ကိုဟိန်း၁၉၄၃၁၉၁၀၈၀ ကိုမေးမြန်းနိုင်ပါတယ်။ ကလေးမိဘတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနကို စာတင်မယ်လို့ ပြောပါတယ်။
မြွေကိုက်ရင် သေတတ်တယ်ဆိုတာလူတိုင်း သိတယ်။ သေမယ့်လူနာ ကိုဘယ်သူမှ ဒီအတိုင်းမပစ်ထား ဘူး။ ကု တော့ကုမှာပဲ။ GP ကိုတောင် ၅၀၀၀ ပေးနိုင်ရင် မြွေဆိပ်ဖြေဆေး တော့ဝယ်ထိုးနိုင်မှာပဲ။
ကလေးက ဖောလာရင် မြွေဆိပ်က ကျောက်ကပ်ရောက်ပြီဆို ဆေးပညာနားလည်တဲ့ လူတိုင်းသိတယ်။ အဲဒီ အချိန်မှာ ရေလဲမတိုက်ဘူး။ တိုက်လည်း မသောက်နိုင်ဘူး။ ရေ၃ဘူးတောင် ကုန်အောင်သောက်တယ်တဲ့။ ယုံအောင်လည်း ရေးပါ အေရာဝတီရယ်။
အင်မတန် မြင့်မြတ်တဲ့ လူ့ အသက်ကယ်တဲ့ ပညာတွေ တတ်ထားပြီး ကိုယ့်ရဲ့ ပေါ့ဆမှုကြောင့် အခုလို အသက်တစ်ချောင်း ကိုယ့်ရှေ့မှာ ဆုံးပါးသွားတာကတော့ မကောင်းပါဘူး။ မဖြစ်သင့်ပါဘူး။ ဖြစ်နိုင်ရင် ဒီပြဿနာကို ဆရာဝန်တွေဘက်က အကျိုးသင့် အေုကာင်းသင့် ပြန်ဖြေရှင်းစေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကလေး ဆေးရုံတက်တုန်းက ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ ဆက်ဆံရေုးကဲတာ၊ လစ်လျူရှုတာတွေ၊ ပညာပြတာတွေကို ကော့နေအောင် ခံခဲ့ရတာ တသက်မမေ့နိုင်ပါဘူး။ အဲဒီတုန်းက အခုလို ဘလော့ခ်တွေ မပေါ်သေးလို့သာပေါ့။ ခုချိန်မှာတော့ ပြန်မတွေးချင်တော့ပါဘူး။ စိတ်နာလွန်းလို့ပါ။
ယနေ့ ကျွန်တော်တို့တိုင်းပြည်မှာ နေရာတော်တော်များများ နိမ့်ကျပျက်ဆီး ယိုယွင်းကုန်ပါပြီ ဘယ်ကစသလဲဆိုရင် အများစုပေါ့ ကလေးတွေကျောင်းသားဘဝ စကတည်းက မိဘလုပ်သူတွေက လောဘ မာနတွေနဲ့ အပြိုင်အဆိုင် ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့ အမှတ်များအောင် သူထက် ငါသာအောင် အတင်းလုပ်ကြတယ် ဆယ်တန်းအောင်တော့ ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူများအထင်ကြီးအောင် ငွေများများနဲ့မြန်မြန်ချမ်းသာမဲ့အပေါက်တွေ အတင်းတိုးခိုင်း ဝါသနာမပါ စေတနာမပါပဲ ဘွဲ့ရကျောင်းပြီးသွားတော့ လုပ်ငန်းခွင်တွေထဲမှာ အကုန်တန်းစီပြီး ကမှောက်ကမတွေဖြစ်တော့တာပေါ့ ပြင်ချင်ရင် အကြောင်းအကျိုးလေးတွေ ဆက်စပ်ပြီး ပြင်ကြဖို့လိုပါတယ် ကျွန်တော်တို့အားလုံး မိမိတို့ နေစဉ်လုပ်ကိုင်နေတဲ့အလုပ်မှာ စေတနာ ဝါသနာတွေပါကြပါမှ တိုင်းပြည်တိုးတက် သာယာအေးချမ်းပြီး အဆင့်မြင့်တဲ့လူနေမှု့စနစ်ကိုရရှိမှာ ဖြစ်ပါတယ်
အေးလေ - နာဂစ်မုန်တိုင်းတုံးကတောင် ၀န်ကြီး ဟိုဗိုလ်ချုပ်ဗျာ - သူလည်း မြစ်ဝကျွန်းပေါ်သားလို့ပြောတာဘဲ။ သူကပြောတယ် စိတ်မကောင်းမဖြစ်ကြစေလိုကြောင်း ဘ၀ပေးကုသိုလ်လို့သာ မှတ်ယူစေလိုကြောင်းလို့ ပြောသွားသေးတာဘဲ၊
Really disappointment doctors!!!
Please don't play human life...
It's wrong to treat people as if they had no feelings.
ဟေ့လူ . . . .
ဆးရုံအုပ်နဲ့တာဝန်ကျဆရာမကလဲ မိမိတို့ အစွမ်းကုန်နေ့ မအိပ်ညမအိပ် ကျိုးစား ပန်းစား ၊ကုသကြပါကြောင်း . . . တဲ့ ခင်ဗျားထင်လား ခင်ဗျားထင်လို့လား . .ကျနော်က သူတို့မိဘတွေနဲ့တော့ ဘာမှ မဆိုင်ဘူး သိလည်းမသိဘူး ဒါပေမဲ့ စာရေးတဲ့အခါမှာတော့ အမှန်အတိုင်းရေးပါ မင့် သား၊ သမီးတွေ အဲဒီလိုမဖြစ်စေနဲ့
ဖိုးဝ(ကလေး)
@ ဖိုးဝ(ကလေး)
ယူပြောတဲ့ ဟေ့လူ ဆိုတာ တို့ တော့မဟုတ်ပါဘူး။ဒါပေမဲ့ ယူ ကွန်မန့် ပြန်ပေးတာဖတ်လိုက်ရတော့ မနေနိုင်လို့ ပြန်ရေးလိုက်တာပါ။စာကို သေချာဖတ်စေချင်ပါတယ်။အဲဒီ့တယောက်ပြောတဲ့သဘောက "ခွင့်လွှတ်နားလည်သဘောပေါက်ကြစေလိုကြောင်းဆိုပြီး ပြန်လည်ရှင်းလင်းနိုင်ပါရန်၊ အကြံပြုစာရေးသားပေးပို့အပ်ပါတယ်" တမင်ရွဲ့ပြီးပြောနေတာကို သဘောပေါက်စေချင်ပါတယ်။
မြွေကိုက်ရင်သေတတ်တယ်ဆိုတာ လူတိုင်းသိတယ် လို့  ပြောတဲ့ (ဆေးပညာလောက က လို့ ထင်ရတဲ့ )့ Anonymous ကို နည်းနည်းပြောချင်ပါတယ်၊ ဧရာဝတီ ဘက်က ရှေ့ နေလိုက်တာ မဟုတ်ပါဘူး၊ သုံးထားတဲ့ tone က မြင့်လွန်းလို့ ပါ၊အခု ကိစ္စမှာ လူနာရှင်ဘက်က တင်ပြထားတာ က ရှင်းနေတာဘဲ၊ step by step ကို ရှင်းထားတာ၊ ပထမဆုံး ပြတဲ့ GP ဆိုတာ ကလည်း အဲသည် တွံတေးဆေးရုံးအုပ်ကြီးဘဲဆိုတာ သိဘို့  ကောင်းတယ်၊ ဆေးရုံအုပ်ကြီးရဲ့  ဆေးခန်းမှာပြပြီး ဆေးရုံလွှတ်လို့  ရောက်လာတဲ့  ကလေးကို တောင် ဆေးရုံကဘယ်လို ဆက်ဆံလဲ ဆိုတာ ရှင်းနေတာဘဲ၊ ဆေးရုံဘက်ကဘဲ ရှင်းဘို့  လိုပါတော့တယ်၊ ဓမ္မဓိဌာန်ကျကျ ရှင်းပြနိုင်ရင်တော့ အားလုံးလက်ခံကြမှာပါ၊
Anyway, negligence is the worst guilt for the health workers, I suppose so as a health professional. The purpose of all health-care workers should be to give the treatment promptly and to save the life as much as they can, regardless of the condition or status of patient.
What I understand after reading this post is that the anti-snake venom was arrived late. The patient got one dose of anti-snake venom only in the next morning. There was an obivious communication error that doctors should explain about the availability of anti-snake venom, and if they knew it would be delay, they should refer the patient to Yangon immediately. Unnecessarily waiting for anti-snake venom killed that patient. It is so sad. It should not be happened again.
In Burma so many doctors are money doctors.You have to give them money first so they will look after you and treat you.I'll tell you a true story,in Upper Burma called Wun Tho (it's a small town).A lady who was pregnant couldn't give birth to her baby because there was a problem with her pelvis. The doctors knew that they had to have an operation on her but they didn't have the operation because she didn't have any money. The doctors didn't do anything but wait for the money. In the end, the baby and herself died.Her name was Ma Tin Mya lived in Oo yin Taw.
ထစ်ကနဲ ဆေးပညာသည်တွေကို တိုင်တောရအောင် တို့နိုင်ငံက ပုဂ္ဂလိကအာမခံစနစ်ထွန်းကားတဲ့ အမေရိကန် မဟုတ်ဘူး။ နောက်ပြီး ဆင်းရဲတဲ့စရိတ်မျှပေးကျန်းမာ ရေးစနစ်မှာ အဆင်ပြေအောင်လုပ်နေရတဲ့အချိန်ပါ။ ဆရာဝန်သူနာပြုတွေလည်း မင်းတို့လို သာမာန်လူတွေပါပဲ။ စာနာစိတ်ရှိတယ်။ ဗိုက်ဆာရင် စားရမည့် အစာအိမ်လည်းရှိတယ်။ ဆေးပညာကုထုံး ကို မသိရင် မလေ့လာဘဲရမ်းကာရော ဆေးပညာသည် တွေကို အနိုင်ကျင့်ဒုက္ခပေးဖို့ပဲသိတယ်။ လူတယောက်နဲ့ တယောက်ရောဂါဖြစ်ပုံချင်းမတူသလို ခံနိုင်ရည်ကလည်းမတူဘူး။ ဆေးပညာသည်တွေက မှော်အတတ်ပညာရှင်တွေမဟုတ်ပါဘူး။
ဆရာဝန်တဦး-
တာဝန်ကျဆရာမရဲ့ပေါ့ရော့မှုပေါ့။ လူနာရောက်လာထဲက
သေနိုင်သလား၊ရှင်နိုင်သလား သူသိမှာပေါ့။ ရှင်နိုင်လို့သာ
သေချာဂရုမစိုက်တာပေါ့။ ပိုက်ဆံများထွက်လာမလားဆိုပြီးတော့...။သူတို.စောင့်
ြ့ကည့်နေုကတယ်ဆိုတာဘာကိုလဲ။ သေမဲ့အချိန်ကိုစောင့်ကြည့်နေတာလား။
ကဲ တဖက်ကတော့ဆေးရုံအုပ်နဲ့တာဝန်ကျဆရာမပေါ့လျှော့ပါတယ်လို့ဆိုပြီးတိုင်မယ်တောမယ်တွေဖြစ်ကုန်ပါပြီ၊ ဒီတော့ ဆေးရုံအုပ်နဲ့တာဝန်ကျဆရာမကလဲ မိမိတို့ အစွမ်းကုန်နေ့ မအိပ်ညမအိပ် ကျိုးစား ပန်းစား ၊ကုသကြပါကြောင်း၊ ကိုက်တဲ့ မြွေက အင်မတန်အဆိပ်ပြင်းတဲ့မြွေဖြစ်လို့ပါ ဖြေဆေးက မနိုင်ခြင်းဖြစ်ပါကြောင်း ၊ လူဆိုတာသေမျိုးတွေဖြစ်လို့ ခုမသေလဲ နောင်သေမှာပဲလို့သဘောထားကြစေလိုကြောင်း ၊ ပျောက်နိုးပျောက်နိုးနဲ့ကုနေလျင်မရှိကြသည့်ကြားက ပိုက်ဆံတွေတအားကုန်နေမစိုးလို့စေတနာဖြင့် ဘ၀ပေးကူးသည်ကို ခွင့်လွှတ်နားလည်သဘောပေါက်ကြစေလိုကြောင်းဆိုပြီး ပြန်လည်ရှင်းလင်းနိုင်ပါရန်၊ အကြံပြုစာရေးသားပေးပို့အပ်ပါတယ်