ဦးသိန်းစိန်ရဲ့ ဦးရွှေမန်းသို့ပေးစာ

Tuesday, August 21, 2012




သြဂုတ် ၂၀၊ ၂၀၁၂ ရက်စွဲနဲ့ ဦးသိန်းစိန် ပို့လိုက်တဲ့ သ၀ဏ်လွှာ ဖြစ်ပါတယ်။ အခြေခံဥပဒေခုံရုံး နဲ့ ပြည်သူ့လွှတ်တော်တို့အကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုနဲ့ ပတ်သက်တဲ့စာ ဖြစ်ပါတယ်။


သမ္မတထံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသို့ ပေးပို့သော သ၀ဏ်လွှာ


နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံးရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် များက ကျေနပ် လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများ အားလုံးအတွက် ထိခိုက်နစ်နာမှု အနည်းဆုံး
ဖြင့် သင့်မြတ်ပြီး တရား နည်းလမ်းကျသော ဆောင်ရွက် ချက်များ ဖြစ်လာစေရန် စေတနာ ကောင်းဖြင့် အကြံပြု ပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါကြောင်း။

ပထမအချက်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့် စပ်လျဉ်း၍ရှင်းလင်းပြန်ကြား လိုပါကြောင်း။

လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်သည်ဟု သတ်မှတ်ပြောကြားနေခြင်းနှင့် စပ်လျဉ်း၍ အဆိုပါကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့ တို့သည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စု အဆင့်နှင့် လျော်ညီသည့်
ငွေကြေး ကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့အစိုးရ အဖွဲ့အနေဖြင့် စီမံဆောင် ရွက်ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါကြောင်း။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း များနှင့် ညီညွတ်ရန်လို အပ်ပါကြောင်း။ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မ တီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ တွင် အကျုံးဝင်ခြင်း ရှိ/မရှိ တိကျ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဆို သည့် စကားရပ်ကို အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ တင် သွင်း မေးမြန်းခဲ့ခြင်း ဖြစ်ပါကြောင်း။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်သွင်း ခဲ့ခြင်းသည် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင် နှင့် အဖွဲ့တို့မှ အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး အတွက် သတ်မှတ်ချက်များနှင့်အညီ
ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

ဤကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချမှတ်ပြီးဖြစ်ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ် အတည်ဖြစ်ပါကြောင်း၊ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲ အဆင့်မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်း များအရ မည်သို့မျှ မဖြစ်နိုင်ပါသဖြင့် ဤကိစ္စအား အစိုးရအဖွဲ့အပေါ် နားလည်နိုင်မည် ဟု ယုံကြည်ပါကြောင်း။

ဒုတိယ အချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်မတိုင်မီ ၄င်းတို့၏ ဆန္ဒအလျှောက် တာဝန်မှ အနားယူစေရေး ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြန်ကြား လိုပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရန် အတွက်သာ အပ်နှင်းထား ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင် ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပေးအပ်ထားသော လုပ်ငန်းတာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက် ခဲ့ခြင်းအပေါ် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူသွားစေရေး အတွက် နိုင်ငံတော် သမ္မတက ဆောင်ရွက်မည်ဆိုလျင် ဥပဒေနှင့် ညီညွတ်မည် မဟုတ်သည့်အပြင် တရားမျှတမှုလည်း ရှိနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစ္စ ဖြစ်ပါကြောင်း။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥမဒေဆိုင်ရာ ခုံရုံးအဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ (၂) ဦးတို့မှ ရွေးချယ်၍ ပြည်ထောင်စုသည်ဥပဒေရေးရာ ကျွမ်းကျင်၍ နှစ်ပေါင်းများစွာ တရား စီရင်ရေး အတွေ့အကြုံရှိသူများ ဖြစ်သည့်အပြင် အချို့သော ပညာရှင်များသည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ရေးဆွဲရေး အတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ ကြသူများဖြစ်ပါကြောင်း။

ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာကိစ္စ အပေါ် အမှားမှား အယွင်းယွင်း သော်လည်းကောင်း၊ ဘက်လိုက် ၍ သော်လည်းကောင်း အဆုံး အဖြတ် ပေးကြမည့် ပုဂ္ဂိုလ်များ မဖြစ်နိုင်ဟု ယုံကြည်ပါကြောင်း။

မိမိအပါအ၀င် ပြည်သူ့ ကိုယ်စားလှယ်အားလုံးသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့် သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည် ဟု လွှတ်တော်ကျင်းပ စဉ်က ပြည်သူ့လွှတ်တော် သဘာပတိ၏ ရှေ့မှောက်တွင် ကတိသစ္စာ သို့မဟုတ် ကျမ်းသစ္စာ ပြုထားကြသူ များ ဖြစ်ကြပါကြောင်း။ သို့ဖြစ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေ ပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက် များ အရ မိမိအနေဖြင့် လိုက်နာရမည် ဖြစ်ပါကြောင်း။

မိမိတို့ နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးစ ကမ္ဘာ့အလယ်တွင် မျက်နှာ ပွင့်လန်းကာစ အခြေအနေတွင် သာ ရှိပါသေးကြောင်း။ သို့ပါ၍လက်ရှိ အခြေအနေတွင် ဤအငြင်းပွားမှု ပြဿနာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေး မဏ္ဍိုင်ကြီး (၃)ရပ်လုံးမှ အကောင် အထည် ဖော်နေသော ပြုပြင်ပြောင်လဲရေး လုပ်ငန်းစဉ်များ၏ အရှိန်အဟုန် လျော့နည်း ရပ်တန့် သွားခြင်း မရှိစေရန်နှင့် ပြည်သူ သန်း (၆၀)၏ မျက်နှာကို ထောက်ထား၍ လည်းကောင်း၊ မိမိတို့ မဏ္ဍိုင်ကြီး (၃)ရပ်၏ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရန်အတွက် လည်းကောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂)တွင် တရားဝင်
ပေးအပ်သည့် အခွင့်အရေးကို အသုံးပြုမည် ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်
ကောင်းမွန်မည် ဟု ယူဆပါကြောင်း။

သို့သော်လည်း ဤအဖွဲ့အစည်း နှစ်ခုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ် လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေး ချယ်နိုင်ခွင့် ရှိပါကြောင်း ပြန်ကြားပါကြောင်း။။။



4 comments :

  1. winzarny said... :

    သမ္မတကြီးကို အပြည့်အ၀ထောက်ခံတယ်။သမ္မတကြီးလုပ်စရာရှိတာ ဆက်လုပ်ပါ။ နိုင်ငံသား သန်း၆၀ရဲ့ ရှေ့ရေကသာပိုအရေးကြီးပါတယ်။ လွှတ်တော်ကကြံဖွတ်ကိုစာလှယ်တွေကို လုပ်ချင်တိုင်းလုပ်ခွင့်မပေးသင့်ပါ။ ခုံရုံးတာမရှိလို့တော့ ကြံ့ဖွတ်နဲ့ဦးရျွှေမန်းမိသာစု အတွက် လွှတ်တော်ဟာ နိုင်ငံရေးကစားကွင် လုံးဝကိုဖြစ်လာမှာ အသေအချာပဲ

  1. Anonymous said... :

    copy paste လုပ်ရုံလုပ်ထားတာဖြစ်တဲ့အတွက်..
    စာသားများအားလုံးပါဝင်အောင် ကူးဖို့လိုမည်ထင်ပါသည်။

  1. Unknown said... :

    လွှတ်တော်အမတ်အများစု၏ သဘောထားဖြင့် ဆောင်ရွက်ရသော လွှတ်တော်ဥက္ကဌကြီးအနေဖြင့် ၄င်းလွှတ်တော်အမတ်အများစုကို တင်မြှောက်ထားသော ပြည်သူများက လွှတ်တော်အားမိမိကိုယ်ရေးအတွက် အသုံးချသွားသော လွှတ်တော်အမတ်ဦးခင်ရွှေအား နှုတ်ထွက်ပေးရန် တောင်းဆိုမည်ဆိုပါက မည်သို့ဆောင်ရွက်ပေးမည်နည်းဟု သိလိုလှပါသည်။

  1. Unknown said... :

    လူနဲစုနှင့်လူများစုခေါင်းစဉ်းသာတပ်ပြီး စဉ်းစားကြည့်၇င်
    အဖြေကရှင်းနေပါတယ် ၊
    ဒြီပသနာဆိုတာ ဒွိဟအနက်ထွက်နေလို့ပေါ်လာတာပါ
    ဇစ်မြစ်ပြန်ကောက်ရင် ဘာကြောင့်နဲနေရသလဲ
    ဘာကြောင့်များနေရသလဲ ပြန်ဆန်းစစ်ရမှာဖြစ်တယ်
    နဲအောင်လုပ်လို့ရသလို များလာအောင်လဲဖန်တီးလို့ရတယ်
    ဖန်တီးရယူခြင်းထက် လူထုရဲ့ရှိရင်းစွဲဆနကနေပေါ်လာတဲ့
    အရည်အတွက်သာလျှင် တကယ်တန်းမှာ ပြသနာနဲပါးအောင်လုပ်နိုင်ပါတယ်
    CHECK AND BALANCE လုပ်တာလို့ ဆုံးဖြတ်ချက်အားထင်မြင်ယူဆပါတယ် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved