ဝါ၀ါဝင်း လယ်သိမ်းမှု နေပြည်တော်ထိ ချီတက် ဖော်ထုတ်မယ်

Monday, October 22, 2012

 ဆန္ဒပြ လယ်သမားများနဲ့ ရဲအရာရှိတချို့၊ ဓာတ်ပုံ- နန်းဆိုင်နွမ်/ ဧရာဝတီ



~နန်းဆိုင်နွမ်~ 

လှိုင်သာယာမြို့နယ်အတွင်းရှိ ၀ါဝါ၀င်း ကုမ္ပဏီမှ သိမ်းဆည်းထားသည့် လယ်ယာမြေပေါင်း ၁၀၀၀ ကျော် ကို ပြန်လည်ရယူလိုသည့် အတွက်အဆိုပါ လယ်သမားများသည် ယနေ့နံနက် ၁၀ နာရီမှ စကာ ဌာန ဆိုင်ရာမှ အကြောင်းမပြန်မချင်း ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။ 



လှိုင်သာယာမြို့နယ်အတွင်းရှိ အတွင်းပဒံ၊ကျွန်ကြီး၊ ကျွန်းလေးမှ ရွာသား ၇၀ ကျော်ခန့် စဉ့်အိုးတန်းလမ်း
နှင့် အနော်ရထာလမ်းရှိ ဆေးရုံအနောက်ဘက်တွင် လယ်ယာပြန်လည်ရရှိရေးအတွက် ဆန္ဒ ထုတ် 
ဖော်ကြောင်း သိရသည်။ 



အဆိုပါ ဆန္ဒပြမှုသည် မေ ၃၁ရက်မှ စတင်ပြီး ပြသခဲ့ကြောင်း ယခုအချိန်ထိ ၀ါဝါ၀င်း ကုမ္ပဏီနှင့် အာဏာပိုင်များ မှ လာရောက်ဖြေရှင်းခြင်းမရှိသည့်အတွက် နေပြည်တော်သို့သွားရောက်ကာ ဆန္ဒ ထုတ်ဖော်သွားမည်ကိုလည်း သိရသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved