တရုတ်နိုင်ငံက ရွှေနဲ့လုပ်ထားတဲ့ ရွှေကားတစီးပါ။
![](http://2.bp.blogspot.com/-OTvwiXxwDb4/UBTsAxE8sfI/AAAAAAAAGPI/mtC2rH96tdA/s400/golden-infiniti-g37-convertible-sports-car-in-nanjing-china-01-550x366.jpg)
တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်- နန်ကျင်းမြို့မှာ ရွှေ ၂၄ ကာရက်နဲ့လုပ်ထားတဲ့ Nissan က ထုတ်လုပ်ထားတဲ့ ဇိမ်ခံပြိုင်ကား INFINITI G 37 ဆိုတာဖြစ်ပါတယ်။
![](http://4.bp.blogspot.com/-q656cBObT1g/UBTsAqiTf7I/AAAAAAAAGO8/xOtjDn6JW5k/s400/GOLD%2BPLATED%2BCAR%2BCHINA%2B2011%2B6.jpg)
ကားပိုင်ရှင်ဟာ ကား မရပ်ရတဲ့နေရာမှာ ကားကို ရပ်လိုက်ပြီး ၁၀ မိနစ်လောက်ကြာတော့ ယာဉ်ထိန်းရဲ့က ကားကို ဖမ်းလိုက်တာပါ။ ကားပိုင်ရှင်ကတော့ အဲဒီလို ကားမရပ်ရ နေရာ ရပ်ထားတာကြောင့် ဒဏ်ငွေ ဆောင်
ပြီး ပြန်ရွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမြင်ကွင်းက လွန်ခဲ့တဲ့နှစ် မတ်လ ၂၉ ရက်နေ့က ပါ။
![](http://2.bp.blogspot.com/-Rm2mpuyExbA/UBTsBC3DfEI/AAAAAAAAGPU/BCv9yj3dHCc/s400/golden-infiniti-g37-convertible-sports-car-in-nanjing-china-05-550x366.jpg)
ပုံမှာ မြင်ကြရတာတွေက ရွှေပြိုင်ကားကို ရဲက တင်သွားတဲ့ပုံပါ။
လူတွေကတော့ ကားပိုင်ရှင်ဟာ ရည်ရွယ်ချက်ရှိရှိ နံမည်ကြီးချင်တာလို့ ဒီလို လုပ်တာနေမှာလို့ ပြောနေကြတာ ပါ။
![](http://4.bp.blogspot.com/-KUwmifW03FA/UBTsAsRPR4I/AAAAAAAAGOw/jQa5X1DrR5k/s400/GOLD%2BPLATED%2BCAR%2BCHINA%2B2.jpg)
ဒါဟာ တမင် နာမည်ကြီးချင်လို့ လုပ်တာပဲဖြစ်တယ်လို့ လူတိုင်းပြောဆိုကြပါတယ်။
ဒီရွှေပြိုင်ကားကို ပညာရှင်တွေ ၅ ဦးပေါင်းပြီး အချိန် ၄ လကြာ လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီလို ကားမျိုးဟာ လုံခြုံရေး အလွန်ကောင်းတဲ့ နေရာမှာဘဲ ရပ်လို့ ရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ တရုတ်ပြည်မှာလည်း နည်းတောင် နည်းသေးတယ်လို့ ပြောပါလိမ့်မယ်။
![](http://4.bp.blogspot.com/-0Bqwl18SSUk/UBTsAc1gzwI/AAAAAAAAGOk/25LasPQwR1I/s400/GOLD%2BPLATED%2BCAR%2BCHINA%2B1.jpg)
ဒီကားကို မြန်မာပြည်ဘက် ရွှေတွေနဲ့ လုပ်ထားတယ်၊ မလုပ်ထားဘူး ဆိုတာတော့ သတင်းထဲမှာ မပါတော့ မသိရပါဘူး။
တရုတ်ပြည်က မြန်မာဆီက ကျောက်စိမ်းနဲ့ ရွှေချောင်းတွေလည်း ဈေးနှီမ်ဝယ်တာတွေများတော့ မြန်မာရွှေနဲ့များ လုပ်ထားသလားလို့ ဝေဖန်သူတချို့လည်း ရှိပါတယ်။
မြန်မာပြည်က CRONY သူဌေးတွေသိရင်၊ ရွှေတွေတင် မက ရတနာတွေပါစီပြီးစီးပြကြလိမ္မယ်၊ တိုင်းပြည် အကျိုးကိုတော့အပြိုင်အဆိုင် ဘယ်တော့မှလုပ်မှာမဟုတ်။