မင်္ဂလာတောင်ညွန့်မှာ မီးလောင်ပေါက်ကွဲ

Thursday, December 29, 2011


(ဓာတ်ပုံ - Eleven Media Group)



ဒီနေ့ မနက် ၁ နာရီကျော်က မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် အေဘီစီ စက်ဆန်းမှာရှိတဲ့ ဂိုဒေါင်တခုကနေ မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး စက်ဆန်းသင်္ဘောကျင်းတ၀ိုက် မီးလောင်နေတာဟာ အခု မြန်မာစံတော်ချိန် ၅ နာရီကျော်တဲ့အထိ မီးညွန့် မကျိုးသေးဘူးလို့ သိရပါတယ်။ မီးလောင်ချိန်မှာ ပေါက်ကွဲသံကြီးတွေ ကြားရပြီး မီးသတ်ကားတွေကို ထိခိုက်မှုလည်း ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေလည်း ရှိတယ်၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကိုရောက်လာတဲ့ လူနာ အနည်းဆုံး ၅၀ ကျော်ရှိနေပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ မီးသတ်သမားတွေလည်း ပါတယ်လို့ ရန်ကုန်က သတင်းထောက်တွေက ပြောပါတယ်။ 

စက်စန်းကူးတို့ဆိပ်က စက်လှေတွေလည်း နေရာတွေ ရွှေ့ပြောင်းနေကြသလို ဘေးပတ်ဝန်းကျင်က လူတွေလည်း ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ မီးလောင်ပေါက်ကွဲတဲ့ပတ်ဝန်းကျင်က တိုက်တာတွေလည်း ပြိုကျပျက်စီးတာကြောင့် ပိတ်မိနေသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသူအရေအတွက် များလာမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။ မီးဘေးဒုက္ခသည်တွေကို မင်္ဂလာတောင်ညွန့်ထဲက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ နေရာချထားပေးနေတယ်လို့ သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved