ABSDF လည်း ရန်ကုန်ကို သွားပြီ

Tuesday, December 18, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ခေါ် ကျောင်းသား တပ်မတော် အဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၄ နှစ်ကြာပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၈ ရက်မှစတင်၍ မြန်မာနိုင်ငံသို့ သွားရောက်ပါပြီ။ 

၈ လေးလုံး နှစ်ပတ်လည်ပွဲက အမှတ်တရ ABSDF၊ ဓာတ်ပုံ- ABSDF ၀က်ဆိုက်

သီတင်း ၂ ပတ် ကြာမြင့်မယ့် ယင်းခရီးစဉ်ဟာ ယခုနှစ် ဇန်န၀ါရီလမှ စတင်၍ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက် မတ်လက ပဏာမအနေဖြင့် ကိုယ်စားများ ရန်ကုန်သို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ပထမ ဆုံး အကြိမ် ယခုလို သွားရောက်ခြင်း ဖြစ်ပါတယ်။ 

ခရီးစဉ်တွင် လက်ရှိ ဥက္ကဌ ဦးသံခဲ ဦးဆောင်၍ အဖွဲ့ဝင် ၉ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ ABSDF အဖွဲ့ မြန်မာပြည်လေ့လာရေးခရီးစဉ် သွားရောက်မည့် အချိန်သည် ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများအတွင်း ABSDF မြောက်ပိုင်း အဖွဲ့ဝင်များက KIA ဘက်မှ ကူညီတိုက်ခိုက်ပေးနေချိန် လည်း ဖြစ်နေပါတယ်။ ခရီးစဉ်နဲ့ပတ်သက်၍လည်း ကြေညာချက်လည်း ထုတ်ပြန်ထားပါတယ်။ 



1 comments :

  1. Anonymous said... :

    “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ခေါ် ကျောင်းသား တပ်မတော် အဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၄ နှစ်ကြာပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၈ ရက်မှစတင်၍ မြန်မာနိုင်ငံသို့ သွားရောက်ပါပြီ။” မြန်မာနိုင်ငံဆိုတာ ရန်ကုန်မြို့နှင့် နေပြည်တော်ကိုခေါ်တာလား ဧရာဝတီရယ်။ အခု ABSDF ကလည်း မြန်မာနိုင်ငံထဲမှာနေတာပဲလေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved