မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ၀တ်စားဆင်ယင်မှု ဆိုတာ ဘာလဲ (၁)

Tuesday, November 13, 2012



~ အိမ့်သံစဉ် ~ 

ပြန်ကြားရေး ၀န်ကြီးဌာက စာနယ်ဇင်း ကောင်စီကို နိုဝင်ဘာလ ၉ ရက်နေ့က သတိပေးစာ တစောင် ထွက်ပေါ်လာခဲ့ပါတယ်။ 

အဲဒီသတိပေးစာမှာ ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သော အမျိုးသမီးပုံ များ ဖော်ပြနေ သော ကိစ္စနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ကိုက်ညီမှု မရှိသည့် ဖော်ပြနေ မှုများအပေါ် စာနယ်ဇင်း ကောင်စီအနေဖြင့် လိုအပ်သလို သုံးသပ်ဆောင်ရွက်နိုင်ရန် ပြန်ကြားရေး ၀န်ကြီး ဌာနက စာပေးပို့တာအပေါ် အတွေး စတွေ ၀င်ရောက်လာလို့ အခုလို ရေးသားလိုက်တာဖြစ်ပါတယ်။ 

မြန်မာ့ ယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ ၀တ်စားဆင်ယင်မှုဆိုတာကို ဘယ်ခေတ်ကာလက ၀တ်စားဆင်ယင်ပုံကို သတ်မှတ် ကြသလဲ ဆိုတာ အငြင်းပွားစရာ ဖြစ်မယ်ထင်ပါတယ်။ 

၂ ရာစု အစ ၆ ရာစုအလယ် ၉ ရာစု ပျူခေတ်က ၀တ်စား ဆင်ယင်မှုကို မြန်မာ့ ရိုးရာ ၀တ်စားဆင်ယင်မှု လို့ ခေါ်ဆိုရ မည်လား၊ သို့တည်း မဟုတ် ၁၁ ရာစု ပုဂံခေတ်က ၀တ်စားဆင်ယင်မှုကို မြန်မာ့ ရိုးရာ ၀တ်စား ဆင်ယင်မှုလို့ ခေါ်ဆိုရ မည် လားဆိုသည်တော့ ပညာရှင်တွေ ပြောဆိုတာ ပိုသင့်တော်မယ်ထင်ပါတယ်။ 

ပျူခေတ် ဒင်္ဂါး တခု၊ ဓာတ်ပုံ- antique-burma.blogspot.com

ပျူဆိုတာဟာ ရှေးမြန်မာလို့ လူအများ ပြောဆိုတာရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ ပျူ ခေတ်က အစပြု တယ်ဆိုရင် တော့ မြန်မာအစ ပျူ ကလို့ ဆိုစကား ရှိထားတဲ့အတိုင်း ပျူခေတ်က ၀တ်စား ဆင်ယင်ပုံ မှာ မြန်မာ့ ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုလို့ ခေါ်ရ မလားပါဘဲ။ 

ပျူခေတ်မှာ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ၀တ်စား ဆင်ယင်မှုမှာ အပေါ်ပိုင်း ပုခုံးသားအောက်အထိ ဗလာကျင်းပြီး ရင်လျား ထမိန်နှင့် ၀တ်စား ဆင်ယင်ဟန်ကို ဖတ်ဖူး မှတ်ဖူးခဲ့ပါတယ်။

ဒါမှမဟုတ် မြန်မာအစ ပုဂံက ဆိုပြီး ၁၁ ရာစု ပုဂံခတ် ၀တ်စားဆင်ယင်ပုံဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ ၀တ်စား ဆင်ယင်မှု ဆိုရင် ပုဂံခေတ် ၀တ်စားဆင်ယင်ပုံကလည်း အမျိုးသမီးတွေဟာ အလားတူ ရင်လျားနဲ့ ခါးသားပေါ်နေတဲ့ ၀တ် စား ဆင်ယင်မှုကို ရှေး ပုဂံ ကျောက်စာတွေ က တဆင့် သိမြင်နိုင်ပါတယ်။

ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိ ကူးပြောင်းလာတာနဲ့အမျှ ၀တ်စား ဆင်ယင်မှုတွေက တခတ်နဲ့ တခေတ် မတူကြပါဘူး။ 

ကုန်းဘောင်ခေတ် နန်းဟန် ၀တ်စားဆင်ယင်တဲ့ အမျိုးသမီးတွေဟာ ပါးလွှာတဲ့ ဇာကို ခါးထောက်၊ ရင်ကွဲ အပေါ်ဝတ် အင်္ကျီနဲ့ ထမိန်ကို အနားမိတ် အရှည် ၀တ်ဆင်ခဲ့ကြတာ သတိထားမိမယ် ထင်ပါတယ်။ 

နောက်တမျိုးကတော့ ရင်ဖုံး အပြည့် လက်ရှည်၊ လက်စက၊ ပွပွနဲ့ ထမီရှည်ကို ပတ်ပြီး ၀တ်တာမျိုးလည်း ခတ်စားခဲ့ပါသေးတယ်။ 

ဒါပေမယ့် မြန်မာတွေဟာ အစဉ်ပဲ ခေတ်နဲ့ အမီ နေထိုင် ၀တ်စားတတ်ကြပါတယ်။

ဒါကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုတာ တကယ်တော့ အလွန်ကျယ်ပြန့်တဲ့ ဘာသာရပ်ပါ။ မြန်မာ့ ယဉ်ကျေးမှု နဲ့ လျော်ညီတဲ့ ၀တ်စားဆင်ယင်မှုဆိုတာ ဘယ်ခေတ်က ၀တ်စားဆင်ယင်မှုကို ခေါ်ဆိုသလဲ ဆို တာ တကယ်ဆို ဆွေးနွေးပွဲတွေ လုပ်ဆောင်သင့်ပါတယ်။ 

အပိုင်း ၂ ကို ဆက်လက် ဖော်ပြသွားပါမည်။

2 comments :

  1. Anonymous said... :

    ပျူခေတ်က နောက်ကျသေးတယ် ကျောက်ခေတ် ပြန်သွားလိုက်။ အကောင်းဆုံးပဲ။ တစ်လကစတည်း ပုဂံဘုရားတွေ တည်တုန်းက အသိမ်းခံရတဲ့ မြေပိုင်ရှင်တွေ အတွက်လည်း လုပ်ပေးဖို့ တောင်းဆိုပါတယ်။

  1. Unknown said... :

    အရင် အစိုး ရ လက် ထ က် က ကိစ္စ ကို အခု မှ လာ တောင်း ဆို နေ တယ် ။ အင်္ဂလိပ် လက် ထက် မြန် မာ့  မြေ တွေ ကု လား သိမ်း သွား တာ ကျ တော့ ဘယ် သူ့ ဆီ တောင်း ဆို ရ မှာ လဲ။ ဘယ် သူ တွေ က တောင်း ဆို နေ လို့ လဲ ။အ မေ စု ရော ပြော ပေး မှာ လား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved