၅၁ နှစ်မြောက် ဦးကိုကိုကြီး မွေးနေ့ အမှတ်တရ

Tuesday, December 18, 2012



 ဓာတ်ပုံ- Ko Ko Gyi

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ၅၁ နှစ် ပြည့်ပါပြီ။  

ဦးကိုကိုကြီးဟာ သူ့ရဲ့မွေးနေ့တွေမှာ တခုခုအမှတ်တရ ဖြစ်စေတဲ့ မှတ်တိုင်တည်ဆောက်လေ့ရှိပါတယ်။ အကျဉ်းထောင်ထဲ အကျဉ်းစံ ဘ၀ အသက် ၄၀ ပြည့်နေ့မှာ စီးကရက် ကြိုက်တတ်တဲ့ ဦးကိုကိုကြီးဟာ စီးကရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်ခဲ့ပါတယ်။ 

အခု ၅၁ နှစ်မြောက်မွေးနေ့မှာတော့ ဦးကိုကိုကြီးအနေနဲ့ ဘယ်လို အမှတ်တရ ဖြစ်ရပ်မျိုး မှတ်တိုင် စိုက်ထူ မယ်ဆိုတာတော့ ကာယကံရှင်က အသိဆုံးဖြစ်ပါလိမ့်မယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved