ဆရာဝန်ထောက်ခံမှ အိမ်သာသွားပါ

Sunday, December 11, 2011

~








ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap နိုင်ငံတကာ တက္ကသိုလ်ရဲ့ စာမေးပွဲဆိုင်ရာ စည်းကမ်းချက်တခုက
စာမေးပွဲဖြေဆိုချိန်အတွင်း အိမ်သာသွားခွင့်မပြု၊ အပေါ့အလေးသွားဖို့ လိုအပ်မယ်ဆိုရင် ဆရာဝန်၊ ဆေးရုံက ထောက်ခံချက် ယူခဲ့ပါ တဲ့။

စာမေးပွဲဖြေချိန်က ၂ နာရီ ကြာပါမယ်။
(စာမေးပွဲကြီး ဆိုရင်တော့ ၃ နာရီ ကြာပါမယ်။)

စာမေးပွဲဖြေချိန်အတွင်း တောင့်ထား၊ အောင့်ထားဖို့ လိုအပ်တဲ့ အဲဒီကျောင်းမှာ မြန်မာပြည်က ကျောင်းသူကျောင်းသားများလည်း တက်ရောက် ပညာသင်ယူနေပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲဒီကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ကျောင်းသားပွဲတော်တခုမှာ ရိုက်ကူးထားတာပါ။







~

1 comments :

  1. ကျနော်တော့ ပြီးခဲ့တဲ့ သောကြာနေ့က TOEFL စာမေးပွဲဖြေတုန်းက အိမ်သာသွားမိလို့ မေးခွန်း ၂ ပုဒ် မဖြေလိုက်ရပဲဖြစ်သွားတယ်ဗျာ။

    TOEFL iBT (အင်တာနက်ပေါ်မှာ တိုက်ရိုက်ဖြေရသည့် စာမေးပွဲ) ဆိုတော့ Listening ဖြေတဲ့အချိန်မှာ အသံက ဟိုကနေ တိုက်ရိုက်လွှင့်နေတာ။ မေးခွန်းက ၆ ခုဖြေရတာ။ လေးခုလောက်လဲဖြေပြီးရော လူက အပေါ့သွားချင်တာကို အောင့်ထားလို့မရတော့တာ နဲ့ တခါတည်း အိမ်သာသွားလိုက်တာ၊ပြန်လာတော့ မေးခွန်းတချို့မဖြေလိုက်ရတော့ဘူး။ ကျော်သွားရော၊ နောက်ပြီး အိမ်သာသွားတုန်း မေးခွန်းထဲမှာ ဘာတွေပြောသွားမှန်းလည်းမသိလိုက်တော့ လွတ်သွားတာပေါ့။

    ဒါကြောင့် နောက်နောင်ကို စာမေးပွဲဖြေတော့မယ်ဆိုရင် ခွဲစိတ်ခံရတော့မယ့် လူနာတွေလို ဘယ်နှစ်နာရီလောက်ကြိုတင်ပြီး ရေမသောက်၊ အစာမစာပဲ နေရမယ်ဆိုတဲ့ စည်းကမ်းကို ကိုယ့်ဟာကိုယ် သတ်မှတ်ရတော့မယ်။ နောက်လမှာလည်း GRE (Graduate Record Exam) တခုဖြေရမယ်။ ၄ နာရီကြာမယ်။ အဲဒီတော့ စာမေးပွဲမဖြေခင် ၂ နာရီ၊ ၃ နာရီလောက် ဘာမှ မစားပဲနေရမယ်။ ဒါမှ တော်ကာကျမှာ။

    ကျနော့်အနေနဲ့တော့ ကျောင်းသားတွေ စာမေးပွဲဖြေချိန်မှာ အိမ်သာ သွားတာကို အတတ်နိုင်ဆုံး ရှောင်နိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်။ စာမေးပွဲမှာ ၅ မိနစ်လောက်ကလည်း တော်တော် တန်ဖိုးရှိပါတယ်။ တခုတော့ရှိတာပေါ့ တချို့ကျောင်းသားတွေကျတော့ အိမ်သာသွားမယ်ဆိုပြီး အိမ်သာထဲမှာ သိမ်းထားတဲ့စာအုပ်ထဲမှာ အဖြေသွားရှာတာမျိုးလည်းရှိတယ်။ ဒါကြောင့်လည်း ကျောင်းက အခုလို ကန့်သတ်တာလည်းဖြစ်နိုင်တာပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved