အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသားများလည်း ပါဝင်စို့

Saturday, November 24, 2012




ကြယ်ပြာ ~

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် စုပေါင်း လမ်းလျှောက်ပွဲ နဲ့  ဖျော်ဖြေပွဲတစ်ခုကို ရန်ကုန်မြို့မှာ ယခုလ၂၅ ရက် (တနင်္ဂနွေနေ့) မှာ ပြုလုပ် သွားရန် ရှိပါတယ်။ 



မနက် ၇ နာရီမှ စတင်ကာ မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာမှာဖြစ်ပြီးတော့ ကန်တော်ကြီး ပန်းခြံထဲမှာက ဖျော်ဖြေပွဲ ပြုလုပ်မှာပါ။ မန္တလေးမြို့နဲ့ မော်လမြိုင်မြို့တွေမှာလဲ ကျင်းပမှာဖြစ်တယ်။ 

"အိမ်တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသောကမ္ဘာဆီသို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသားများလည်း ပါဝင်စို့" ဆိုတဲ့ဆောင်ပုဒ်ကို အသုံးပြုသွားမှာဖြစ်ပြီး ၊ လမ်းလျှောက်လိုသည့် လူဦးရေအား အယောက် ၂၀၀ ခန့် သတ်မှတ်ထားပါတယ်။ 

ပါဝင်မယ့်သူတွေဟာ  လမ်းလျှောက်ပွဲဖြစ်မြောက်ရေးကော်မတီက ချမှတ်ထားတဲ့ လိုက်နာရမည့် စည်းကမ်းချက်များကို သိရှိကြောင်း လတ်မှတ်ထိုးရမှာပါ။ လမ်းလျှောက်ခွင့်  ကျောက်တံတား၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊  တာမွေ စတဲ့ မြို့နယ်ရဲစခန်းများကနေ ခွင့်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Gender Equality Network ၊ကချင်အမျိုးသမီးများငြိမ်းချမ်းရေး ကွန်ရက်၊Marie Stopes International ၊UNHCR စတဲ့ ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသမီးလူမှုအဖွဲ့အစည်းများ၊ INGO များ ပေါင်း ၂၃ ခု က စုပေါင်း 
ပြီးတော့ ယခုပွဲကိုပြုလုပ်တာပါ။ 

 မြန်မာနိုင်ငံမှာ အမျိုးသား၊အမျိုးသမီးဆိုပြီးတော့ ခွဲခြားဆက်ဆံနေခြင်းတွေကို ဆန့်ကျင်မဲ့ ၁၆ ရက်တာ လှုပ်ရှားမှု အစီစဉ်ရဲ့ ပထမဆုံးပွဲဖြစ်ပါတယ်။
~ နိုဝင်ဘာ ၃၀ - အရှေ့တောင် အာရှအမျိုးသမီးများနေ့၊
~ ဒီဇင်ဘာ၁ရက်တွင် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့၊~ ၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ ကျွန်စနစ် ဖျက်သိမ်းရေးနေ့၊
၃ ရက်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ 
~ ၁၀ ရက်နေ့တွင် ကမ္ဘာ့ လူ့အခွင့်အရေး နေ့တွေ မှာ လည်း ပွဲများကို နည်းအမျိုးမျိုးနဲ့ ကျင်းပသွားမှာပါ။ 

Gender Equality Network မှာ မဟန်နီက " ဒီ ၁၆ ရက်တာလှုပ်ရှားမှု ကိုခြုံကြည့်မယ်ဆိုရင် အမျိုးသမီး
တွေကို အကြမ်း ဖက်ခွဲခြားမဆက်ဆံဘဲ လူအခွင့်အရေးပေးဖို့တောင်းဆိုတာမျိုးပါ" လို့ပြောတယ်။ 

ကန်တော်ကြီးပန်းခြံထဲမှာလုပ်မဲ့ ဖျော်ဖြေပွဲမှာ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ လက်မှုပစ္စည်းတွေ၊ ထုတ်ကုန် ပစ္စည်းတွေ၊ စီမံကိန်းမှတ်တမ်းဓာတ်ပုံတွေနဲ့ ၎င်းတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအကြောင်းကိုပါ ပြခန်းတွေနဲ့ ခင်းကျင်းပြသသွားမှာပါ။ 

 မြန်မာနိုင်ငံမှာ ၁၉၉၇ ခုနှစ်ကတည်းက အမျိုးသမီးများအားနည်းမျိုးစုံနဲ့ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောစာချူပ် (စီဒေါ) ကို လက်မှတ်ထိုးခဲ့ပြီးဖြစ်သော်လည်း၊ အများပြည်သူများ သိရှိနားလည်ခြင်း နည်းပါး တာကြောင့် ယခုလို အမျိုးသမီး အဖွဲ့အစည်းတွေကနေ စုပေါင်းပြီးပွဲကျင်းပရခြင်းဖြစ်ပါတယ်။




















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved