မိုးသီးဇွန်ရဲ့ ပြည်တော်ပြန် ခရီး

Saturday, September 1, 2012

ပြည်တော်ပြန် မိုးသီးဇွန် ၊ ဓာတ်ပုံ- Hla Maung Shwe

ရှစ်လေးလုံး ကာလ က ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌဟောင်းလည်းဖြစ်သူ မိုးသီးဇွန်၏ ယနေ့ စက်တင်ဘာလ ၁ ရက် နေ့ ပြည်တော်ပြန်ခရီးတွင် ကြိုဆိုသူများနှင့် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။


ရန်ကုန် လေဆိပ်တွင် ကိုမိုးသီးဇွန်နှင့် ၇ ဦးတို့ကို ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ နိုင်ငံကျော် လူရွှင်တော် ဦးဇာဂနာ တို့က လာရောက်ကြိုဆိုခဲ့ကြပါတယ်။ အထူးသဖြင့် တချိန်က လူ့ဘောင်သစ်ပါတီ ၀င်ဟောင်းများက လာရောက်ကြိုဆိုကြခြင်းဖြစ်သည်။

ကိုမိုးသီးဇွန်က လက်ရှိမြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် လိုအပ်သည့်နေရာများတွင် မည်ကဲ့သို့ ပူးပေါင်း ပါဝင်
ဆောင်ရွက်ရမည်များကို လေ့လာသွားမည်ဖြစ်ကြောင်း ရန်ကုန် သို့ မထွက်ခွါမီ ဧရာဝတီကို ပြောသည်။

"အထူးသဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတဲ့ နေရာမှာ အားလုံးပူးပေါင်း ပါ ၀င်ပြီး နိုင်ငံ ပြန်လည်တည်ဆောက်ရေးမှာ လက်တွဲ လုပ်ဆောင်နိုင်မယ့် ကိစ္စ အာဏာပိုင်တွေနဲ့ ဆွေးနွေးတဲ့ အခါ အဓိက ပြောဖြစ်မှာပါ"လို့ ကိုမိုးသီးဇွန်က ဆိုပါတယ်။

ယခု ခရီးစဉ်တွင် ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသား ဒေသများတွင် ငြိမ်းချမ်းရေးအမြန်ဆုံးဖြစ်ပေါ်အောင် တိုက်တွန်းသွားမည်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသည့် မြေယာသိမ်းဆီးမှုများနှင့်ပတ်သက်၍ လယ်သမား အများစု မြန်မာနိုင်ငံ၏ ကံကြမ္မာအတွက် လယ်သမားများအရေးလည်း ကာကွယ်ပေးသွားရန် အာဏာပိုင်များ ကို တိုက်တွန်းသွားမည်ဟု ဆိုပါတယ်။

4 comments :

  1. Anonymous said... :

    ကုတ်အကျီလေးဝတ်ပြီးပြန်ရောက်လာပြန်ပြီ။ အခုတော့သူမဟုတ်သလိုပဲနော်။ ကြိုတဲ့သူတွေကလည်း ကြိုကြပြန်ပြီ။ စိတ်ပိန်တယ်။

  1. Anonymous said... :

    တော်ပါ တန်ပါ လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်..ပျိုပျိုမေကို ချစ်ပါဘဲနဲ့ ယုံအောင်ချွဲတော့တယ်.... တူနယ် တယ်နယ်...

  1. UShinGyi said... :


    သူကနိုင်ငံရေးတောင် လုပ်ဦးမယ်တဲ့ ...
    အင်..ရင်လေးတယ် ။

  1. Anonymous said... :

    ဓါတ်ပုံတွေ သေသေချာချာလည်းကြည့်ကြပါအုံး... သူ့ကိုကြိုတာ သူ့လူ လက်တဆုပ်စာပဲရှိတယ်။ ကျန်တာက သတင်းထောက်တွေချည်းပဲ... မြန်မာပြည်အင်တာနက်မှာတော့ ချဉ်စော်နံသွားတာပဲ.. ဟဟဟ... ရှက်ဖို့ကောင်းပါတယ်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved