ထိုင်းသူဌေးဆီက ဘတ် ၂ သန်းဖိုး ခိုးယူမှု

Thursday, May 24, 2012

ထိုင်းနိုင်ငံ ဖူးကတ်မြို့က အသက် ၃၂ နှစ်အရွယ် မြန်မာအိမ်ဖော် မ၀င်းတင် ဆိုသူ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သူ လုပ်ကိုင်နေတဲ့ အိမ်ရှင်ထံက စုစုပေါင်း ထိုင်းဘတ်ငွေ ၂ သန်းခန့် တန်ဘိုးရှိတဲ့ ရွေ၊ ငွေ တွေကို ခိုးယူ ထွက်ပြေးသွားခဲ့ပါတယ် ဆိုပြီး အိမ်ရှင်က ထိုင်း အာဏာပိုင်များကို အမှု ဖွင့် တိုင်ကြားထားခဲ့ပါတယ်။


သူ ထွက်ပြေးသွားပြီး ၅ လကျော် ၆ လ ခန့်အကြာမှာဘဲ ဖူးကတ်က တည်းခိုခန်းတခုမှာ သူ့ကို ထိုင်း ရဲများက သူ့ကို ဖမ်းမိတယ်၊ သူ ယူဆောင်သွားတဲ့ ငွေကြေးတချို့နဲ့ ရွေထည်ပစ္စည်းများကိုပါ လက်ဝယ် ဖမ်းဆီးရရှိခဲ့တယ် ဆိုတဲ့ အကြောင်း မေလ ၂၃ ရက်နေ့က ထိုင်းအွန်လိုင်း သတင်းတခုမှာ ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင်တွေက သူ့ကို အရေးယူသွားမယ် လို့ ဆိုပါတယ်။



ညွှန်း - http://manager.co.th/Local/ViewNews.aspx?NewsID=9550000063436

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved