Teen Choice ဆုနှင့် မွေးနေ့ရှင် Selena Gomaz

Tuesday, July 24, 2012



နာမည်ကျော် ဆယ်ကျော်သက် အဆိုတော် Selena Gomaz ရဲ့ အသက် ၂၀ နှစ်မြောက်မွေးနေ့ပွဲကို ဇူလိုင်လ ၂၂ရက်နေ့က Teen Choice ဆုပေးပွဲ တက်ရောက်လာခဲ့တဲ့ အနုပညာရှင်များနှင့်အတူ မွေးနေ့ပွဲကို အမေရိကန် လော့စ်အိန်ဂျလီစ် မြို့ရှိ Gibson Amphitheature မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ရဲ့ Teen Choice ဆုပေးပွဲတွင် မွေးနေ့ရှင် Selena Gomaz ကလည်း Selena Gomaz and The Scence ဂီတ အဖွဲ့ ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်တဲ့။သူမရဲ့ မွေးနေ့ပွဲမှာ ဆုရရှိခဲ့တာဟာ သူမအတွက် မွေးနေ့ လက်ဆောင်များထဲက အကောင်းဆုံး မွေးနေ့လက်ဆောင် တစ်ခုဖြစ်ပါတယ်တဲ့။



ချစ်သူ Justin's Bieber နှင့်အတူ

Selena ရဲ့ မွေးနေ့ပွဲကို ချစ်သူဖြစ်တဲ့ Justins Bieber လည်းတက်ရောက်ခဲ့ပါသေးတယ်။ Teen Choice ဆုပေးပွဲမှာလည်း Justin’s Bieber ကအကောင်းဆုံးအမျိုးသားအနုပညာရှင်ဆုကို ရရှိသွားပါတယ်။ Selena ရဲ့ မွေးနေ့ပွဲကို ၂၀၁၂ ခုနှစ် Teen Choice ဆုရှင်ဖြစ်တဲ့ Taylor Swift နှင့်အတူ နာမည်ကျော် အနုပညာရှင် များလည်း တက်ရောက်ခဲ့ကြပါတယ်။



၂၀၁၂ ခုနှစ် Teen Choice ဆုရှင် Taylor Swiftနှင့်အတူ




ဓာတ်ပုံ- The sun, Selena facebook




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved