~ အိမ့်သံစဉ် ~
ကုန်းဘောင်ခေတ် နောက်ဆုံး မင်းဆက် သီပေါ ဘုရင် လက်ထက် ၁၈၈၅ ခုနှစ်မှာ မြန်မာနိုင်ငံ တခုလုံး ဟာ ဗြိတိသျှ ကိုလိုနီလက်အောက်ကို ကျရောက်ခဲ့ပြီး မြန်မာနိုင်ငံကို အိန္ဒိယရဲ့ ပြည်နယ်ခွဲ တခု အနေနဲ့ အုပ်စိုးခဲ့ပါတယ်။
တကယ်တော့ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီးကတည်းက အောက်မြန်မာနိုင်ငံ တနင်္သာရီ တလျှောက် ဗြိတိသျှ လက်အောက်ကျရောက်ခဲ့ပြီး ၁၈၅၅ ခု အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ အပြီးမှာေ
တော့ မြန်မာပြည် အောက်ပိုင်းနဲ့ အလယ်ပိုင်းအထိ ဗြိတိသျှ ကိုလိုနီလက်အောက်ကျရောက်ခဲ့တာ သိကြပြီးဖြစ်ပါတယ်။
ဒါကြောင့်ပဲ အပူပိုင်းဒေသ မြန်မာတို့ရဲ့ ၀တ်စားဆင်ယင်မှုဟာ တပိုင်းအားဖြင့် အိန္ဒိယဟန် ရောထွေးနေ တာကိုလည်း မေ့ပစ်လို့ မရပါဘူး။
ထိုက တဆင့် လွတ်လပ်ရေး စစ်ကြိုခေတ် မြန်မာများရဲ့ ၀တ်စားဆင်ယင်မှုမှာ တောင်ရှည်ဝတ်၊ ထိုင် မသိမ်းနဲ့ ဟန်တွေဟာ နန်းဝတ် နန်းစားဟန် ရှိခဲ့ပေမယ့် နောက်ပိုင်း ၀တ်စား ဆင်ယင်မှုဟာ အနည်း ငယ် ရွေ့လျားလာခဲ့ပြီး ဗြိတိသျှ ဟန် ရောထွေး ယှက်တင် လာတာလည်း တွေ့ရပါတယ်။
နောက်ပိုင်း လွတ်လပ်ရေး ရပြီး ပါလီမန်ခေတ်တလျှောက် မြန်မာအမျိုးသမီးများ ၀တ်စားဆင်ယင်မှု နဲ့ ခေတ်မီပုံတွေ ဟာ တချိန်က သတင်းစာ၊ မဂ္ဂဇင်းတွေမှာ ထင်ဟပ်ပါတယ်။ အထူးသဖြင့် ထိုခေတ်က လှယဉ်ကျေးမယ်၊ ကိုယ် ကာယအလှမယ် စတဲ့ ဓာတ်ပုံတွေမှတ်တမ်းတွေအရ ထင်ထင်ရှား ရှား သိမြင်နိုင်ပါတယ်။
ဒါပေမယ့် ဆိုရှယ်လစ်ခေတ် ၀တ်စား ဆင်ယင်ပုံတွေမှာတော့ ပိုပြီး လုံလုံခြုံခြုံ ၀တ်စားလာတာကိုလည်း သတိထားမိပါတယ်။
ရှေးမြန်မာအမျိုးသမီးတွေ ၀တ်စားဆင်ယင်ပုံနဲ့ နှိုင်းယှဉ်ရင် အခု နောက်ပိုင်း ၀တ်စားဆင်ယင်မှုတွေက ပိုပြီး ယဉ် ကျေး လာတာလား၊ ဒါမှမဟုတ် ပိုပြီး ယဉ်ကျေးမှု နိမ့်ပါးသွားတာလား ဆိုတာတော့ မစဉ်းစား တတ်အောင်ဖြစ်မိပါတယ်။
ပါလီမန် ဒီမိုကရေစီခေတ်က မြန်မာအမျိုးသမီးအလှမယ်တွေရဲ့ နိုင်ငံတော်အဆင့် ပြိုင်ပွဲတွေက ဓာတ်ပုံ
ဟောင်းတွေ၊ မှတ်တမ်းဟောင်းတွေကို ပြန်လေ့လာတဲ့အခါမှာလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဘူး လို့ ပြောဆို ပြစ်တင်တာ မရှိခဲ့ဖူးပါဘူး။
တကယ်တမ်း ပြောကြစတမ်းဆိုရင် မြန်မာနိုင်ငံမှာ ဒေသတခုနဲ့ တခုကလည်း ၀တ်စား ဆင်ယင်ပုံချင်း မတူကြပါဘူး။ မန္တလေးနဲ့ အနီးတ၀ိုက်က ၀တ်စားဆင်ယင်မှုမှာဆို တမျိုး တဘာသာ၊ တခတ်ဆန်းပါတယ်။ တချိန်က ရွှေခြေချင်းနဲ့ ၀တ်စား ဆင်ယင်ပုံ၊ ဇာ ပန်းပေါက်နဲ့ ဘလောက်စ် အင်္ကျီတွေဟာတွေဟာ အထင်အရှားဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်ပုံတွေဟာ အပေါ်ပိုင်း ဗလာကျင်းခဲ့ရာက ရင်စေ့၊ ထိုကတဆင့် ရင်ကွဲ၊ ထိုက တဆင့် ရင်ဖုံး၊ ထိုကတဆင့် တဖြည်းဖြည်း ထမိန်ဝတ်ရာက စကပ်၊ စကပ်ဝတ်ရာ က ဘောင်းဘီရှည်၊ ဘောင်းဘီတို စသဖြင့် ပြောင်းလဲ ၀တ်စားဆင်ယင် လာကြပါတယ်။
အမျိုးသမီး တဦးရဲ့ တန်ဘိုးဟာ အ၀တ်အစားနဲ့ တိုင်းတာတာ မဟုတ်ပဲသူ့ရဲ့ ကိုယ်ကျင့်နဲ့သာ တိုင်းတာ သင့်ပါတယ်။
ဒီဘက်ခေတ် အမျိုးသမီးများရဲ့ဝတ်စားဆင်ယင်မှုမှာ တကယ်တော့ လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စားဆင်ယင် မှုကို ပိုပြီး နှစ်သက် လာတာတွေ့ရသလို ဒါကလည်း ဘ၀က ပေးတဲ့ အသိတရားကြောင့် ဖြစ်မယ်လို့ ပြောရ မလားဘဲ။
တချိန်က အမျိုးသမီးတွေရဲ့ ဘ၀ နေဟန်၊ ဘ၀ တန်ဘိုးနဲ့ ယခုခေတ် ဘ၀နေဟန် တန်ဘိုးတွေ ကွဲလွဲ လာကြပါတယ်။ တချိန်က အမျိုးသမီးတွေဟာ အိမ်မှုကိစ္စများနဲ့ အိမ်ထောင်ထိမ်းသိမ်းရတဲ့ ဘ၀ အခြေမှာ ပဲ လှောင်ပိတ်နေခဲ့ကြတာ များပါတယ်။
အခု ခေတ်မှာတော့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး စတဲ့ နယ်ပယ် အသီးသီးမှာ အမျိုးသမီးတွေက တထောင့်တနေရာက လောကအကျိုး သယ်ပိုး နေထိုင်လာကြ တာလည်း ဖြစ်ပါတယ်။
ဘ၀ အခြေအနေ ပြောင်းလဲလာတာနဲ့ အမျှ အမြင် လုံးဝ မရိုင်းပဲ လွတ်လပ် ပေါ့ပါးစွာ ၀တ်စားဆင်ယင်မှု ဟာ မြန်မာ့ ရိုးရာ ၀တ်စားဆင်ယင်မှုနဲ့ မလျော်ညီဘူးလို့ ပြောလို့ရပါ့မလား။
ဒါပေမယ့် မြန်မာစစ်အစိုးရများ ခေတ်က လူကြီးမင်းများကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ ၀တ်စားဆင် ယင်မှု ဆိုတဲ့ ကန့်သတ် တားမြစ်မှုတွေနဲ့ မြန်မာ့လူ့ဘောင်ကို အမှောင်ချထားခဲ့ပြီး နိုင်ငံရေး ကစားကွက်အဖြစ် အသုံး ပြုကြတာလည်းဖြစ်ပါတယ်။
တကယ်ဆိုရင် မြန်မာနိုင်ငံရဲ့ Elite ဆိုတဲ့ လူ့မလိုင်လွှာ လူတန်းစားတွေကပဲ အမြင်မတော် ၀တ်စား ဆင်ယင်တတ်ကြတာ နိုင်ငံသားတိုင်း သိကြပြီးဖြစ်မှာပါ။
ကျေးဇူးတင်ပါတယ်။
န၀တ၊ နအဖခေတ်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်လျော်တဲံ့ ၀တ်ဆင်မှုတွေကို စင်မြင့်ပေါ်မှာ မ၀တ်အောင် တင်းကျပ်စွာ တားမြစ်ခဲ့ပါတယ်၊ အဲ သူတို့ ရန်ပုံငွေပွဲတွေမှာတော့ မပေါ့တပေါ် ၀တ်ပြီး ကကြ ခုန်ကြတာတွေကို ခွင့်ပြုသဗျ။
မီဒီယာမှာ မလုံ့တလုံပုံတွေကို တိကျစွာ တားမြစ်သဗျ။ အဲ မြက်ခင်းသစ်ဆိုတဲ့ ထောက်လှမ်းရေးထုတ် အတင်းအဖျင်း ညစ်ညမ်း လစဉ်ထုတ်ကတော့ မြန်မာမိန်းကလေးပုံတွေသာမက ပြည်ပက ပုံတွေပါယူပြီး ထည့်သဗျ။
ဥပဒေက ၂-မျိုးဖြစ်နေခဲ့ဘူးတယ်၊ ဒါပေမဲ့ ဥပေဒစိုးမိုးရေး အမြှုတ်ထွက်အောင် ပြောနေသော သမတကြီးတို့ လွှတ်တော်ဥက္ကဌကြီးတို့ ဦးဆောင်သော ပြည်သူ့အရွေးချယ်ခံဆိုသော အစိုးရမင်းများ လက်အောက်မှာတော့ ဥပဒေသည် ကျောသား၊ ရင်သား၊ စစ်သား၊ ခရိုနီမခွဲခြား တစ်သားတည်းဖြစ်လိမ့်မည်လို့ ယုံကြည်မျှော်လင့်နေကြောင်းပါ။