စင်္ကာပူကျွန်းသားတွေက ကမ္ဘာမှာ စိတ်ခံစားမှု အကင်းမဲ့ဆုံး ဆိုပဲ

Monday, November 26, 2012


စင်ကာပူနိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ ခံစားချက် အကင်းမဲ့ဆုံးဖြစ်တယ် တဲ့။ 

ဒီကျွန်းနိုင်ငံလေးပေါ်မှာရှိတဲ့ အပြိုင်အဆိုင်ယဉ်ကျေးမှုက စင်ကာပူတွေဟာ ကမ္ဘာပေါ်မှာ ခံစားမှု အကင်းမဲ့ဆုံးဖြစ်တယ်ဆိုပြီး စစ်တမ်းတခုအရ သိရှိရကြောင်း သတင်းတွေမှာ ရေးထားတာပါ။
 ဓာတ်ပုံ- nation.com.pk
“စင်ကာပူသားတွေဟာ နေ့စဉ်အခြေခံ ဘ၀ပေါ်မှာ ခံစားမှုမျိုးကိုမှ ဖော်ပြတဲ့နေရာမှာ ကမ္ဘာပေါ်မှာ ခံစားမှု အကင်းမဲ့ရှိဆုံးဖြစ်ပုံရတယ်” လို့ အမေရိကန် အခြေစိုက် သုတေသန စစ်တမ်း ကောက်ယူမှု အဖွဲ့တခုရဲ့ အစီရင်ခံစာက ဆိုပါတယ်။ 

အဆိုပါ စစ်တမ်းကောက်ယူတဲ့ အဖွဲဟာ နိုင်ငံပေါင်း ၁၅၀ ထက် မနည်းကို လိုက်လံ စစ်တမ်း ကောက်ယူမှု ၃ နှစ်တာ လုပ်ဆောင်ခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ ထိုကဲ့သို့ ဖော်ပြထားတာပါ။

ဖိလစ်ပိုင်တွေကတော့ ကမ္ဘာပေါ်မှာ စိတ်ခံစားမှု အရှိဆုံး အဖြစ် စစ်တမ်းအရ ထွက်ပေါ်လာပြီး ထိပ်ဆုံး
နိုင်ငံများ စာရင်းမှာ လက်တင်အမေရိက နိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူမီဒီယာတွေမှာတော့ ဒီစစ်တမ်းရလဒ်ကို တုံ့ပြန်ချက်တွေ အများအပြား တွေ့ကြရမှာပါ။  


“ဘယ်နေရာမှာ ရယ်ရယ်မောမောနေဖို့ အချိန်ရမှာလဲ၊ အိပ်ရာထ၊ ရထားမီဖို့၊ နေရာရဖို့၊ နေလယ်စား စားဖို့၊ ရထားပေါ် ခုံရ ဖို့၊ ဆင်းဖို့၊ ရထားမီပြီး အိမ်ပြန်ဖို့ ဒါတွေနဲ့ပဲနေ့စဉ် လုံးပန်းနေရတာ” လို့ Edward Alexzandra Peters ဆိုသူက သူ့ဖေ့စ်ဘုတ်မှာ ရေးထားတယ်။ 

Kok Leong ဆိုသူကလည်း “စင်ကာပူမှာ နေထိုင် အသက်ရှင်နေရတာ အရမ်းကို စိတ်ဖိစီးမှု များလွန်းတယ်၊ ငါတို့ စိတ်က လည်း ငွေ၊ ငွေ၊ ငွေပဲ တချိန်လုံး ဖြစ်နေတယ်။ ဘယ်လို ရှင်သန်မလဲ၊ မိသားစု ဘ၀ ဘယ်လိုမြှင့်တင်မလဲ၊ အခွန် ကိစ္စ၊ စ သဖြင့် စသဖြင့် ဒီမှာတော့ လွတ်လပ်မှုဆိုတာ ဘာတခုမှ မရှိဘူး”လို့ ရာဟူး စင်ကာပူမှာ ဝေဖန်မှတ်ချက်ပေးပါတယ်။ 

ဝေဖန်သူတဦး ရာဟူးမှာ ရေးထားတာက “ငါတို့မှာ အရာအားလုံး ရှိတယ်။ ဒါပေမယ့် ဘာမှ မရှိသေး သလိုဘဲ၊ ဒီနိုင်ငံမှာ ဘယ်သူမှ လူပီသအောင် ရူးရူးမိုက်မိုက်မနေနိုင်ဘူး။ ငါတို့မှာ ဖြစ်တည်မှုဆိုတာ မရှိသလောက် ဆိုရုံ လေးရယ်။ အစိုးရနဲ့ပတ်သက်ပြောရမယ်ဆိုရင် ငါတို့ဟာ တကယ်တော့ ဘာမှ မဟုတ်ဘူး။ စာရင်းဇယားတခုထက် ပိုတယ် ဆိုရုံလေးဘဲ” လို့ ဆိုပါတယ်။ 

နောက်ထပ် ဝေဖန်ရေးသားသူတဦးကလည်း “ကမ္ဘာပေါ်မှာ စင်ကာပူတွေဟာ စိတ်ခံစားမှု အကင်းမဲ့ဆုံး ဘယ်လိုဖြစ် လာတာလဲ၊ သူတို့ဟာ နေ့စဉ်ဘ၀ကို ဘယ်အချိန်မှာ ထုတ်ပြောကြလဲ? ငါလည်း မစဉ်းစား တတ်တော့ဘူး” လို့ ရေးပါတယ်။ 

ဒီကိစ္စ စစ်တမ်းကောက်တဲ့အဖွဲ့က ဆိုတာကတော့ အသက် ၁၅ နှစ်နဲ့ အထက်ရှိတဲ့ လူပေါင်း ၁၀၀၀ လောက်ကို နိုင်ငံ တခု ချင်းစီမှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ကြား နှစ်စဉ် စစ်တမ်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

2 comments :

  1. Shin Yin said... :

    Perhaps, it is true.

  1. Anonymous said... :

    ရဿစာပေ ဖတ်ဖို့၊ တရားနာဖို့ တရားထိုင်ဖို့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လေကန်ဖို့ စိတ်ရွက်လွှင့်ဖို့ ရုပ်ရှင်လေးကြည့်ပြီး ငိုဖို့ရယ်ဖို့ အချိန်မရှိတဲ့ဘ၀မှာ နှလုံးသားဟာ ကျွတ်ဆပ်မာကြောပြီး လူဖြစ်ရကျိုးနပ်တဲ့ဘ၀လို့ မဆိုနိုင်ပါဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved