၈၈ ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အစီရင်ခံစာ ထွက်ပြီ

Monday, August 27, 2012

-



ဓာတ်ပုံ- ၈၈


၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက် က စုံစမ်းပြုစုထားတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာကို ဒီကနေ့ ဖြန့်ချီတော့မှာဖြစ် ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြိး ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီမှာ သတင်းစာရှင်းလင်းပွဲ တခုကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၃ ရပ်ကွက် ဝေဇယန္တာလမ်း အမှတ် ၂၈၄(က)မှာ ရှိတဲ့ ၈၈ မျိုးဆက်
ကျောင်းသားများရုံးခန်း၌ ပြုလုပ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ဘယ်လို ကိုက်ညီမှု ရှိတယ်၊ မရှိဘူးဆိုတာတွေနဲ့ လေ့လာစောင့်ကြည့်မှု မှတ်တမ်းများကို အခု ထုတ်ဝေမယ့် အစီရင်ခံစာ မှာ တွေ့ကြရမှာပါ။



-

1 comments :

  1. Anonymous said... :

ွှအမတန် အလုပ်လုပ်နိုင်တဲ၊့ လုပ်နိုင်စွမ်းရှိတဲ့ အဖွဲ့ ပါ။ ဒီလိုလူတွေ ဒို့ နိုင်ငံမှာရှိတာ ဂုဏ်ယူပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved