သက်တမ်းရင့် မဲဆောက်ကထိန်

Wednesday, November 9, 2011

.






ဓာတ်ပုံများ - ဧရာဝတီ

မြ၀တီမြို့ တဘက်ကမ်းမှာ ရှိတဲ့ ထိုင်းနိုင်ငံ
မဲဆောက်မြို့ရောက် မြန်မာများ၊ ဒေသခံများရဲ့ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ဒီကနေ့ ပြုလုပ်ကြပါတယ်။

မဲဆောက်မြို့လယ်မှာရှိတဲ့ "ကျောင်းကြီး" လို့ အမည်ရတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ကြတာပါ။

အဖိတ်နေ့ဖြစ်တဲ့ ဒီနေ့မှာ မဲဆောက်မြို့အတွင်း ဘုံကထိန်ပွဲ လှည့်လည်ကြပါတယ်။

မနက်ဖြန်တန်ဆောင်မုန်းလပြည့်နေ့မှာတော့ တရားနာရေစက်ချအလှူတော်
ကျင်းပကြမှာပါ။

တန်ဆောင်မုန်းလပြည့်ဟာ ဆေးပေါင်းခတဲ့ အခါ သမယ ဖြစ်ပါတယ်။

ဒါကြောင့် မနက်ဖြန် မြန်မာနိုင်ငံသားများစုပေါင်းပြီး ဆေးပေါင်းခ မယ်ဇလီ ဟင်းချို ချက်ကြမယ်၊
မယ်ဇလီ ဟင်းချို အခမဲ့ တည်ခင်းမယ့် အစီအစဉ်အပြင် နိဗ္ဗာန်ဈေးပွဲလည်း ရှိပါတယ်။

မဲဆောက်မှာ နေတဲ့ အသက် ၈၀ အရွယ် အဖွားငွေစိန်က မဲဆောက်နဲ့ နိဗ္ဗာန်ဈေး အကြောင်း ဧရာဝတီကို ပြောကြား ခဲ့ပါသေးတယ်။

"မဲဆောက် ကျောင်းကြီးမှာ မြန်မာတွေ ကထိန်နဲ့ နိဗ္ဗာန်ဈေးပွဲ တော် အလှူ ပြုလုပ်လာခဲ့ကြတာ ဂျပန်ခေတ်ကတည်းက ဖြစ်တယ်" လို့ အဖွားငွေစိန်က ပြောပြပါတယ်။














.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved