၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော

Thursday, May 3, 2012




ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အတွက် ၈၈ မျိုးဆက်ကျောင်းသားများဟာ ရှမ်းပြည်နယ်ကို ရောက်ရှိ နေကြပါတယ်။

ဟိုပုံးမြို့နယ်က ဒေသခံ မျိုးဆက်သစ် ပအို့ဝ်လူငယ် ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ကျောင်းသား သမိုင်းနဲ့ ပတ် သက်တဲ့ သိမှတ်စရာတွေ၊ ပညာရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဒီအပြင် နောင်တောင်း ပရဟိတ တပ်ဦးကျောင်းမှာလည်း တိုင်းရင်းသားလူငယ်တွေနဲ့တွေ့အပြီး သူတို့တွေရဲ့ နိုင်ငံရေး နိုးကြားမှုကို သတိထားမိပြီး သူတို့ မေးသမျှ နိုင်ငံရေး မျိုးဆက်တွေအကြောင်း၊ သမိုင်းကြောင်းတွေနဲ့ အတွေ့အကြုံ တွေကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမင်းဇေယျတို့က မျိုးဆက်သစ် လူငယ်တွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်။

မနေ့ကတော့ အကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကိုမြင့်သန်းရဲ့ ကွယ်လွန်ခြင်းနှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားများ သွားရောက်ကြပြီး ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်အစရှိတဲ့ ရှမ်းခေါင်းဆောင်တွေနဲ့ အနာဂါတ်ရေးများလည်း ပြောဆိုဖြစ်ကြတယ်လို့ သိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရှမ်းပြည်တောင်ပိုင်းခရီးစဉ် ဒုတိယနေ့အဖြစ် (မေလ ၂ ရက်) နံနက်ပိုင်းက ဟိုပုံးမြို့နယ်ရှိ အရှင်ရာဇိန္ဒသီရိ၏ နောင်တောင်း ပရဟိတ တပ်ဦးကျောင်းသို့ ရောက်ရှိ၊ လေ့လာခဲ့ကြသည်။

မွန်းလွဲ၁၂း၃၀တွင် နောင်တောင်းပရဟိတကျောင်းသူကျောင်းသားများအား၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ကိုကိုကြီးနှင့်ဦးမင်းဇေယျတို့ကလူငယ်နှင့်ပညာရေးကိစ္စများကို ဟောပြောခဲ့ကြပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံ ပြည်သူများ၏ ဆွေးနွေး မေးမြန်းချက်များကို ဖြေကြားပေးခဲ့ကြပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved