ကမ္ဘာ့ဘဏ်အစီအစဉ်ကို ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းများ စိုးရိမ်

Thursday, November 8, 2012


~






ရွက်စိမ်း

 
ပြီးခဲ့တဲ့နိုဝင်ဘာ(၁)ရက်နေ့က   မြန်မာနိုင်ငံကို အကူအညီပေးတဲ့အနေနဲ့ CDD စီမံကိန်းကို ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က အတည်ပြုခဲ့ပါတယ်။

၁၈ လကြာ ကြားဖြတ်နည်းဗျူဟာ နဲ့ မြန်မာ နိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုမို အားကောင်းလာဖို့အတွက် ဆောင်ရွက်မဲ့ အစီစဉ်တွေထဲမှာ CDD  ဆို တဲ့ မြို့နယ်ဒေသတွေ အထူးသဖြင့် ဖွံ့ဖြိုးမှုနိမ့်တဲ့ နေရာများကို အကူအညီပေးနိုင်ဖို့သန်း ၈၀ ကို ပြန်ဆပ်စရာမလိုဘဲ ပေးမှာဖြစ်ပါတယ်။

ဒါပေမယ့် အခုလို ငွေတွေကို မြန်မြန်ဆန်ဆန် ပေးလာတဲ့အပေါ်မှာ ပြည်တွင်းမှာရှိ တဲ့ အရပ် ဘက်အဖွဲ့အစည်းများနဲ့ တွေ့ဆုံညှိနိုင်းတာတွေမရှိ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ့် နေရာတွေကို လည်း ရှင်းလင်းတိကျစွာ မသိရှိရတဲ့အပေါ်မှာ စိုးရိမ်စရာတွေ ရှိနေတယ်လို့ အရပ်ဘက် အဖွဲ့အစည်း(၂၀)ကနေ   ၆ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


 
“ကမ္ဘာ့ဘဏ်ကလုပ်တဲ့ project တွေဟာ လူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းမှု မရှိဘူး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ် ဆိုရင် ဒါကို ရပ်တန့်အောင်လို့ပြန်ပြီးလုပ်လို့ရတယ်လို့ ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေကို  ခိုက်ခံပြီးတော့မှ ပြင်ရမှာကို မလိုလားပါဘူး။ အခုလုပ်မဲ့ လုပ်ငန်းတွေ ပိုပြီးတော့ ပွင့်လင်း မြင်သာမှုရှိအောင် လို့ ကျွန်တော်တို့က ဒါကို ပြန်ပြီးစဉ်းစားနိုင်ဖို့ နဲ့  ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး လူထု အခြေပြု အဖွဲ့အစည်း တွေ နဲ့ ကျယ်ပြန့်စွာ တွေ့ဆုံညှိနှိုင်းဖို့ကမ္ဘာ့ဘဏ်က တာဝန်ရှိသူတွေကို တောင်းဆိုတာဖြစ်ပါတယ်” လို့  သတင်းစာ ရှင်းလင်းပွဲမှာ အဖွဲ့အစည်း ၂၀ ကို ကိုယ်စားပြုပြီး ကိုသက်ဆွေဝင်းက ပြောပါတယ်။ 

 
ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့မှုသတင်း

  ဝေဖန်သူတချို့ကတော့ -
-     ကမ္ဘာ့ဘဏ်ကြောင့် မြန်မာပြည်မှာ  လုပ်ငန်းရှင်ကြီးတွေပဲ အကျိုးအမြတ်တွေ ပိုများလာမှာ စိုးရိမ်တယ်။ လောလောဆယ်  အခြေခံလူတန်းစားတွေ အတွက်ကတော့ အခုလို ၀င်ဝင်ခြင်းမှာ လမ်းခင်းတဲ့သဘောလောက်သာ ဖြစ်နေပါတယ်

-     ဒါကိုတောင်ပွင့်လင်းမြင်သာမှုမရှိတဲ့ပုံစံမျိုးတွေနဲ့ ဆိုတော့ ပြည်တွင်းက နားလည်သိရှိသူတွေက ဆင်ခြင်မိကြတာလည်း ဖြစ်ပါတယ်။
စိုးရိမ်စရာ ဆိုတာက မြန်မာပြည်ကို ၀င်လာတဲ့ အကူအညီတွေကို ထိရောက်အောင် အသုံးမချနိုင်တာ နောက် လာဘ်စားမှုတွေက နေရာတိုင်းမှာရှိနေတာကြောင့်
အတွက်ပါ

- ဒီငွေတွေကို ရွာပေါင်း ၆၀၀ ကျော်မှာ အသုံးပြုသွားမယ် ဆိုပေမယ့် ဘယ်လိုနေရာဒေသတွေလဲ ဆိုတာကိုလည်း မသိရှိရသေးပါဘူး။ CDD program ရဲ့ သဘောကတော့
ငွေကို အသုံးပြုသွားမဲ့ ကျေးရွာ တွေမှာ ရှိတဲ့ ကျေးရွာလူထုရဲ့ လိုအပ်ချက်ကို အရင် သိရှိအောင် လုပ်ရမှာပါ။
အဲဒီ လိုအပ်ချက်တွေအပေါ်မှာ မူတည်ပြီးတော့ အကူအညီ ပေးသွားရမှာဖြစ်ပေမဲ့ အခုအစီစဉ်မှာ ဒါမျိုးတွေကို လုပ်မထားပါဘူး။
ကမ္ဘာ့ဘဏ်က သူ့ရဲ့မူဝါဒကို သူကိုယ်တိုင် ပြန်လည် ချိုးဖောက်တဲ့ သဘော ဖြစ်နေတယ်

စသဖြင့်  ပြောနေကြပါတယ်။

 
























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved