
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုေ က်ာမတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ သမ္မတ ဦးသိန်းစိန် နဲ့ Peace Donor Support Group (PSDG) မှ တာဝန်ရှိသူများ ဒီမနက် တွေ့ကြပါတယ် တဲ့။


မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် အဖွဲ့များ အားလုံးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်အတွက် အပြန်အလှန်ဆွေးနွေးကြကြောင်း၊ ဆက်လက်လုပ်ဆောင်ရမည်များ ရှိပါသေးကြောင်း၊ မြန်မာငြိမ်းချမ်းရေး စင်တာ တည်ထောင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နေသည်ကို ယခုကဲ့သို့ အကူအညီပေးမှု၊ နည်းပညာ အကူအညီများတို့နဲ့ပတ်သက်ပြီး သမ္မတက ကျေးဇူးတင်ကြောင်း ပြောကြားပြီး ယခု ရခိုင်ပြည်နယ် မတည်ငြိမ်မှု ကိစ္စလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ကုလ အထူးကိုယ်စားလှယ်မစ္စတာ ဘီဂျေနမ်ဘီးယားကလည်း အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်းပြောပါတယ်။

သြစတြေးလျနိုင်ငံသံအမတ်ကြီးကလည်း အကူအညီ အမေရိကန် ဒေါ်လာ ၅ သန်း လှူဒါန်းမှု အကြောင်းပြောပြီး ဗြိတိန်နိုင်ငံ သံအမတ်ကြီး ကလည်း မြန်မာ့ပြုပြင်ပြောင်းလဲမှုကို လက်ခံ အသိအမှတ်ပြုပြီး သမ္မတ ဦးသိန်းစိန်ကိုလည်း လာမယ့်နှစ်တွင် ဗြိတိန်သို့ အလည်အပတ်လာရန် ဖိတ်ခေါ်ခဲ့တယ်၊ သင့်တော်တဲ့နေရာ အသုံးပြုရန်အတွက် ဒေါ်လာ ၅ သန်း လှူဒါန်းကြောင်း၊ ကမ္ဘာ့ဘဏ်ကလည်း အကူအညီပေးမှု များကိစ္စ အကြွေးမြီ ကြေရေးကိစ္စ ပြီးပြတ်ပါက နှစ်စဉ် မြန်မာက ဒေါ်လာ သန်း ၃၀၀ ချေးယူနိုင်ရေး အကြောင်းဆွေးနွေးကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
0 comments :
Post a Comment