ကချင်နဲ့ အစိုးရ ရဲ့ ရွှေလီဆွေးနွေးပွဲ ထူးခြားမှု မရှိ

Tuesday, October 30, 2012


ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ရဲ့  ပထမဦးဆုံးအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်းဟိုတယ်တွင် ယနေ့ ကျင်းပရာ သဘောတူညီချက် တစုံတရာ မထုတ်ပြန်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။ 

ဒါပေမယ့် ဆွေးနွေးပွဲတွေကိုတော့ ဆက်လုပ်သွားဖို့ ၂ ဘက် ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။ 

မြန်မာ အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဖြစ်တဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ က ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော ကိုယ်စားလှယ်တွေ ဆွေးနွေးကြတာမှာ စစ်ရေးနည်းနဲ့ မဟုတ်ဘဲ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးနိုင်မှာ သာ ရေရှည် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ အလွတ်သဘောပြောဆိုခဲ့ကြပါတယ်။ 

ဒါပေမယ့် ၂ ဘက်က စစ်ရေး ခေါင်းဆောင်တွေ ဒီပွဲမှာ မတက်ရောက်ခဲ့ပါဘူး။ ကချင်ဘက်လည်း ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်မှု မရှိခဲ့ပါဘူး။ အလားတူ မြန်မာ စစ်တပ်ဘက်ကလည်း စစ်ဘက် ဆုံးဖြတ်ပေးမယ့် တာဝန်ခံသူ မတက်ရောက်ခဲ့ပါဘူး။ ဒါကြောင့် စစ်ရေး အရ ဘယ်လို အပစ်အခတ် ရပ်ဆဲရေး လုပ်ကြမယ် ဆိုတာ အခုဆွေးနွေးပွဲက မရှင်းလင်းခဲ့ပါဘူး။ 

ဒီကိစ္စ သတင်း အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာက သတင်းထောက် နန်းသီရိလွင် ရေးသား တင်ပြထားတဲ့ ရွှေလီငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး ဆိုတဲ့ သတင်းမှာ ဖတ်ရှု့နိုင်ပါပြီ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved