ပြောချင်လို့ ပြောခဲ့တဲ့ ကိုကိုကြီးရဲ့ အင်တာဗျူးများ စာအုပ် ထွက်မယ်

Friday, August 24, 2012

~





အခုတလော ဆက်တိုက်ဆိုသလို အကျဉ်းထောင် အသီးသီးက ပြန်ထွက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ စာအုပ်တွေ ထွက်ရှိလာနေပါတယ်။

အခု နောက်ဆုံး ထွက်ရှိတဲ့ စာအုပ်ကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ " ပြောချင်လို့ ပြောခဲ့တာတွေ" ဆိုတဲ့ အကျဉ်းထောင်က ထွက်လာပြီး ၃ လ အတွင်း ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ အင်တာဗျူးထားတာတွေကို ပြန်လည်စုစည်းပြီး အပိုင်း (၁) အနေနဲ့ ထွက်ရှိမှာဖြစ်ပါ တယ်။

စာအုပ်ကိုတော့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း ဘောက်ဘလောက်က Home ( House of Media & Entertainment ) ကနေ လာမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာ စတင်ဖြန့်ချီမှာလည်း ဖြစ်ပါတယ်။
သြဂုတ်လ ၂၈ ရက်နေ့ကတော့ ၁၉၈၈ ခုနှစ်က သမဂ္ဂမြက်ခင်းပြင်မှာ ကျောင်းသား သမဂ္ဂ သမိုင်းသစ် ရေး ထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

ထိုနေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြန်လည် ပေါ်ပေါက်ရေး ကော်မတီ ကို ကြေညာခဲ့ပြီး ဥက္ကဌအဖြစ် ကိုပေါ်ဦးထွန်း ခေါ် ကိုမင်းကိုနိုင်၊ ဒု ဥက္ကဌအဖြစ် ကိုကိုကြီးနဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် ကိုမိုးသီးဇွန်တို့နဲ့ အတူ ဗဟို ကော်မတီ အမည်စာရင်းနဲ့ ကြေညာစာတမ်းကိုလည်း သမိုင်းဝင် ကြေညာနိုင်ခဲ့တဲ့ နေရက်ဖြစ်ပါတယ်။

ဒီစာအုပ်ကို စာပေစိစစ်ရေး တင်ထားခဲ့တာ ကြာပြီဖြစ်ပြီး မကြာသေးခင်ကမှ ပြန်ကျလာလို့ အခုထုတ်ဝေ မှု နောက်ကျသွားတာ ဖြစ်တယ်လို့ ဦးကိုကိုကြီးက ဧရာဝတီကို ပြောပါတယ်။ ဒီ စာအုပ်မှာ တော့ စာပေစိစစ်ရေးက ဆင်ဆာဖြတ်တောက်ခံခဲ့ရတာတွေ ရှိခဲ့ပါတယ် တဲ့။

နောက်ပိုင်း ဆက်လက်ထွက်ရှိမယ့် စာအုပ်တွေကတော့ ဆင်ဆာ မထိနိုင်တော့ဘူးလို့ သူက ဆိုပါတယ်။

အခု စာအုပ်မှာတော့ ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ အင်တာဗျူးများသာ ဖော်ပြထားနိုင်ပြီး နောက်ပိုင်း ဆက်လက် ထွက်ရှိမယ့်ြ
ပည်ပ အသံလွှင့်၊ ၀က်ဆိုက် သတင်းဌာနများနဲ့ ပြောခဲ့ဆိုခဲ့တဲ့ အင်တာဗျူးတွေနဲ့ နိုင်ငံရေး အမြင်ဆိုင်ရာ စာအုပ်တွေကိုတော့လည်း ထွက်ရှိဖို့ အစီအစဉ်ရှိတယ်လို့ ကိုကိုကြီးက ဆိုပါတယ်။


~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved