အမေရိကန်က ရှင်မွေးလွန်း

Wednesday, November 9, 2011

.







Arkansas ပြည်နယ်က ရှင်မေးလွန်းမောင်နှံ (ဓာတ်ပုံ - people.com)

ကလေး ဘယ်နှစ်ယောက် ယူမလဲ။
၁ ယောက်လား။ ၂ ယောက်လား။

အမေရိကန်က Michelle Duggar ဆိုတဲ့ အမျိုးသမီးက သူ့ရဲ့ အယောက် ၂၀ မြောက် ကလေးကို မွေးဖို့ ရယ်ဒီ ဖြစ်နေပြီ

သူ့ဝက်ဆိုက် www.duggarfamily.com မှာလည်း ကလေး ၁၉ ယောက် နဲ့ မြေး ၂ ယောက်ရဲ့ ပုံကိုပါ တွေ့ရပါတယ်။

သူ့အလုပ်အကိုင်ကို ကလေး ၁၉ ယောက်အမေ၊ မြေး ၂ယောက်အဖွား၊ အိမ်ခြံမြေပွဲစား လို့ ဖော်ပြထားတယ်။

အသက်က ၄၅၊ သူ့ယောက်ျား Jim Bob က သူ့ထက် တနှစ်ကြီးတယ်။

၂ မွှာပူး ၂ ခါ မွေးခဲ့တယ်။

ကလေးတွေကတော့ အရွယ်စုံပေါ့။

၂၃ လ ကနေ ၂၃ နှစ်အထိ အသီးသီး။

လက်ရှိကလေး ၁၉ ယောက်ထဲမှာ မိန်းကလေးက ၉ ယောက်၊ ယောက်ျားလေးက ၁၀ ယောက်။

အခု ဗိုက်ထဲကကလေး ကျား ဖြစ်မလား၊ မ ဖြစ်မလား မသိရသေး။

ကျန်းမာရေးအတွက် စိတ်မပူဘူးလို့ ကလေးများမေမေက ပြောတယ်။

ကလေးများဖေဖေကလည်း "မ ဂဏန်းနဲ့တော့ ရပ်မထားချင်ဘူး" လို့ ဆိုတယ်။

နောက်နှစ်ကျရင် ဘူဂဏန်းနဲ့ ရပ်မထားချင်ဘူးလို့ ပြောဦးမလား မသိပါ။

သူတို့ ၀က်ဆိုက်မှာတော့ သူတို့အတွေ့အကြုံတွေကိုအခြေခံတဲ့ စာအုပ်တွေ အွန်လိုင်းကနေ ရောင်းတာ တွေ့ရမှာပါ





.

2 comments :

  1. Anonymous said... :

    တစ်သားမွေး တစ်သွေးလှ ..ဆယ်သွေးမွေး ဆယ်သွေးလှ...နှစ်ဆယ်သွေးမွေး တော့နှစ်ဆယ်သွေးလှ...ပေါ့နော်...ဟင့် အဲ့လောက်ကြီးလဲ မလှချင်ပါဘူးးးးးသားသားလေးနဲ့ မီးမီးလေးဆို တော်ပါပြီ...ခိခိ...

  1. Anonymous said... :

    I don't want too much population on the world.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved