ပအိုဝ်းအဖွဲ့ နဲ့ အစိုးရတို့ သုံးလအတွင်း ဗဟိုအဆင့်ဆွေးနွေးမယ်

Monday, August 27, 2012



~




ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ စနေနေ့က တောင်ကြီးမှာ ဆွေးနွေး ညှိနှိုင်းကြပါတယ်။

လာမယ့် ၃ လ အတွင်း ဗဟိုအဆင့်ဆွေးနွေးပွဲ အစပြုဖို့ သဘောတူလိုက်ကြတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ရေးထားပါတယ်။

သဘောတူညီချက်တွေထဲက တခုမှာတော့ "သတင်းမီဒီယာကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရန်" လို့ တွေ့ရမှာပါ။

သူတို့တွေ မီဒီယာလုပ်ငန်း လုပ်ကိုင်ဖို့ဟုတ်ဟန်မတူပါဘူး။

ဆွေးနွေးခဲ့သမျှ မီဒီယာကို ချပြတဲ့အခါ ဘယ်အချက်တွေကိုပဲ ထုတ်ပြောနိုင်မယ် ဆိုတာတွေကို ရည်ရွယ်ဟန်တူပါတယ်။

မြန်မာ့အလင်းမှာ ဖော်ပြထားတဲ့ သတင်းကို ဒီမှာ http://4.bp.blogspot.com/--1DgSPlsfWI/UDr5GfWWBJI/AAAAAAAAMnE/ey-7O6daRXQ/s1600/555.jpg ဖတ်နိုင်ပါပြီ။




~

1 comments :

  1. Anonymous said... :

    ဧရာဝတီမှ တာဝန်ရှိသူများခင်ဗျား
    ကျနော် ဧရာဝတီ ဘလောဂ်ကို နေ့ စဉ်ဝင် ကြည့်ဖြစ်နေတဲ့ စင်္ကာပူက စာဖတ် ပရိတ်သတ် တယောက်ပါ။ တခြားဝဘ်ဆိုဒ်တွေ ၀င်ကြည့်ရင် ဘာမှ မဖြစ်ပေမယ့် ဧရာဝတီ ဘလောဂ်ကိုလာရင် အမြဲ Scroll down လုပ်မရတာတို့  website is not responding ဆိုမျိုး အမြဲဖြစ်ပါတယ်။ သူငယ်ချင်း နှစ်ယောက်လောက် စကားစပ်မိလို့ ပြောပြတော့ သူတို့ လည်း အဲဒီလို ဖြစ်ကြောင်းပြောပါတယ်။ ကြော်ငြာတွေကြောင့်လို့ ထင်ပါတယ်။ ပြုပြင်ချင်ရင် ပြုပြင်နိုင်အောင် အသိပေးတာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved