တဆင့် အလှူအတွက် တဆင့် အမျှဝေခြင်း

Tuesday, October 30, 2012

~



 by Kyaw Thu

 ရွှေစင်စင်္ကြာ ဟူသောအမည်နာမသည် မြန်မာပြည်တွင်း ခရီးသွားလာနေကြသော ခရီးသွားမိဘ ပြည်သူ များအနေဖြင့် အကျွမ်းတဝင် ရင်းနှီးနေသော အမည်နာမ တစ်ခုဖြစ်ပေ လိမ့်မည်။ 

 ရွှေစင်စင်္ကြာခရီးသွားပို့ဆောင်ရေးလုပ်ငန်းသည် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းမှ  မော်တော်ယာဉ် များအားလုံး၏ ကားလက်မှတ်များအား (၁.၁ဝ.၂ဝ၁၂)နေ့မှ စ၍ (၁၉%) လျှော့ချကာ ခရီးသွား မိဘ   
ပြည်သူများ၏ ကိုယ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စ အဝဝများ အား အဆင်ပြေ လွယ်ကူ ချောမွေ့စွာ လှုပ်ရှား သွားလာ ဆောင်ရွက်နိုင်ရန် အဓိကထားရည်ရွယ်ကာတိုင်းပြည်၏ သယ်ယူပို့ ဆောင်ရေး ကဏ္ဍ တစ်ခုအား တစ်ထောင့် တစ်နေရာမှ ပါဝင်ကူညီဆောင်ရွက်လျှက်ရှိသည်။


 (၂၃.၁ဝ.၂ဝ၁၂)နေ့တွင် ကျရောက်မည်ဖြစ်သော ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေး လုပ်ငန်း၏ မွေးနေ့ အခါ သမယတွင်ထူးခြားသော လှူဒါန်းမှုတစ်ခုကို ပြုနိုင်ရန်အတွက် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော နာရေး ကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ အားဆက်သွယ် လာပါတော့သည်။ 

လှူဒါန်းမည့်ပစ္စည်းများအဖြစ် (၄၅)ယောက်စီးခရီးသည်တင်အဝေးပြေး Express ကားကြီး တစ်စီးနှင့်   
ကော့မှူးမြို့နယ်မှ ဆင်းရဲနွမ်းပါးသောမိသားစုများ၏ရေရှည်အကျိုးအတွက် ကူညီရန် မွေးမြူရေး “ဝက်”အကောင် (၂၅ဝ)ခန့် ဝယ်ယူရန် အတွက် ညီမျှသော သိန်းတစ်ရာ ကျပ်နှင့်အတူ၊ အဆိုပါ လှူဒါန်းမှုအား လက်ခံရယူပေးမည့် ပုဂ္ဂိုလ်မှာ အခြားသူမဟုတ်ချေ။

 

နေပြည်တော် လွှတ်တော် အစည်းအဝေး တက်ရောက်နေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဖြစ်ပေသည်။ 

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌဦးကျော်သူ၏ အဝေးမှစီမံခန့်ခွဲမှုဖြင့် လူထုခေါင်းဆောင်   
ဒေါ်အောင်ဆန်းစုကြည် ထံသို့ တွေ့ဆုံလှူဒါန်းခွင့်တောင်းခံကာ (၂၃.၁ဝ.၂ဝ၁၂) ရက်နေ့ ညနေ (၆) နာရီအချိန်တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် လှူဒါန်းမှုပြုရန် စီစဉ်ခဲ့ကြသည်။ 

ဦးကျော်သူမှာ နိုင်ငံရပ်ခြားတွင်ရောက်ရှိနေသောကြောင့် ဦးကျော်သူ ကိုယ်စား နာရေးကူညီမှု အသင်း (ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်နှင့်အတူ ရွှေစင်စင်္ကြာ အဖွဲ့သားများသည်  
ဒေါ်အောင်ဆန်းစုကြည်၏ လက်ဝယ်ထံသို့ အထမြောက်စွာ  ပြုလုပ်နိုင်ခဲ့သည်။

ရွှေစင်စင်္ကြာအဖွဲ့၏ မွေးနေ့အလှူ Express ကားကြီး လှူဒါန်းမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီလုပ်ငန်းတာဝန်များနှင့် အများပြည်သူတို့၏ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက်ရာတွင် လိုအပ်သလို အသုံးပြုနိုင်ရန်နှင့် ကော့မှူး မဲဆန္ဒနယ်ရှိ   ကျေးလက်  
နေပြည်သူလူထုများအတွက် တနိုင်တပိုင်“ဝက်”မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လှူဒါန်းမှုပြုခဲ့ခြင်း ဖြစ်ပေသည်။


နေပြည်တော်တွင် လှူဒါန်းမှုပြုခဲ့သည့်အပြင် မြို့တော်ရန်ကုန်တွင်လည်း ရွှေစင်စင်္ကြာအဖွဲ့သားများသည် အမျိုးသား သွေးလှူဘဏ်တွင် သွေးပုလင်းပေါင်း (၈၃) လုံးကိုလည်းဝမ်းမြောက် ဝမ်းသာ ပျော်ရွှင်စွာဖြင့် လှူဒါန်းမှုပြုခဲ့ကြပြန်သည်။ 

ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ လှူဒါန်းမှုများ  ပြုလုပ်နေသောပင်တိုင်  အလှူရှင်များ ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ရည်ရွယ်၍ သိန်း တစ်ထောင် ကျပ်တိတိ အား နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူမှ တဆင့် ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်သို့ လှူဒါန်းမှု ပြုခဲ့ပြီး နောက် ဒုတိယ အကြိမ်တွင်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တဆင့် ကော့မှူးမြို့နယ်ရှိ မိဘမဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း (၂) ကျောင်းသို့ ဆန်အိတ် (၄)   
ပြည် ဝင် အိတ်(၂ဝဝဝ) အိတ်အား လှူဒါန်းခဲ့ပါသည်။

ယခု တတိယ အကြိမ်တွင်လည်း နာရေး ကူညီမှု အသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ တဆင့် (၄၅) ယောက်စီး ခရီးသည်တင် အဝေးပြေး Express ကားကြီးတစ်စီးနှင့်   
ကော့မှူးမြို့နယ် မဲဆန္ဒနယ်ရှိ  ကျေးလက်နေ ပြည်သူလူထုအတွက် ရည်ရွယ်၍ တနိုင်တပိုင် မွေးမြူရေး လုပ်ငန်းများအတွက် ဝက်အကောင်ရေ (၂၅ဝ)ခန့် ဝယ်ယူ မွေးမြူနိုင်ရန် သိန်း (၁ဝဝ) ကျပ်တိတိအား   
ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်သို့ နာရေးကူညီမှု အသင်း (ရန်ကုန်) မှတဆင့် လှူဒါန်းမှုပြုခဲ့သည့် အတွက်တဆင့် အလှူဟူ၍ အမည်နာမ ခေါ်ဆိုလိုက်ကာ အများပြည်သူ အပေါင်းတို့ အားလည်း ယင်း တဆင့်အလှူပွဲအတွက်သာဓုခေါ်ဆိုနိုင်ရန် တဆင့်အမျှ ဝေလိုက်ရပါတော့သည်။ 







-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved