မြန်မာပြည်မှာ ထုတ်လုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း မှတ်တမ်းရုပ်ရှင်

Tuesday, July 24, 2012

ဒီနှစ်ဆန်းပိုင်းက လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်မှာ တွေ့ရတဲ့ မင်းထင်ကိုကိုကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်အကြောင်း မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စနေနေ့ကစပြီး စတင်ရိုက်ကူးနေပါပြီ။

အကျယ်ချုပ်ကလွတ်ပြီးတလအကြာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရိုက်ကူးခွင့်တောင်းခဲ့တာ နောက်ပိုင်းမှာ ခွင့်ပြုခဲ့တယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
ဒီလိုလွတ်မြောက်လာချိန်မှာပဲ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေး စိတ်ကူးရခဲ့လို့ ခွင့်တောင်းခဲ့တာပါ တဲ့။

သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မြင်ကွင်းတွေကိုလည်း မှတ်တမ်းတင်ခဲ့သူပါ။ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးတွေကိုလည်း လိုက်လံ မှတ်တမ်းယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တက်နေရတဲ့အတွက် မှတ်တမ်းရုပ်ရှင်အတွက် အချိန်ပေးနိုင်မှု သိပ်မရှိဘူး၊ ဒါကြောင့် မိနစ် ၉၀ ကြာမယ့် ဒီမှတ်တမ်းကားအတွက် ရိုက်ကူးချိန် ၂ နှစ် နီးပါး ကြာမယ်ဆိုတာ အံ့သြစရာ မရှိပါလို့ ဆိုပါတယ်။

ခေါင်းစဉ်မရွေးရသေးတဲ့ ဒီမှတ်တမ်းကား ထွက်လာရင် ပြည်တွင်းမှာ အခမဲ့ ဖြန့်မယ်၊ နိုင်ငံတကာရောက်ဖို့အတွက်တော့ ရုံတင်ရမလား၊ ရုပ်သံလိုင်းတွေက လွှင့်ရမလား ဆိုတာ စဉ်းစားကြရပါအုံးမယ် တဲ့။

အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ သတင်းအပြည့်အစုံကို irrawaddy.org/archives/9776 မှာ ဖတ်နိုင်ပါပြီ။

1

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved