မြန်မာပြည်မှာ ကားဝပ်ရှော့ဖွင့်မယ့် ထိုင်းကုမ္ပဏီ

Thursday, August 9, 2012

คุณสุรีย์ภรณ์ อุดมผลวณิช
TSL အရာရှိ ဆူရီဖွန်

ထိုင်းနိုင်ငံရောက် ဥရောပကားတွေကို အထူးပြုပြင်တဲ့ SMRT က မြန်မာပြည်မှာလည်း ၀ပ်ရှော့လာဖွင့်တော့မယ်လို့ သိရပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ဖွင့်မယ် တဲ့။

ဒေါ်လာ တသန်း ရင်းနှီးမြှုပ်နှံမယ်လို့ ခန့်မှန်းထားပါတယ်။

ကားပြင်တာချည်းပဲ မဟုတ်ပါဘူး၊ ကားအလှဆင်တာလည်း ပါဝင်မယ် လို့ ဆိုတယ်။

ရန်ကုန်မှာ ဆောက်မယ့် သူတို့ ၀ပ်ရှော့က တရက်ကို ကားစီးရေ ၃၀ ၀န်ဆောင်မှု ပေးနိုင်တယ်၊ ထိုင်းဝပ်ရှော့ဆရာ ၄ ယောက်ကို အဲဒီမှာ တာဝန်ပေးမယ် တဲ့။

SMRT က ဥရောပကားတွေကိုပဲ အထူးပြုပြင်တယ် ဆိုပေမယ့် ချွင်းချက်အနေနဲ့ ဂျပန်ကားဆိုရင် Toyota အမျိုးအစား ကားတွေကိုလည်း ဆားဗစ်ပေးတယ်လို့ ဆိုတယ်။

ရန်ကုန်မှာ ကားသွင်းတဲ့သူတွေနဲ့ ချိတ်ပြီး မော်တော်ယာဉ်ပြင်ဆင်မွမ်းမံတာလည်း လုပ်မယ်လို့ ဆိုတယ်။

ဒီသတင်းက ဘန်ကောက်ပို့စ် စီးပွားရေးစာမျက်နှာက သတင်းဖြစ်ပါတယ်။

မြန်မာပြည်မှာ ပရော်ဖက်ရှင်နယ်ဝပ်ရှော့တွေ မရှိသေးဘူး၊ လမ်းဘေးဝပ်ရှော့တွေပဲ ရှိတယ်လို့ သတင်းအဆုံးမှာ ရေးထားပါတယ်။

ဒီလို မြန်မာပြည်ကိုသွားမယ့်ခြေလှမ်းဟာ သူတို့ရဲ့ ပထမဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှု ဖြစ်လာမှာပါ။

AEC လို့ ခေါ်တဲ့ လာမယ့် ၂၀၁၅ အာဆီယံဘုံဈေးကွက်အတွက် ကြိုတင်ပြင်ဆင်တာပါ လို့ SMRT ရဲ့ မိခင်ကုမ္ပဏီ TSL က ဆိုပါတယ်။

TSL က ကမ္ဘာတလွှား ဇိမ်ခံကားတွေကို ထိုင်းနိုင်ငံထဲတင်သွင်းတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

မြန်မာပြည်ထဲကိုဝင်တဲ့ ထိုင်းမော်တော်ယာဉ်ဆိုင်ရာကုမ္ပဏီတွေထဲမှာ
TSL ဟာ ပထမဆုံး ဖြစ်လာမှာပါ။

"သိပ်မကြာခင်မှာ မြန်မာပြည်ထဲကို ရင်းနှီးမြှုပ်နှံတာတွေ သွားကြလိမ့်မယ်လို့ ယူဆရတယ်။ ယဉ်ကျေးမှုချင်းလည်း ကျမတို့နဲ့ မြန်မာတွေနဲ့ တူကြတယ်။
အိမ်နီးချင်းဖြစ်တဲ့ ကျမတို့က တခြားနိုင်ငံတွေထက်စာရင် မြန်မာဖောက်သည်တွေကို ပိုပြီး နားလည်ပါတယ်" လို့ TSL အရာရှိ ဆူရီဖွန် အူဒုံဖွန်ဝမ်းနစ်က ဆိုပါတယ်။

မူရင်းသတင်းက ဒီလိုပါ -


TSL tests Myanmar auto service waters

Published: 28/07/2012 at 02:53 AM
Newspaper section: Business

TSL, the premium car import specialist, yesterday announced its expansion into Myanmar, its first international investment, starting with integrated automotive maintenance and body repair service.

Investing directly in Myanmar will prepare it for the Asean Economic Community in 2015, said Sureeporn Udompolvanich, the chief executive of TSL Auto Corporation, the independent importer of luxury car brands worldwide.

"Opening up of the regional free trade area is very positive for TSL in terms of labour, logistics, vehicles and parts," she said.

TSL will become the first automotive business from Thailand to enter the market in Myanmar.

Myanmar charges foreign-owned companies no corporate income tax for five years, extendable every three years to attract foreign investment.

Myanmar also has more abundant resources than Thailand, which could be used in the production of auto parts, she added.

"We expect development and investment will flock to Myanmar in the near future. As a neighbour, we hope to have an edge over other countries in understanding Myanmar consumers due to our close cultures," said Ms Sureeporn.

TSL will introduce a car maintenance and body repair service as its starting business in Myanmar by year-end.

SMRT, a well-known maintenance service in Thailand among premium car importers, will be brand-registered in Myanmar to handle car maintenance and body repair service.

The investment cost for SMRT is about US$1 million, with TSL investing 40% and local partners 60%.

Other services will include car window film, tyres, spare parts, lubricating oil and car decoration items.

The SMRT workshop will be built on 1.5 rai of land in central Yangon, with six hoists to serve 30 vehicles per day. Four trained mechanics and technicians from Thailand will be stationed there.

SMRT will service all brands of used European cars, but Toyota will be the only Japanese brand.

The company will make deals with car importers in Myanmar to provide maintenance to their customers.

Today no professional workshops operate in Myanmar, with small roadside garages the norm.

Ms Sureeporn said SMRT hopes to break even in Myanmar in two years on the back of monthly revenue of 3 million baht.

"The automotive import market in Myanmar is rather vast, and premium car users are also numerous, as the mechanics tend to have poor skills, so this is a business opportunity for TSL," she added.

3 comments :

  1. Anonymous said... :

    အထင်မကြီးဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပစ္စည်းတစ်ခုက သုံးလို့ ရသေးတယ်။ အဲ့ဒါကို မကောင်းတော့ဘူး ဆိုပြီး အမြဲတမ်း အစုံလိုက်ကို အသစ်လဲပစ်တယ်။ ပိုက်ဆံကို သောက်သောက်လဲ။ မြန်မာပြည်က လမ်းဘေး ၀ပ်ရှော့က သူတို့ ဆားဗစ်ထက်သာတယ်။ အကြောင်း မသိတဲ့ သူတွေဘဲ အထင်ကြီးမယ်။ ထိုင်းနိုင်ငံမှာ ၀ပ်ရှော့ ပေါင်းစုံရောက်ဘူးတယ်။ အထူးသဖြင့် နစ်ဆန်း ဆိုရင် လှည့်တောင်မကြည့်ချင်ဘူး။ ရိတ်လွန်းလို့ ။ ဘာဖြစ်လို့ ဘာဖြစ်မှန်းတောင် မသိကြဘူး။ ဆီယိုတာ ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး။ ဂီယာဘောက် မကောင်းလို့ ဆိုပြီး အစုံလိုက်လဲပစ်တယ်။ ဆက်ယိုနေတုန်းဘဲ နောက်တစ်ခု အစုံလိုက်လဲပစ်တယ်။ ဆက်ယိုနေတုန်းဘဲ။ ဘတ် 15,000 ပတ်ဝန်းကျင် ( ဒေါ်လာ 500) ခန့် လည်း ထွက်သွားပြီ။ ဒေါသတွေလည်း အတုံးလိုက်ထွက်နေပြီ။ ဆီမယိုအောင် ရအောင်လုပ် ၊ မပေးနိုင်တော့ဘူး လို့ ပြောတော့ မှ နောက်ဆုံး တွေ့ တယ်။ မူလီက သေးနေတယ်။ အဲ့ဒီ့ မူလီစုပ်တဲ့ အပေါက်မှာ နဲနဲအက်နေလို့ တဲ့ ။ မူလီ ကြီးတာနဲ့ ပိတ်လိုက်တော့ အခုထိ မယိုတော့ဘူး။ ဘယ်လောက် အသုံးမကျသလဲလို့ ။တကယ်က ဘတ် 100 လောက်ဘဲ ကုန်ရမှာ ။ အဲ့ဒါ နစ်ဆန်းက သူတို့ ပြောတဲ့ ပရော်ဖက်ရှင်နယ်တွေနော်။ ယူနီဖေါင်းအဖြူတွေမှာ စွန်းရာ တစ်ချက်မရှိဘူး။ BMW ကားဝပ်လျော့ကတော့ မဆိုးဘူး။ ဆိုလိုချင်တာက မြန်မာပြည်က လမ်းဘေးဝပ်လျော့က သူတို့ ထက်သာတယ်ဆိုတာဘဲ။ ဒီမှာ တစ်ခုခုဖြစ်ရင် ကုန်လိုက်တာ သောက်သောက်လဲ ။ကားတစ်ခုခုဖြစ်ရင်ရင်တုန်လာရော။ မြန်မာပြည်မှာ အဲ့ဒီ့လိုသာ ကုန်ရင် ဘယ်ကားမှ လမ်းပေါ်မှာ တွေ့ ရမှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် အထင်မကြီးပါ။

  1. Anonymous said... :

    စော်ကားတာ စော်ကားတာ ... မြန်မာပြည်သားတွေ ကားတွေကို ဘယ်လိုပြင်လဲဆိုတာ အရင်လာသင်ဦး၊ ဒင်းတို့လို ပစ္စည်းပျက်တယ်ဆိုပြီး အသစ်လဲ မထည့်ဘူး၊ ရအောင် ပြန်ပြင်ယူတာဟေ့

  1. minswe said... :

    သူလေးနဲ့ ဆိုလူဘဲပြင်ချင်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved