မြန်မာတွေကို ခေါ်တဲ့ စင်္ကာပူ အလုပ်ကြော်ငြာ

Thursday, May 10, 2012


စင်္ကာပူ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်ကြော်ငြာတခုက စိတ်ဝင်စားစရာပါ။
Land Surveyor တွေ အလိုရှိတယ်၊ မြန်မာ နဲ့ စင်္ကာပူတွေပဲ အလုပ်လျှောက်
ပါ တဲ့။

အလုပ်အင်တာဗျူးကို မြန်မာလိုပဲ ဗျူးမယ်လို့ ဆိုတယ်။

မြန်မာလိုနဲ့ အင်္ဂလိပ်လို ရေးသား ပြောဆိုနိုင်သူ ဖြစ်ရပါမယ် တဲ့။

အချိန်ပြည့်အလုပ်ဖြစ်တယ်၊ စင်္ကာပူမှာ နေထိုင် လုပ်ကိုင်ရမယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မေလ ၆ ရက်နေ့က အွန်လိုင်းရောက်လာတဲ့ ကြော်ငြာပါ။

ဒီကြော်ငြာကို မြန်မာတွေရဲ့ Facebook မှာ လက်ဆင့်ကမ်း ဖတ်နေကြပါတယ်။ မြန်မာတွေလူရာဝင်လာပြီလို့ တယောက်က မှတ်ချက်ပြုတော့ နောက်တယောက်က တုံ့ပြန်တယ် - လူရာဝင်ပြီးသားပါ တဲ့။

"လူသားကောင်း တစ်ယောက်လို မည်သူမဆိုကျင့်ကြံ ပြုမူနေထိုင်ရင် အသိအမှတ် ပြုမည့်သူမရှိလဲ လူရာဝင်ပြီးသားပါ" လို့ ဆိုတယ်။

"စ, လုံးဟာ ဆိပ်ကမ်းရယ်၊ ဈေးကွက်ဖြန့်ဖို့ နေရာရယ်၊ ဘဏ်ရယ်၊ ပညာရေးရယ်..စတာတွေပေါ်ကို လူ့စွမ်းအား အရင်းအမြစ်ကို အဓိကထား အလုပ်လုပ်ရတဲ့နိုင်ငံပါ... လိုအပ်လာလို့ လုပ်တာပါ။ ဒိထက်ပိုပြီး လိုအပ်လာဦးမယ်လို့လဲ ထင်မြင်မိပါတယ်" လို့ သူက သုံးသပ်လိုက်ပါတယ်။

မြန်မာပြည်က ပညာတတ်တွေလည်း စင်္ကာပူမှာ သွားရောက် လုပ်ကိုင်နေတာ နှစ်ပေါင်း အတော် ကြာပါပြီ။

အာရှသား အများအပြား အလုပ်လုပ်ကိုင်နေတဲ့ စင်္ကာပူမှာ မြန်မာပြည်သားတွေကို သီးသန့် ခေါ်ယူတဲ့ ဒီအလုပ်ကြော်ငြာကို http://sg.jobsdb.com/SG/EN/Search/JobAdSingleDetail?jobsIdList=400003001043136&sr=1 မှာ ကြည့်နိုင်ပါတယ်။

photos by http://school.uaschools.org/ and www.susanmanackerpls.com/


1 comments :

  1. Anonymous said... :

    မြန်မာတွေ Surveyor တွေကို စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းတွေက ကြိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ နာခံတတ်ပြီး စင်ကာပူမှာ အရည်အသွေး အကောင်းဆုံး ဖြစ်နေလို့ပါ။ ဒါပေမယ့် လခကိုတော့ ပေါက်ဈေးရဲ့ ၀.၆ လောက်ပဲ ပေးပါတယ်။ မြန်မာ surveyor များ လခပိုတောင်းကြပါ။ မသိချင်ဟန်ဆောင်နေတဲ့ Company ကြီးကြီးသေးသေးတွေ ပေးနိုင်ပါတယ်။ Reference to Contract Documents in Singapore.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved