
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ဟာ ဥက္ကလံ ဓမ္မဧရိပ်တွင် ပထမဦးဆုံးတရားပွဲ ကျင်းပမှာဖြစ်တဲ့အကြောင်း မိုးမခရွာဆော်ကြီးက ယမန်နေ့က ဖော်ပြထားပါတယ်။

"အမေရိကန်ခရီးစဉ်၏ ပထမဦးဆုံး တရားပွဲအဖြစ် ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့ ဓမ္မဧရိပ်ကျောင်းတိုက်တွင် ဇူလိုင် ၂၉ ၊ ၂၀၁၂၊ တနင်္ဂနွေနေ့၊ ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်၍ ရပ်နီး ရပ်ဝေးက ဓမ္မမိတ်ဆွေ များကို ဖိတ်ကြားလိုက်ပါတယ်" လို့ ဆိုပါတယ်။
ဆရာတော်ဟာ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း အဆိုပါ ဥက္ကလံကျောင်းတိုက်မှာ အမေရိကန်ရှိ မြန်မာကလေး
ငယ်တွေကို ယဉ်ကျေးလိမ္မာ သင်တန်းကို ပေးခဲ့ပါသေးတယ်။
0 comments :
Post a Comment