ကုမ္ပဏီအမှု လွှတ်တော်ပတ်ပြီ

Sunday, September 30, 2012


~


ရွက်စိမ်း ~

 
ဒဂုံမြို့သစ် (ဆိပ်ကမ်း၊ အရှေ့၊ တောင်) မြို့နယ် ၃ ခုမှာ ရှိတဲ့ လယ်မြေတွေကို ဒေသဖွံ့ဖြိုးရေး အကြောင်းပြပြီး ကုမ္ပဏီ(၁၅)ခုက သိမ်းယူထားတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ  ပြည်ထောင်စုလွှတ်တော်ရဲ့ ကော်မတီတခုကို ပို့ထားတယ်လို့ ရှေ့နေကိုဖိုးဖြူက ပြောပါတယ်။

လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်ကို ဒီလ ၁၂ ရက်နေ့က ပေးပို့ထားတာပါ တဲ့။

 ”တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားပါတယ်၊ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းတွေ ထိရောက်အောင်လို့ ဥပဒေရေးရာ ရူမြင်ချက်ကို ပေးပို့ပြီး တိုက်တွန်းတာပါ” လို့ ခရမ်းရောင် သာတူညီမျှဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေကိုဖိုးဖြူက ပြောပါတယ် ။

    ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းကနေဒီနေ့အချိန်ထိ ကုမ္မဏီ(၁၅)ခုက အကြောင်း အမျိုးမျိုးပြပြီး ဒေသခံတောင်သူလယ်သမား(၁,၀၈၅)ဦးရဲ့ လယ်တွေကို သိမ်းကြတာ ဧက (၁၀,၀၀၀)ကျော်ပါပြီ တဲ့။ ရွာပေါင်း ၉ရွာက လယ်မြေတွေလို့ ဆိုပါတယ်။

 သိမ်းကြတဲ့ ကုမဏီတွေ ထဲမှာ ရွှေဟိန်းထက်၊ အေးရှားဝေါလ်၊ ရွှေတောင်၊ ဂွဒ်ဘရားသား၊ အမျိုးသား ကြီးပွားတိုးတက်ရေး ၊ ဧဒင်၊ ယုဇန စတဲ့ ကုမဏီကြီးတွေ ပါဝင်ကြပါတယ် တဲ့။

    ၂၀၀၉ခုနှစ် မေလက မြို့နယ်နဲ့ ကျေးရွာ အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ လူကြီးများ၊ အမျိုးသားကြီးပွား တိုးတက်ရေး ကုမဏီရဲ့ မန်နေဂျာ ဦးလှမင်းတို့က  နစ်နာကြေး ပေးမယ်လို့ဆိုကာ တစ်ဧက ၃၂၅၀၀ ကျပ်နှုန်းနဲ့ ပေးပြီး လက်မှတ်ထိုးခိုင်းခဲ့တယ်၊ လယ်သမားများက သဘောမတူကြောင်းပြောတဲ့ အခါ မယူရင် မရရုံပဲရှိမယ်လို့ ပြောဆိုခဲ့တယ်၊  အဲဒီနောက်မှာ တော့ အတင်းအကျပ် လက်မှတ်ထိုးခိုင်းပြီး လယ်မြေတွေကို သိမ်းယူကြတယ်လို့ သိရပါတယ်။

 ပြည်ထောင်စုလွှတ်တော်ရဲ့  စုံစမ်းရေးကော်မရှင်ကို ပေးပို့တဲ့ တိုက်တွန်းချက်ထဲမှာတော့ နှစ်ဘက်လုံး ကျေနပ်ဖွယ်ရှိတဲ့ နည်းလမ်းတစ်ခုကို အဆိုပြုထားတယ်၊ အဲဒါကတော့  လုပ်ငန်းရှင်ကြီးများ၊ လယ်သမားများ၊ ထိုဒေသက လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် လယ်ယာမြေ ပြသာနာကို ဖြေရှင်းတဲ့နည်း ဖြစ်ပါတယ်။
                                               
-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved