အစိုးရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အခြေအနေ

Thursday, February 16, 2012

သမ္မတ ဖွဲ့ထားတဲ့ "ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့" ဆိုတဲ့ အမည်တူ အဖွဲ့ ၂ ဖွဲ့ ရှိတယ်၊

တဖွဲ့မှာ ၀န်ကြီး ဦးအောင်မင်းက အဖွဲ့ခေါင်းဆောင်
နောက်တဖွဲ့မှာတော့ ၀န်ကြီး ဦးအောင်သောင်းက အဖွဲ့ခေါင်းဆောင်။

မနေ့တုန်းက အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောဆိုကြတော့ ၀န်ကြီး ၂ပါးက သူတို့ တာဝန်ယူညှိနှိုင်းရတဲ့ လက်နက်ကိုင်အဖွဲ့တို့နဲ့ ဘယ်အခြေအနေအထိ ခရီးရောက်နေပြီလဲ ဆိုတာကို
ရှင်းပြထားကြပါတယ်။

နောက်ဆုံးအဆင့်ဟာ လွှတ်တော်ရှေ့မှောက်မှာ ဆွေးနွေးညှိနှိုင်း/စာချုပ်ချုပ်မယ် လို့ ၀န်ကြီး ၂ ဦးက ရှင်းပြထားပါတယ်။

ဒါက လွှတ်တော်အမတ်များကို ရှင်းပြတာပါ။

ဝန်ကြီး ဦးအောင်မင်းက Reuters သတင်း ဌာနကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြောပြချက်အရ ဆိုရင် အချိန်ကာလ အတိအကျ ပါဝင်တာကို တွေ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ၃ လ အတွင်း အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပြီးစီးနိုင်လိမ့်မယ် တဲ့။

1 comments :

  1. Anonymous said... :

    There are two main reasons from the former government policy, the provocative ideas from the two group for cease fire will be not gone to the ethnic maim aim.
    So please don't do any agreement with this government any more, keep go on your priority goal, my Ethnicity.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved