။ အကန့်အသတ်များစွာချမှတ်ရာတွင် condom မသုံးမနေရ ဥပဒေကန့်သတ်မှု၊ condom ၂ထပ်အသုံးပြုရမည့် ကန့်သတ်မှု များဖြင့် ပြည့်တန်ဆာလုပ်ငန်းဖြင့်ဘဝရပ်တည်နေကြမည့် မိန်းကလေးများဖက်မှ ဥပဒေ၏ဖေးမကူညီပေးမှု ရရှိလာမည်ဖြစ်ပီး ရောဂါကူးစက်မှုများထိန်းချုပ်လာနိုင်ပါမယ်။ သို့သော်လည်း ယောက်ျားများအား ကာမစိတ်ဖောက်ပြန်လာနိုင်စေမည့် ပြည့်တန်ဆာမိန်းကလေးများ၏ လမ်းမပေါ်ဝတ်စားဆင်ယင်မှု ဖောက်သည်မြူဆွယ်နေမှုများကို အများပြည်သူလမ်းမပေါ်မဖြစ်ပေါ်စေရန် ကန့်သတ်ရပါမည်။ တဆက်တည်း မုဒိမ်းမှုကျူးလွန်ကာ အမျိုးကောင်းသမီးလေးများအား ဖျက်ဆီးလိုသူများအား ပိုမိုထိရောက်မည့် ဥပဒေဖြင့်ပြဌာန်းကာကွယ်ပေးသွားရန်လိုအပ်ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းအား ဥပဒေဖြင့်ခွင့်ပြုရန်အတွက် နေရပ်အသီးသီးတွင် ဥပဒေလိုက်နာမှုအားကောင်းလာစေရန် လိုအပ်နေပါသေးတယ်ဟု ထင်မြင်ပါတယ်။

  1. Anonymous said... :

    တရားဝင် ဥပဒေ ဘောင်ထဲကနေ ခွင့်ပြု ကာကွယ် စောင့်ရှောက်သင့်ပါတယ်။ ခွင့် မပြုထားဘူးဆိုရင် တာဝန်ရှိပါတယ်ဆိုတဲ့ ရဲ နှင့် စစ်တပ်က အနိုင်ကျင့် စော်ကားတာ၊ ငွေညှစ်တာ လိုင်းကြေးပေးနေရတာ အတော်ဆိုးပါတယ်။ အမျိုးသားကျန်းမာရေးကို လည်း မြင့်တင်နိုင်အောင် တရားဝင် ခွင့်ပြုသင့်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေရော မရောက်သေးတဲ့ ခလေးသူငယ်တွေရော အာဏာပိုင်တွေက ခြေတော်တင်တာ ၊ ဆက်ကြေး လိုင်းကြေးကောက်နေတာ ဗမာတစ်ပြည်လုံးမှာ ရှိနေကြပါတယ်။ ငွေကြေး လိုအပ်ချက်ကြောင့် စီးပွားရေ မပြေလည်လို့  ဒီလုပ်ငန်းထဲ ရောက်သွားကြသူတွေကို အတက်နိုင်ဆုံး စီးပွားရေး အတက်ပညာတစ်ခုခု သင်ကြားပြုစု ပျိုးထောင်ပေးသင့်ပြီး ကယ်ထုတ်နိုင်အောင် လုပ်သင့်ပါတယ်။ ပြည့်တန်ဆာ အမျိုးသမီးလေးတွေကို စာနာနားလည်းပေးပြီး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြပါ။ ဆင်းရဲမွဲတေမှု့ ကြောင့် ဒီဘဝ ဒီအခြေအနေထဲေ၇ာက်သွားကြသူတွေကို အမျိုးကောင်းသား ဗမာပြည်ဖွားအားလုံး ကယ်တင်ပေးကြပါ လို့  ဒီကွန်မန်းလေးကို ရေးလိုက်ရပါတယ်။ အပျော်သက်သက် ဒီဘဝမှာ ရောက်ရှိနေသူတွေကိုလည်း ဥပဒေအောက်မှာ အကာအကွယ်ပေးသင့်ပါတယ်။

  1. Anonymous said... :

    comment ရေးတဲ့သူတွေ တော်တော်ရက်စက်ကြတာပဲ မင်းတို့  သားသမီး မိဘတွေ အဲဒီအလုပ်ကို ခွင့်ပြုမိန့်လက်မှတ်ကိုင်လုပ်နေမှာကို ကြည့်ချင်နေကြသလား။

  1. ko ko said... :

    please remember Boyoke Aung San

    Word( Will be come ,,,,Pha,,,, country

  1. Anonymous said... :

    Ohh,

    Great , that is must be open with legalize.

  1. Anonymous said... :

    all of above people
    are you ok with gays marriage!
    are you ok with sex change!
    are you ok with human are sexmate with animals!
    If you guys are ok with above, i'm ok with all of you comments.

  1. Anonymous said... :

    ဘယ်နိုင်ငံမှာမှ တားလို့မရခဲ့သလို ဟိုးရှေးပဝေသနီ ကတည်းက ပြည့်တန်ဆာဆိုတာ ရှိခဲ့ပါတယ်။ ပြည့်တန်ဆာများသာမရှိရင် မုဒိန်းမှုတွေ တစ်သီကြီး ဖြစ်လာမယ်ထင်ပါတယ်။
    ဒါကြောင့် တားမြစ်မထားပဲ စနစ်တကျခွင့်ပြုပေးသင့်ပါ တယ်။
    မိမိကိုယ်တိုင်က ကျေနပ်လို့ ခန္ဒာကိုယ်ကိုရင်းနှီးပြီး အလုပ်လုပ်ချင်ကြတဲ့ မိန်းကလေးတွေအတွက် ဆိုရင် ကောင်းပါတယ်။
    နှိပ်စက်ညှဉ်းပန်းမှုအောက်မှာ အလိုမတူပဲ လုပ်နေရ ရင်တော့ ဥပဒေအရ ကာကွယ်ပေးသင့် ပါတယ်။

  1. Anonymous said... :

    တကယ့်ကို အငြင်းပွားဖွယ် ကိစ္စဘဲ။
    ဧရာဝတီက ဖွတဲ့နေရာမှာ တော်တယ်နော်။

  1. မမ said... :

    ခွင်.ပြုသင်.ပါတယ်။ ဒါဟာ ခေတ်အဆက်ဆက် လူ.သမိုင်းတလျောက်ခုံး၇ှိခဲ.တဲ. ကိစ္စပါ။ ဘယ်ကိစ္စဖြစ်ဖြစ် မှော်ငခိုဇျေးကွက်လို ဖြစ်တာ မကောင်းပါဘူး။ ဒိလို ပြည်.တန်ဆာ လုပ်ငန်းများကို သိးသန်းနေ၇ာ သတ်မှတ်ပေး၇ပါမယ်။ သူတို.မှာ ဖြစ်နိုင်တဲ.ရော၈ါများအျွှက် ပညာပေး၇ာမှာလဲ တစုတဝေးတည်.စနစ်တကျ ပေးနိုင်မှာ ဖြစ်ပါတယ်။ လိုင်စင်တွေ ထုတ်ပေး၇မယ်။ လိုငစင်ကေးလဲ သတ်မှတ်၇မယ်။ လိုငစင်မ၇ှိ၇င် ဥပဒေနဲ. အေ၇းယူခွင်.မ၇ှိ၇မယ်။ လုပ်ငန်းထောင်သူကော သုံးသွဲသူဆီကပါ အခွန်ကောက်ယူ၇မယ်။ ဖာ.ကန်.လို လူမျိုးစု့ကျင်လည်ပြိး ဒေသစုံက လာေ၇ာက်အလုပ်လုပ်သူများတဲ.ဒေသမျာ ပြည်.တန်ဆာ လုပ်ငန်ေးတွ ပိတ်လိုက်တာနဲ. မုဒိန်းမှုတွေ တိုးလာတတ်ပါတယ်။ ဒိလို တရားဝင် ထား၇ျိ၇င် မိန်းမကောင်းတွေ ကာကွယ်ထား၇ာလဲေ၇ာက်ပါတယ်။
    တဘက်မှာတော. မုဒိန်းမှုလို အမှမျိုးကိုထိေ၇ာက်ပြင်းထန်တဲ. သပဒေနဲ. အေ၇းယူစေ၇မှာဖြစ်ပါတယ်။ ပြည်.တန်ဆာ လုပ်ငန်း တရားဝင် ဖြစ်စေတာဟာ လူသာဗုခေါ် နတ်သာဓုခေါ်ကိစ္စဖြစ်ပါတယ်။

  1. ကျော်ကျော် said... :

    ခွေေးလးပျားအနှံ.ဖြစ်နေတာနဲ.စာ၇င် နေ၇ာသတ်မှတ်ပြီး ခွင်.ပြုသင်.တာ ကြာနေပါပြီ။
    အခုက နေ၇ာ သတ်မှတ်မထားတော. နေ၇ာတိုင်းမှာ ၇နိုင်တယ်ဖြစ်နေပါတယ်။
    ဘာသာေ၇းနဲ. မဆိုင်ပါ။ ဒါ သဘာဝတ၇ားနဲ. သက်ဆိုင်ပါတယ်။ ကမ္ဘာဥိးကတဲက ၇ျိနေတဲ.ကိစ္စပါ။

  1. Anonymous said... :

    ခွင့်ပြုရမဲ့ကိစ္စပါ (
    သန်းထွန်း tgkn)
    ကဘောဒီးယားကိုရောက်တော့ ပြည်တန်ဆာ
    တန်းကိုရောက်သွားတယ်၊
    အဲဒီမြင်ကွင်းက မြန်မာပြည်မြင်ကွင်းနဲ့ ဘာမှ
    မဆိုင်ပါ၊
    ပြည့်တန်ဆာတန်းရဲ့ ဟိုဘက်ထိပ် ဒီဘက်
    ထိပ်မှာ ရဲကနေတာဝန်ယူပြီးစောင့်ပေးတယ်
    ပြသနာဖြစ်ရင်ရဲက၀င်ရှင်းပြီးထိမ်းသိမ်းပေးတယ်
    ကျုပ်ဆီမှာတော့ အခြေအနေကပြောင်းပြန်
    စီးပွားရေးအရခန္တာကိုယ်နဲ့ရင်းပြီးစားဝတ်နေ
    ရေးပြသနာကိုဖြေရှင်းနေရတဲ့ပြည့်တန်ဆာ
    သယ်များကိုကျမ်းမာရေးအရရော၊ဥပဒေ
    ကြောင်းအရပါ အကာအကွယ်ပေးသင့်ပါတယ်

  1. Anonymous said... :

    http://www.blogger.com/profile/13071024063317518933
    thanlwinthnt @ မှန်လိုက်တာဗျာ။ အထက်ကကွန်မန်.တင်ခဲ့တဲ့လူတွေနဲ. အောက်ကကွန်မန်.ပေးတဲ့လူတွေမှာ အဲလိုစဉ်းစားဥာဏ်မရှိကြတာလား။ ခွင့်ပြုဖို.ချည်းသက်သက်ပြောနေကျတယ်။
    ခင်ဗျားတို.သားသမီးတွေ အဲထဲပါသွားရင်ဘယ်လိုများနေမလဲ ?

    Blu

  1. Anonymous said... :

    ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံကိုတော့ မကြာခင် မြင်တွေရတော့မယ်နဲ့တူတယ်ဗျာ
    မဖြစ်သင့်ပါဘူး . . .ကျွန်တော့်စိတ်ထင်တော့
    ဘယ်သူမှ အဲ့ဒီလိုအလုပ်မျိုးကို လုပ်ချင်မှာမဟုတ်ပါဘူး
    ငွေရလွယ်တယ်၊ မဖြစ်မနေမို့လိုသာ လုပ်နေကျရတာလို့ ထင်ပါတယ် ...
    ဘာသာရေး အရလည်း လုံးဝမဖြစ်နိုင်နိုင်ပါဘူး... ထောက်ခံတဲ့ယောက်ျားလေးတွေကလည်း အဲ့ဒီဘက်မှာ အစွမ်းအစမရှိတဲ့လူတွေပဲဖြစ်မှာပါ

  1.့ ymt said... :

    နေ၇ာတိုင်းမှာတော. ကောင်းကျိုး။ဆိုးကျိုး၇ှိတာပါပဲ။ ခဏတော.ဆိုးကျိုးများလိမ်.မယ်၊ ကြာလာ၇င်တော.ကောင်းကျိုးများလာလိမ်.မယ်လို.ယုံကြည်တယ်၊လုပ်သင့်ပါတယ်၊တစ်ခုပဲ RIGHT ကိုသိဖို.၊လေးစားလိုက်နာဖို.တော.လိုမယ်

  1. Anonymous said... :

    ခွင့်ပြုတာမပြုတာလူကြီးတွေတာဝန်ပါ။ဒါပေမဲ့တစ်ခုတော့စဉ်းစားကြစေချင်တယ်။ဘာလဲဆိုတော့ဒီလောက်စီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာတရားဝင်ခွင့်ပြုလိုက်ရင်ငါတို့မြန်မာမိန်းကလေးတွေပိုပြီးမပျက်စီးနိုင်ဘူးလား။ဒီလောက်စီးကမ်းတွေတင်းကြပ်တာတောင်သူများနိုင်ငံကိုလူကုန်ကူးလိုက်ကြတာသောက်သောက်လဲပဲ။တရားဝင်သာခွင့်ပြုလိုက်ရင်မတွေးရဲဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved