Facebook မှာ ရေးမှ စိတ်ချရတော့တယ်

Wednesday, June 27, 2012

ငြိမ်းငြိမ်းနိုင်၊ မြင့်ကျော်၊ အော်ဇော် နဲ့ Karen KNUDSEN, Director, External Affairs, and Head of Burma Initiative, East-West Center, Honolulu, Hawai’i, USA


မြန်မာပြည်မှာ သတင်းတွေ ရေးသားတင်ဆက်ရင် ဆင်ဆာဖြတ်မခံရတဲ့နေရာကတော့ Facebook ပါပဲ လို့ မြန်မာသတင်းသမားတချို့က ဆိုလိုက်ပါတယ်။

အင်တာနက်သုံးပြီး သတင်းဖြန့်သူတွေက Facebook သုံးပြီး ဖြန့်ကြသလို မြန်မာအစိုးရအရာရှိများကလည်း Facebook သုံးပြီး မီဒီယာကို စောင့်ကြည့်နေကြပြီ လို့ သူတို့က ဆိုပါတယ်။

သူတို့ကတော့ မြန်မာပြည်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် ပြည့်ပြည့်၀၀ ရဖို့ လိုပါသေးတယ် လို့ တောင်ကိုရီးယား အပြည်ပြည်ဆိုင်ရာမီဒီယာညီလာခံမှာ ဆွေးနွေးခဲ့ကြတဲ့ မြန်မာ သတင်းသမား ၃ ယောက် ဖြစ်ပါတယ်။

7 Day သတင်းဂျာနယ်က အမှုဆောင်အယ်ဒီတာ ငြိမ်းငြိမ်းနိုင်၊ Yangon Press International (YPI) သတင်းဌာန အယ်ဒီတာ မြင့်ကျော်၊ ဧရာဝတီ သတင်းဌာန အယ်ဒီတာ အောင်ဇော် တို့ ဖြစ်ပါတယ်။

စာနယ်ဇင်းဖိနှိပ်မှု ဖြေလျှော့ပေးနေတဲ့ မြန်မာပြည်မှာ သတင်းသမားတွေ ကြုံနေရပုံကို သူတို့ ဆွေးနွေးတင်ပြကြပါတယ်။

ဧပြီ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း သတင်းသမားတွေကို ဖမ်းတာဆီးတာ မရှိတော့ဘူး၊ “လွန်ခဲ့တဲ့နှစ်ကထက်စာရင် ကျနော်တို့ ပိုပြီးတော့ ပြောဆိုရေးသားလာနိုင်ပါပြီ” လို့ YPI အယ်ဒီတာက ဆိုပါတယ်။

7 Day အယ်ဒီတာကလည်း စာပေစိစစ်ရေးလူကြီးမင်းများနဲ့ မကြာသေးခင်ကအထိ ကြုံခဲ့ရပုံတွေကို ပြောပြပါတယ် -
သတင်းတပုဒ် ဆောင်းပါးတပုဒ် ဖော်ပြရန် မသင့်လျော်ဘူးလို့ သူတို့ ပြောလာရင် ဒီလိုအကြောင်းအရာတွေကို နောင်မှာ ထည့်သွင်းဖော်ပြခြင်းမပြုတော့ပါဘူး ဆိုတာကို စိစစ်ရေးလူကြီးမင်းများရုံးမျာ လက်မှတ်ထိုးခဲ့ရပါတယ် တဲ့။
လက်မှတ်ထိုးပေမယ့် 7 Day က လုပ်စရာရှိတာကို လုပ်ခဲ့တာပါပဲ။

မကြာသေးခင်က မြန်မာပြည်ကို အကြိမ်ကြိမ် သွားရောက်လေ့လာခဲ့တဲ့ ဧရာဝတီအယ်ဒီတာကတော့ မြန်မာပြည်မှာ စာနယ်ဇင်းလွတ်လပ်မှုနဲ့ ပတ်သက်လာရင် သတိကြီးကြီးထားပြီး အကောင်းမြင်ပါတယ် တဲ့။

ကိုယ့်နိုင်ငံ ကိုယ်ပြန်ရလို့ ၀မ်းသာတယ်၊ ဒါပေမယ့် မြန်မာပြည်မှာ ကြာကြာနေထိုင်နိုင်ခွင့် ရဖို့ အတွက် ဆိုရင်တော့ နှုတ်ဆိတ်ဆိတ်နေမှဖြစ်လိမ့်မယ် လို့ သူက ဆိုပါတယ်။

ခုချိန်အထိတော့ သတင်းတွေကို အစိုးရဆင်ဆာဌာနက ခွင့်ပြုတော်မူမှ ပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်တာပါ။
အနာဂတ်မှာလည်း အစိုးရကဖွဲ့တဲ့ စာနယ်ဇင်းကောင်စီက သတင်းလုပ်ငန်းကို ဒုက္ခပေးမှာ စိုးရိမ်နေရပါတယ်။

ညွှန်း — David Cawthon, Missouri School of Journalism - http://www.ewc50.org/mediaconference2012/2012/06/burmese-media/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved