မြန်မာပြည်မှ တိုးတက်မှု တခု

Thursday, December 15, 2011



မြန်မာပြည်မှာ တိုးတက်လာတဲ့ ကဏ္ဍတခုအကြောင်းကို ကုလသမဂ္ဂက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခု ၂၀၁၁ ခုနှစ်မှာ ၂၀၁၀ ထက်စာရင် ဘိန်းထွက်ရှိမှု ၅ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက ထုတ်ပြန်လိုက်တာပါ။

ဘိန်းထုတ်လုပ်မှု တန် ၆၄၀ ကနေ တန် ၆၇၀ အထိ မြင့်တက်လာကြောင်းနဲ့ ဘိန်းပေါက်ဈေးလည်း တကီလို ဒေါ်လာ ၃၀၅ ကနေ ဒေါ်လာ ၄၅၀ အထိ ဈေးကောင်းလာတယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှမှာ ဘိန်းဈေး မာနေတာ ၂၀၀၂ ကတည်းက ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘိန်းအထွက်တိုးလာတာက အိမ်နီးချင်းနိုင်ငံတွေက ဝယ်လိုအားကောင်းနေလို့ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကစလို့ မြန်မာကျပ်ငွေနဲ့ ဒေါ်လာဈေးနှုန်းလည်း ပြောင်းလာခဲ့ပါတယ်။ မြန်မာငွေက ပိုမာလာတယ်ပေါ့။

ကုလရဲ့ အစီရင်ခံစာမှာ ဒီလို ဘိန်းအထွက်မြင့်လာတာဟာ တောင်ယာသမားတွေကို ဆွဲဆောင်မှု ရှိတာကြောင့်ဖြစ်ကြောင်း၊ ဘိန်အစားထိုးသီးနှံ စိုက်ပျိုးရေး အစီအစဉ်တွေ ပိုပြီး ထိထိရောက်ရောက်လုပ်ဖို့ လိုနေကြောင်း ဖော်ပြထားပါတယ်။

အခုနှစ်အတွင်း လာအိုနိုင်ငံမှာလည်း ဘိန်းအထွက်နှုန်း တိုးလာပြီး ထိုင်းမှာတော့ နည်းနည်း ကျသွားပါတယ်။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဒေသတွင်း ဘိန်းထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်းကျော်နဲ့ သရဖူဆောင်းထားပါကြောင်း ...။

Source: AP








2 comments :

  1. Anonymous said... :

    ကိုယ့်မြန်မာပြည်အကြောင်း မကောင်းသတင်းဆိုရင်သိပ် ကိုရေးချင်ကြတာပဲ။ ကောင်းတာကိုမရေးတတ်တော့ဘူး လား။ အမေရိကားတို့၊အနောက်နိုင်ငံတို့မှာ နေ့ခင်းကြောင် တောင်မြို့ထဲမှာ သေနတ်တွေနဲ့ပစ်ခတ်မှုတွေ၊ မုဒိမ်းမှုတွေဖြစ် တာတွေ၊မိန်းကလေးတွေဘ၀လုံခြုံမှုမရှိတာတွေ၊ နယူးယောက်မြို့ကြီးထဲကလမ်းကြားထဲကရာဇ၀တ်မှုတွေ အဲဒါတွေမြင့်တတ်လာတာကြတော့ ခင်ဗျားတို့က နှုတ်ဆိတ်နေကြတယ်ပေါ့လေ။ တယ်လည်းတတ်နိုင်ကြပါပေတယ်ဗျာ။

  1. Anonymous said... :

    မှန်တယ် ဘယ်သွားသွားဘာလုပ်လုပ် မကောင်းမြင်တယ်စိတ်နဲကြည်ပြီ အပြစ်ပြောနေသမျှတော ဘယ်တောမှာမတိုးတက်ဘုး
    ဒီတော သူတိုပြောသမျှလုပ်သမျှကိုမကြည်ပဲ ကိုယ်တိုင်ပြည် တိုးတက်အောင်ဘယ်ဘက်ကနေ
    ကူညီလိုရမလဲ ဘယ်နေရာကနေ ကိုယ်ပါဝင်မလဲ
    ဘယ်နေရာ၇နေ စွမ်းဆောင်နိုင်မလဲ ပဲကြည်ရမယ်
    ကိုယ်လိုချင်တာမရရင် အပြစ်တွေပြောတက်ကျတာ
    ချီပဲဒီတော့သူတိုပြေတာကိုနာမယောင်ပဲ ကိုယ်စွမ်းနိုင်
    တာကိုယ်လုပ်ပြီ တိုင်ပြည်ကို တိုတက်အောင်လုပ်ကျပါစို

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved