Sandy ဟာရီကိန်း မွှေနှောက်တိုက်ခိုက်နေ

Tuesday, October 30, 2012

 Sandy ဟာရီကိန်းကို ဂြိုလ်တုမှမြင်ရပုံ၊ ဓာတ်ပုံများ- Hurricane Sandy 
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့နဲ့ တ၀ိုက်ကို နာမည်ကျော် စန္ဒီ ( Sandy ) ဟာရီကိန်း မုန်းတိုင်းဟာ တနာရီကို မိုင် ၈၀ ကျော်နှုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အစောပိုင်းဟာ ဒီထက် လေတိုက်အားပြင်းထန်တယ်လို့ သိရပါတယ်။ 

လူဦးရေ သန်း ၆၀ ကျော်အတွက် စန္ဒီဟာရီကိန်း မုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထုတ်ပြန်ခဲ့ ပါတယ်။ အခုဆိုရင် လေကြောင်း၊ ရထား၊ ကား ခရီးစဉ်များ အားလုံးလို ပိတ်ပင်ရပ်ဆိုင်းထားပြီး မြို့သူ မြို့သားတွေကို နေအိမ် အပြင်ကို မထွက်ပဲ နေရန် နှိုးဆော်မှုများ ရှိကြောင်းသိရပါတယ်။ 

"ရထားတွေ မသွားရဘူး- ကားတေါ မသွားရဘူး- အလုပ်သမားတွေ အားလုံးပိတ်တယ်- အောပရိတ်ရှင်း ရှိတဲ့  လူနာတွေလဲ ရက်ချိန်းပြန်လုပ်ရတယ်- ရေတွေ ၀ယ်ထားရတယ်- ရထားလမ်းမှာ ရေ၀င်မယ် ဆိုပြီး နယူးယောက်မှာ သတိပေးထားလို့  ယ် ရထားမှ မထွက်ဘူး" လို့ နယူးယောက်မြို့နေ ကိုခိုင်အောင်ကျော် က ဧရာဝတီကို ပြောပါတယ်။ 


လမ်းမများပေါ်မှာတော့ သတင်းထောက်တွေပဲ ရှိနေပြီး သူတို့တွေကတော့ မုန်းတိုင်းသတင်းနဲ့ အခြေ အနေ၊ အပျက်အဆီး၊ ထိခိုက်မှုတွေကို အဆက်မပြတ် ပြည်သူကို အသိပေး ကြေညာနေပါတယ်။

စန္ဒီဟာရီကိန်း အဓိက ထိခိုက်မည့်နေရာကို ပြသထားပုံ

နယူးယောက်မြို့မှာလည်း မြန်မာတွေများစွာနေထိုင်ကြတာဖြစ်သလို လတ်တလော မြန်မာနိုင်ငံက စာရေးဆရာမ၊ နာရေး ကူညီမှု အသင်းက ဒေါ်သန်းမြင့်အောင်လည်း ရောက်နေပါတယ်။ စန္ဒီ ဟာရီကိန်း မုန်တိုင်းမြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

 Atlantic City လည်း ရေအောက်မြို့ဖြစ်လုပြီ

 ငါးမန်းတွေလည်း အခုလို ရေကူးနေတာ တွေ့ရတယ်

 ကမ်းနားဘက်က အိမ်တွေလည်း အခုလို လှိုင်းလုံးတွေက ထိုးကြိတ်ရန်မှုနေတာကို အံတုနေရ
တိုက်တွေလည်း ဒီလိုပြိုကျနေတယ်

 သတိပေးချက်တွေ ပြသထားတဲ့ ဓာတ်ပုံ

 နယူးဂျာစီမှာလည်း လူပေါင်း ၃ သောင်းခွဲ ကျော် လေဘေးဒုက္ခသင့်ခဲ့တယ်လို့ အစိုးရ က ကြေညာထား တယ်
 ဆာဖာသမားလည်း ကျောက်တုံးကို မြဲမြဲကိုင်ပြီး အံတုနေရတယ်

 
 ရေထဲ၊ လေထဲ ဒီလို ဖြစ်နေကြတယ်။ တချို့နေရာတွေ လျှပ်စစ်မီးပျက်ကုန်ပြီ

 ကရိန်းတွေလည်း ပြတ်ကျိုးကုန်တယ်

 အရေးထဲ ဓာတ်ပုံရိုက်ကောင်းနေသေးတယ်


 ကမ်းနားလမ်းမကြီးမှာလည်း ရေတွေ လွှမ်းပြီး ကျော်ခွလာနေတယ်

စန္ဒီ ဟာရီကိန်း မုန်းတိုင်းကြားက အသက်ရှင်လွတ်မြောက်လာသူတွေပြောတာလည်း နားထောင်ကြည့် ရအောင်။

 

1 comments :

  1. tayzaraung said... :

    စန္ဒီမုန်တိုင်းကျရောက်ရာဒေသအမေရိကန်နိုင်ငံ
    အရှေ့ဘက်ချမ်းကခုနျစ်ရက်သားသမီးတို့ကျမ္မာ
    ချမ်းသာကြပါစေ၊ဘေးရန်အပေါင်းကင်းဝေးကြ
    ပါစေကြောင်းမြန်မာနိုင်ငံမှမေတ္တာပို့သအပ်ပါ
    သည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved